Psalms 29
မြန်မာကျမ်းစာ · Tap a verse to see its cross-references.
1အိုဘုရား သခင်သား တို့၊ ထာဝရဘုရား သည် ဘုန်း တန်ခိုး ကြီးတော်မူသည်ဟု ဝန်ခံ ကြလော့။ 2ထာဝရဘုရား ၏ နာမတော် သည် ဘုန်းကြီး တော်မူသည်ဟု ဝန်ခံ လျက် ၊ သန့်ရှင်း သောတန်ဆာ ကို ဆင်၍ ၊ ထာဝရဘုရား ကို ကိုးကွယ် ကြလော့။ 3ထာဝရ ဘုရား၏ အသံ တော်သည် သမုဒ္ဒရာ ပေါ် မှာ ရှိတော်မူ၏။ ဘုန်းကြီး တော်မူသောဘုရား သခင် သည် မိုဃ်းချုန်း တော်မူ၏။ ထာဝရဘုရား သည် များစွာ သောရေ ပေါ် မှာ ရှိတော်မူ၏။ 4ထာဝရဘုရား ၏ အသံ တော်သည် တန်ခိုး နှင့် ပြည့်စုံတော်မူ၏။ ထာဝရဘုရား ၏ အသံ တော်သည် ဘုန်း အာနုဘော်နှင့် ပြည့်စုံတော်မူ၏။ 5ထာဝရဘုရား ၏ အသံ တော်သည် အာရဇ် ပင် တို့ကို ချိုး တော်မူ၏။ အကယ်စင်စစ်ထာဝရဘုရား သည် လေဗနုန် အာရဇ် တောကို ချိုး တော်မူ၏။ 6တောကို နွား သငယ်ကဲ့သို့ ၎င်း ၊ လေဗနုန် တော နှင့် စိရုန် တောကို ကြံ့ သငယ် ကဲ့သို့ ၎င်း ခုန် စေတော်မူ၏။ 7ထာဝရဘုရား ၏ အသံ တော်သည် မီး လျှံ ကို ခွဲ တော်မူ၏။ 8ထာဝရဘုရား ၏ အသံ တော်သည် တော ကို ချောက် ချားတော်မူ၏။ ထာဝရဘုရား သည် ကာဒေရှ တော ကို ချောက်ချား တော်မူ၏။ 9ထာဝရဘုရား ၏ အသံ တော်သည် သမင် ဒရယ် မတို့ကို မွေးဘွား စေတော်မူ၏။ တော တန်ဆာတို့ကိုလည်း ပယ်ရှင်း တော်မူ၏။ ဗိမာန် တော်၌ ခပ်သိမ်း သောသူ တို့ သည် ဘုန်းတော် ကို ဘော် ပြကြစေ။ 10ထာဝရဘုရား သည် မိုဃ်း သက်မုန်တိုင်းပေါ် မှာ ထိုင် တော်မူ၏။ အကယ်စင်စစ်ထာဝရဘုရား သည် အစဉ် အမြဲရှင် ဘုရင်အရာနှင့် ထိုင် တော်မူ၏။ 11ထာဝရဘုရား သည် မိမိ လူစု ကို ခိုင်ခံ့ စေတော်မူမည်။ ထာဝရဘုရား သည် မိမိ လူစု အား ငြိမ်သက် ခြင်း ကောင်းကြီး မင်္ဂလာကို ပေးတော်မူမည်။

Did you know?
The Voice of the Lord in the Storm
- The name Sirion used alongside Lebanon is the ancient Sidonian name for Mount Hermon. The poet depicts these towering northern mountain peaks leaping like young oxen at the sound of the Lord's thunderous voice.Sources: Sirion · the Bible text itself
- The psalm traces a storm sweeping across the entire land, moving from the celebrated cedar-covered mountain range of Lebanon in the far north to the arid wilderness of Kadesh on the southern border.Sources: Lebanon · Kadesh · the Bible text itself
Notes written with AI assistance from open sources (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, public domain) and reviewed before publishing.
Places in this chapter
- Lebanon · 33.540, 35.584 · verses 5, 6
- Mount Hermon · 33.400, 35.850 · verse 6
- Zin · Today: Zin Desert · 30.971, 35.325 · verse 8
Only places identified with high confidence are shown (90% or more according to the scholarly sources compiled by OpenBible). Period map: DARE (Digital Atlas of the Roman Empire), CC BY 4.0; modern map: © OpenStreetMap contributors; places: OpenBible.info (CC BY 4.0).
Credits and license for this translation
မြန်မာကျမ်းစာ The Holy Bible in the Burmese language of Myanmar, Judson version of 1840 Public Domain Language: ဗမာ (Burmese) Translation by: Adoniram Judson 2025-10-20
Source: http://ebible.org/myajvb/ · eBible.org