Nations Bible

Psalms 28

မြန်မာကျမ်းစာ · Tap a verse to see its cross-references.

1အကျွန်ုပ် ၏ ကျောက် ဖြစ်တော်မူသောထာဝရဘုရား ၊ ကိုယ်တော် ကို အကျွန်ုပ်အော်ဟစ် ပါ၏။ မ ထူးဘဲ နေတော်မ မူပါနှင့်။ မ ထူးဘဲနေတော်မူလျှင် ၊ အကျွန်ုပ် သည် သင်္ချိုင်းတွင်း ထဲသို့ ဆင်း သောသူ ကဲ့သို့ ဖြစ်ရပါမည်။ 2အကျွန်ုပ် သည် သန့်ရှင်း သောဗျာဒိတ် ဌာနတော်သို့ လက် ကိုချီ ၍၊ ကိုယ်တော် ကို အော်ဟစ် သောအခါ ၊ အကျွန်ုပ် တောင်း လျှောက်သော အသံ ကို နားထောင် တော်မူပါ။ 3အိမ်နီးချင်း ၏ အကျိုးကိုဖျက်ဆီး လို သော စိတ် နှလုံးရှိသည်နှင့် ၊ လောက ဝတ်စကားကို ပြော တတ် သောသူတည်းဟူသောဆိုးယုတ် သောအမှု၊ မတရား သောအမှုကို ပြု တတ်သောသူတို့နှင့်အတူ အကျွန်ုပ် ကို သွေးဆောင် တော်မ မူပါနှင့်။ 4သူ တို့ကျင့် သောအကျင့် ဓလေ့ဆိုးယုတ် သည် နှင့်အညီ ၊ အကျိုး အပြစ်ကို ဆပ်ပေး တော်မူပါ။ သူ တို့ ပြုမူ သည် အတိုင်း ဆပ်ပေး ၍ ၊ အပြစ် နှင့် အလျောက် စီရင် တော်မူပါ။ 5သူ တို့သည် ထာဝရဘုရား ၏အမှုတော် ကို၎င်း၊ လက် တော်နှင့်ပြုပြင် တော်မူရာကို၎င်း မ မှတ် ကြသောကြောင့် ၊ တည်ဆောက် တော်မ မူ၊ ဖြိုဖျက် တော်မူမည်။ 6ထာဝရဘုရား သည် မင်္ဂလာ ရှိတော်မူစေသတည်း။ 7ငါ တောင်း လျှောက်သောအသံ ကို နားထောင် တော်မူပြီ။ ထာဝရဘုရား သည် ငါ ၏ခွန်အား ဗလ၊ ငါ ၏ အကွယ် အကာဖြစ်တော်မူ၏။ ငါ့ နှလုံး သည် ထို ဘုရားကို ကိုးစား ၍ ၊ ငါ့ကို စောင့်မ တော်မူသောကြောင့် ၊ ငါ့ နှလုံး သည်ရွှင်လန်း လျက်ရှိ၏။ သီချင်း ဆိုလျက် ဂုဏ်တော်ကို ငါချီးမွမ်း မည်။ 8ထာဝရဘုရား သည် မိမိ လူစု၏ ခွန်အား ဗလ ဖြစ်တော်မူ၏။ အထံတော်၌ ဘိသိတ် ခံသောသူ ၏ ကယ်တင် ခြင်းအကြောင်းကို ခိုင်ခံ့ မြဲမြံစေတော်မူ၏။ 9ကိုယ်တော် ၏လူစု ကို ကယ်တင် ၍ ၊ အမွေ တော် ကို ကောင်းကြီး မင်္ဂလာပေးတော်မူပါ။ သူ တို့ကိုအုပ်ထိန်း ၍ ၊ ထာဝရ ချီးမြှောက် ခြင်းရှိစေတော်မူပါ။

Artistic illustration — an interpretation, not a historical record.

Did you know?

A Plea for Mercy and a Song of Trust

  • Lifting up hands toward the sanctuary was a customary ancient posture of earnest prayer in Israel, visibly demonstrating supplication, humility, and full dependence on God.Sources: the Bible text itself
  • The psalm transitions dramatically from a desperate plea for deliverance from death and judgment alongside the wicked to joyful thanksgiving, concluding with pastoral imagery where God is asked to shepherd and carry His people forever.Sources: the Bible text itself

Notes written with AI assistance from open sources (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, public domain) and reviewed before publishing.

Places in this chapter

  • Most Holy Place · Today: on Mount Moriah · 31.778, 35.236 · verse 2

Only places identified with high confidence are shown (90% or more according to the scholarly sources compiled by OpenBible). Period map: DARE (Digital Atlas of the Roman Empire), CC BY 4.0; modern map: © OpenStreetMap contributors; places: OpenBible.info (CC BY 4.0).

Credits and license for this translation
မြန်မာကျမ်းစာ
The Holy Bible in the Burmese language of Myanmar, Judson version of 1840
Public Domain
Language: ဗမာ (Burmese)
Translation by: Adoniram Judson
2025-10-20

Source: http://ebible.org/myajvb/ · eBible.org

Talk to us

Tell us where you read from, how the Bible has helped you, or what we could improve. We read every message.