Nations Bible

Psalms 30

မြန်မာကျမ်းစာ · Tap a verse to see its cross-references.

ဒါဝိဒ် သည်အိမ် တော်ကိုသန့်ရှင်း စေသောအခါ၊ အသံညှိ၍ဆို သောဆာလံ။

1အိုထာဝရဘုရား ၊ ကိုယ်တော် ကို အကျွန်ုပ် ချီးမွမ်း ပါမည်။ အကျွန်ုပ် ကိုဆယ်နှုတ် တော်မူ၏။ ရန်သူ တို့ သည် အကျွန်ုပ် အကြောင်း ကြောင့်၊ ဝမ်းမြောက် ရသောအခွင့်ကိုပေး တော်မ မူ။ 2အိုအကျွန်ုပ် ၏ ဘုရား သခင်ထာဝရဘုရား ၊ အကျွန်ုပ်သည် ကိုယ်တော် ကို အော်ဟစ် ၍ ၊ ကိုယ်တော်သည် ချမ်းသာ ပေးတော်မူ၏။ 3အိုထာဝရဘုရား ၊ ကိုယ်တော်သည် အကျွန်ုပ် ၏ ဝိညာဉ် ကို မရဏာ နိုင်ငံထဲက နှုတ် ယူတော်မူပြီ။ သင်္ချိုင်း တွင်း ထဲသို့ မဆင်း စေဘဲ၊ အကျွန်ုပ် ကို အသက် ချမ်းသာပေးတော်မူပြီ။ 4ထာဝရဘုရား ၏ သန့်ရှင်း သူ တို့၊ ထာဝရ ဘုရား ကို ထောမနာသီချင်း ဆိုကြလော့။ သန့်ရှင်း သောနာမ တော်ကို ချီးမွမ်း ကြလော့။ 5အမျက် တော်သည် ခဏ ထွက်၏။ ကျေးဇူး တော်မူကား၊ တသက်လုံး တည်၏။ ညဦး ယံ၌ ငိုကြွေး ခြင်းသည် လာ၍တည်းခို ၏။ နံနက် ယံ၌ ကား ၊ သီချင်း ဆိုရသော အခွင့် ရှိ၏။ 6ငါသည် လှုပ်ရှား ခြင်းနှင့် အစဉ် ကင်းလွတ် လိမ့်မည် ဟု ကောင်းစား စဉ်အခါ အကျွန်ုပ်အောက်မေ့ ပါ၏။ 7အိုထာဝရဘုရား ၊ ကျေးဇူး တော်အားဖြင့် သာ အကျွန်ုပ် ၏တောင် သည် ခိုင်ခံ မြဲမြံပါ၏။ မျက်နှာ လွှဲ တော်မူ သောအခါ ဆင်းရဲ ခြင်းသို့ ရောက် ပါ၏။ 8အိုထာဝရဘုရား ၊ အကျွန်ုပ် သည် အသက် ဆုံး၍၊ 9သင်္ချိုင်း တွင်းထဲ သို့ဆင်း လျှင် အဘယ် အကျိုး ရှိပါ အံ့နည်း။ 10မြေမှုန့် သည် ကိုယ်တော် ကို ချီးမွမ်း ပါမည် လော။ သစ္စာ တော်ကို ဘော် ပြပါမည်လော။ အိုထာဝရ ဘုရား ၊ နားထောင် ၍ ကယ် မသနားတော်မူပါ။ အိုထာဝရ ဘုရား ၊ အကျွန်ုပ် ကိုစောင့်မ တော်မူပါဟု ကိုယ်တော် ကို အကျွန်ုပ်အော်ဟစ် ၍ ၊ ထာဝရ ဘုရားကို တောင်း လျှောက်ပါ၏။ 11ထိုအခါ အကျွန်ုပ် ညည်းတွား မြည်တမ်းခြင်းကို ကခုန် ခြင်းဖြစ်စေ တော်မူ၏။ အကျွန်ုပ် ဝတ်သော လျှော်တေ အဝတ်ကိုချွတ် ၍ ၊ ဝမ်းမြောက် ခြင်း ခါးပန်းနှင့် စည်း တော်မူ၏။ 12သို့ဖြစ်၍ အကျွန်ုပ်၏ဝိညာဉ် သည် တိတ်ဆိတ် စွာမ နေ။ ကိုယ်တော် ကို သီချင်း ဆိုပါမည်။ အိုအကျွန်ုပ် ၏ ဘုရား သခင်ထာဝရဘုရား ၊ ကျေးဇူးတော် ကို အစဉ် အမြဲချီးမွမ်း ပါမည်။

Artistic illustration — an interpretation, not a historical record.

Did you know?

A Song of Healing and Thanksgiving

  • The superscription of Psalm 30 designates it as a song for the dedication of the temple (or house) attributed to David, intertwining personal thanksgiving for deliverance from death with communal worship.Sources: the Bible text itself
  • In ancient Hebrew culture, wearing coarse sackcloth was an outward sign of deep grief, peril, or mourning. The psalmist uses the image of shedding sackcloth and being clothed in joy to express a profound transformation from sorrow to celebration.Sources: the Bible text itself
  • The psalmist appeals to God by asking whether the dust of the Pit or Sheol can praise Him, reflecting the poetic perspective that the living are called to declare God's faithfulness and worship Him in the community.Sources: the Bible text itself

Notes written with AI assistance from open sources (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, public domain) and reviewed before publishing.

Credits and license for this translation
မြန်မာကျမ်းစာ
The Holy Bible in the Burmese language of Myanmar, Judson version of 1840
Public Domain
Language: ဗမာ (Burmese)
Translation by: Adoniram Judson
2025-10-20

Source: http://ebible.org/myajvb/ · eBible.org

Talk to us

Tell us where you read from, how the Bible has helped you, or what we could improve. We read every message.