Nations Bible

Apocalipse 9

မြန်မာကျမ်းစာ · Toque num versículo para ver as referências cruzadas.

1ပဉ္စမ ကောင်းကင်တမန် သည် တံပိုး မှုတ်သောအခါ ၊ ကြယ် တစ်လုံးသည် ကောင်းကင် က မြေကြီး ပေါ်သို့ ကျ သည်ကို ငါမြင် ၏။ သူ ၌အနက်ဆုံး သော တွင်း ၏ သော့ ကို အပ်ပေး သည်ဖြစ်၍ ၊ 2သူသည်အနက်ဆုံး သော တွင်း ကိုဖွင့် လျှင် ၊ ကြီးစွာ သော မီးဖို ၏ အခိုး ကဲ့သို့သော အခိုး သည် တွင်း ထဲက တက် လေ၏။ ထိုတွင်း ၏ မီးခိုး ကြောင့် ၊ နေ နှင့် အာကာသ ကောင်းကင်သည် မှောင်မိုက် လေ၏။ 3ကျိုင်းကောင် တို့သည် မီးခိုး အထဲ ကမြေကြီး အပေါ်သို့ ထွက် ၍ မြေ ကင်းမြီးကောက် တန်ခိုး ကဲ့သို့သော တန်ခိုး ကိုရ ကြ၏။ 4မြေ ၏မြက်ပင် မှစ၍ စိမ်း သောအရာများ၊ သစ်ပင် များအပေါင်း တို့ကို ထား၍၊ နဖူး ၌ ဘုရားသခင် တံဆိပ် ခတ်ခြင်းကို မ ခံ သော လူ တို့ကိုညှဉ်းဆဲ မည် အကြောင်း သူ တို့အား ပညတ် ထား၏။ 5တံဆိပ်ခတ်ခြင်းကို မခံသောသူတို့ကိုကား သတ်ရသောအခွင့်မရှိ။ ငါး လ ပတ်လုံးပြင်းစွာ သော ဝေဒနာ ဖြစ်စေသော အခွင့်ရှိ၏။ ထိုကျိုင်းကောင်ဖြစ်စေသော ဝေဒနာသည်ကား၊ ကင်းမြီးကောက် သည် လူ ကိုထိုး သော ဝေဒနာ ကဲ့သို့ ဖြစ်သတည်း။ 6ထို နေ့ရက် ကာလ၌ လူ တို့သည် သေ ခြင်းကို ရှာ ကြလိမ့်မည်။ ရှာသော်လည်းမ တွေ့ ရကြ။ အလွန် သေ ချင် သော်လည်း သေမင်း သည် သူ တို့ထံမှ ပြေးသွား လိမ့်မည်။ 7ထိုကျိုင်းကောင် တို့၏ အဆင်း သဏ္ဌာန်သည် စစ်တိုက် ခြင်းငှာ ပြင်ဆင် သောမြင်း ၏ အဆင်းသဏ္ဌာန် နှင့် တူ၏။ ခေါင်း ပေါ် မှရွှေ သရဖူ ကို ဆောင်းဟန်ရှိ၏။ မျက်နှာ သည်လူ မျက်နှာ ကဲ့သို့ ဖြစ်၏။ 8ဆံပင် သည်မိန်းမ ဆံပင် ကဲ့သို့ ဖြစ် ၏။ သွား သည်လည်း ခြင်္သေ့ သွားကဲ့သို့ ဖြစ် ၏။ 9ရင်အုပ် တန်ဆာသည် သံ ရင်အုပ် တန်ဆာကဲ့သို့ ဖြစ် ၏။ အတောင် ခတ်သော အသံ သည် စစ်တိုက် ၍ ပြေးလာ သော မြင်း ရထား အများ ၏ အသံ ကဲ့သို့ ဖြစ်၏။ 10အမြီး သည် ကင်းမြီးကောက် နှင့် တူ ၏။ အမြီး ၌ လည်း ဆူး ရှိ၏။ လူ တို့ကို ငါး လ ပတ်လုံးညှဉ်းဆဲ ရသော အခွင့် တန်ခိုးရှိ၏။ 11သူ တို့၏ ရှင်ဘုရင် မူကား ၊ ဟေဗြဲ ဘာသာအားဖြင့်အဗဒ္ဒုန် ဟူ၍၎င်း၊ ဟေလသ ဘာသာအားဖြင့် အပေါလျုန် ဟူ၍၎င်း ခေါ်ဝေါ် သော အနက်ဆုံး သောတွင်း တမန် ဖြစ် ၏။ 12အမင်္ဂလာ တစ်ပါး လွန် ပြီ။ ထိုနောက်မှ အမင်္ဂလာ နှစ် ပါးလာ လေဦး မည်။ 13ဆဋ္ဌမ ကောင်းကင်တမန် သည် တံပိုး မှုတ်သောအခါ ၊ ဘုရားသခင် ရှေ့ တော်၌ရှိသော ရွှေ ယဇ်ပလ္လင် ၏ ချို လေး ချောင်းထဲက ထွက်သော အသံ ကား၊ 14ဥဖရတ် မြစ် ကြီး နား မှာ ချည်နှောင် လျက်ရှိသော ကောင်းကင်တမန် လေး ပါးကို လွှတ် လော့ဟု တံပိုး ရှိ သော ဆဌမ ကောင်းကင်တမန် အား ဆို သည်ကို ငါကြား ၏။ 15ထိုအခါ လူ သုံးစု တစ်စုကို အသေ သတ်ခြင်းငှာ ။ တစ်နာရီ ၊ တစ်ရက် ၊ တစ်လ ၊ တစ်နှစ် အဘို့ ပြင်ဆင် သော ကောင်းကင်တမန် လေး ပါးတို့ကို လွှတ် လေ၏။ 16မြင်း စီးသူရဲ တို့၏ အရေအတွက် ကား ၊ နှစ်သင်္ချေဖြစ်၏။ ထို အရေအတွက် ကို ငါကြား ရ၏။ 17ထိုအတူ ဗျာဒိတ် ရူပါရုံ၌ ထင်ရှားသော မြင်း တို့ကို၎င်း၊ ကန့် ၊ မီး ၊ ဝှာကိန္သုကျောက်နှင့်ပြီးသော ရင်အုပ် တန်ဆာရှိ သောမြင်းစီး သူရဲ တို့ကို၎င်း ငါမြင် ရ၏။ မြင်း တို့၏ ခေါင်း သည်ခြင်္သေ့ ခေါင်း ကဲ့သို့ ဖြစ်၏။ သူ တို့၏ ခံတွင်း ထဲက လည်း ကန့် ၊ မီးလျှံ ၊ မီးခိုး ထွက် ကြ၏။ 18သူ တို့၏ခံတွင်း ထဲက ထွက် သော ကန့် ၊ မီးလျှံ ၊ မီးခိုး တည်းဟူသောဘေး သုံး ပါးကြောင့် ၊ လူ သုံးစုတစု သေ ကြ၏။ 19အကြောင်းမူကား ၊ သူ တို့တန်ခိုး သည် ခံတွင်း ၌ ၎င်း ၊ အမြီး ၌ ၎င်းတည် ၏။ အမြီး သည် ခေါင်း နှင့် ပြည့်စုံ ၍ မြွေ နှင့်တူ ၏ ။အမြီးအားဖြင့် ညှင်းဆဲ တတ်ကြ၏။ 20ထို ဘေးဒဏ် ကြောင့် မ သေ ဘဲကြွင်း သော လူ တို့သည် နတ် တို့ကို၎င်း၊ မ မြင် နိုင် ၊ မ ကြား နိုင်၊ မ သွားလာ နိုင်သောရွှေ ရုပ်တု ၊ ငွေ ရုပ်တု၊ ကြေးနီ ရုပ်တု၊ ကျောက် ရုပ်တု၊ သစ်သား ရုပ်တုတို့ကို၎င်း မ ကိုးကွယ် ဘဲ နေခြင်းငှာ ၊ ကိုယ် လက် နှင့် လုပ် သော အရာများကို နောင်တ မ ရဘဲနေကြ၏။ 21ကိုယ်ကျင့်သော အကျင့်တည်းဟူသောလူ အသက်ကို သတ်ခြင်း၊ သူတစ်ပါး ကိုပြုစား ခြင်း ၊ မတရား သောမေထုန်၌မှီဝဲခြင်း ၊ သူ့ ဥစ္စာ ကိုခိုးခြင်း ၊ အမှုများကို လည်း နောင်တ မ ရဘဲနေကြ၏။

Você sabia?

O abismo, o destruidor e o Eufrates

  • Em Apocalipse 9, os gafanhotos são governados pelo anjo do Abismo, chamado Abadom em hebraico e Apoliom em grego. O Dicionário Bíblico de Easton (1897) explica o nome hebraico como destruição e o grego como destruidor, e sugere tomar a palavra como personificação da ideia de destruição ou como o Sheol, o reino dos mortos. Observa que o termo hebraico é traduzido como destruição em Jó e Provérbios, enquanto a Revised Version conserva Abaddon nas três últimas dessas passagens.Fontes: o próprio texto bíblico · Apollyon
  • Em Apocalipse 9, a sexta trombeta solta quatro anjos presos junto ao grande rio Eufrates. O Dicionário Bíblico de Easton (1897) registra o nome hebraico Perath, o assírio Purat e a forma persa em cuneiforme Ufratush, da qual vem o grego Eufrates; diz que o nome grego significa água doce e o assírio, a corrente ou a grande corrente. Nas Escrituras, o rio é muitas vezes apenas o rio ou o grande rio, citado como um dos rios do Paraíso e como limite da terra prometida aos descendentes de Abraão.Fontes: o próprio texto bíblico · Euphrates
  • Apocalipse 9 apresenta a quinta trombeta como o primeiro de três ais. Seus gafanhotos podem atormentar as pessoas por cinco meses com uma ferroada como a de um escorpião, mas não lhes é permitido matar. Passado esse ai, os cavalos vistos na sexta trombeta matam um terço da humanidade com o fogo, a fumaça e o enxofre que saem de suas bocas.Fontes: o próprio texto bíblico

Notas escritas com auxílio de IA a partir de fontes abertas (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, domínio público) e revisadas antes de publicar.

Lugares deste capítulo

  • Euphrates · Hoje: Euphrates River · 31.004, 47.442 · versículo 14

Só aparecem lugares com identificação de alta confiança (90% ou mais segundo as fontes acadêmicas reunidas pelo OpenBible). Mapa da época: DARE (Digital Atlas of the Roman Empire), CC BY 4.0; mapa atual: © colaboradores do OpenStreetMap; lugares: OpenBible.info (CC BY 4.0).

Créditos e licença desta tradução
မြန်မာကျမ်းစာ
The Holy Bible in the Burmese language of Myanmar, Judson version of 1840
Public Domain
Language: ဗမာ (Burmese)
Translation by: Adoniram Judson
2025-10-20

Fonte: http://ebible.org/myajvb/ · eBible.org

Fale com a gente

Conte de onde você lê, como a Bíblia tem te ajudado ou o que podemos melhorar. Lemos todas as mensagens.