Apocalipse 8
မြန်မာကျမ်းစာ · Toque num versículo para ver as referências cruzadas.
1သတ္တမ တံဆိပ် ကိုဖွင့် သောအခါ ၊ ကောင်းကင် ဘုံ၌ နာရီဝက် မျှ တိတ်ဆိတ် စွာ နေ ကြ၏။ 2ဘုရားသခင့် ရှေ့ တော်၌ ရပ် နေသောကောင်းကင်တမန် ခုနစ် ပါးကို ငါမြင် ၏။ သူ တို့၌ တံပိုး ခုနစ် လုံးကို ပေး ၏။ 3ကောင်းကင်တမန် တစ်ပါး သည်လာ ၍ ရွှေ လင်ပန်း ကို ကိုင် လျက် ယဇ်ပလ္လင် နား မှာရပ် နေ၏။ ပလ္လင် တော်ရှေ့ ၌ရှိသော ရွှေ ယဇ်ပလ္လင် ပေါ်မှာ သန့်ရှင်း သူ အပေါင်း တို့၏ ပဌနာ နှင့်အတူ ဆက်ကပ် ခြင်းငှာ ၊ မီးရှို့ သောနံ့သာပေါင်းအများ ကို ထိုသူ ၌ပေး ၏။ 4မီးရှို့ သော နံ့သာပေါင်း၏ အခိုးအငွေ့ သည် သန့်ရှင်း သူ တို့၏ ပဌနာ များနှင့်အတူ ကောင်းကင် တမန်၏ လက် ထဲက ဘုရားသခင့် ရှေ့ တော်သို့ တက် လေ၏။ 5ကောင်းကင်တမန် သည် လင်ပန်း ကိုယူ ၍ ယဇ်ပလ္လင် ၏ မီး နှင့် ပြည့် စေပြီးမှ ၊ မြေကြီး အပေါ်သို့ ချ လိုက် သည်ဖြစ်၍ ၊ အသံမြည် ခြင်း၊ မိုဃ်းချုန်း ခြင်း၊ လျှပ်စစ် ပြက်ခြင်း၊ မြေကြီး လှုပ်ခြင်းဖြစ် ကြ၏။ 6တံပိုး ခုနစ် လုံးရှိ သော ကောင်းကင်တမန် ခုနစ် ပါးတို့သည် မှုတ် အံ့သောငှာ မိမိ တို့ကို ပြင်ဆင် ကြ၏။ 7ပဌမ သူ သည် တံပိုး မှုတ်သောအခါ မိုဃ်းသီး ဖြစ် ၏။ အသွေး နှင့် ရောနှော သော မီး လည်း ဖြစ်၏။ မြေကြီး အပေါ်သို့ ချ လိုက်၍ ၊ မြေ သုံးစု တစ်စု၊ သစ်ပင် သုံးစု တစ်စု၊ စိမ်း သော မြက်ပင် ရှိသမျှ တို့ကို လောင်ကျွမ်း လေ၏။ 8ဒုတိယ ကောင်းကင်တမန် သည် တံပိုး မှုတ်သောအခါ ၊ မီး လောင် သော တောင် ကြီး ကို ပင်လယ် ထဲသို့ ချ လိုက်သကဲ့သို့ ဖြစ်၍ ၊ ပင်လယ် သုံးစု တစ်စုသည်အသွေး ဖြစ် ၏။ 9ပင်လယ် ၌ အသက်ရှင်သော သတ္တဝါ သုံးစု တစ်စုလည်း သေ ၏။ သင်္ဘော သုံးစု တစ်စုလည်း ပျက် ၏။ 10တတိယ ကောင်းကင်တမန် သည် တံပိုး မှုတ်သောအခါ ၊ မီးခွက် ကဲ့သို့ ထွန်းတောက် သော ကြယ် ကြီး သည် ကောင်းကင် က ကျ ၍ ၊ မြစ် သုံးစု တစ်စုသို့ ၎င်း၊ စမ်း ရေ တွင်းသို့ ၎င်း ရောက် ၏။ 11ထိုကြယ် သည် ဒေါနရွက် ဟူသောအမည် ရှိ ၏။ ရေ သုံးစု တစ်စုသည်ဒေါနရွက် ဖြစ် ၍ ရေ ခါး သောကြောင့် ၊ လူ အများ တို့သည် သေ ကြ၏။ 12စတုတ္ထ ကောင်းကင်တမန် သည် တံပိုး မှုတ်သောအခါ ၊ နေ သုံးစု တစ်စု၊ လ သုံးစု တစ်စု၊ ကြယ် သုံးစု တစ်စုကြတ် ၍ သုံးစု တစ်စုမိုက် လေ၏။ နေ့ သုံးစု တစ်စု၊ ညဉ့် သုံးစုတစ်စုသည် အလင်း မ ရှိ၊ 13ထိုအခါ ငါကြည့် လျှင် ၊ ရွှေလင်းတ တ ကောင်က၊ ကြွင်း သေးသော ကောင်းကင်တမန် သုံး ပါးမှုတ် လု လတံ့သော တံပိုး သံ ကြောင့် မြေကြီး သားတို့သည် အမင်္ဂလာ ၊ အမင်္ဂလာ ၊ အမင်္ဂလာ ရှိကြ၏ဟု ကောင်းကင် အလယ်၌ ပျံဝဲ ၍ကြီး သောအသံ နှင့် ဆို သည်ကိုငါကြား ၏။
Você sabia?
Silêncio, incenso e trombetas
- Quando o Cordeiro abre o sétimo selo, há silêncio no céu por cerca de meia hora. A visão mostra então os sete anjos que estão diante de Deus, e lhes são dadas sete trombetas.Fontes: o próprio texto bíblico
- Outro anjo, que tem um incensário de ouro, chega e se coloca junto ao altar. Ele recebe muito incenso para oferecer com as orações de todos os santos sobre o altar de ouro diante do trono; a fumaça sobe diante de Deus da mão dele, e então ele enche o incensário com fogo do altar e o lança à terra, seguido de estrondos de trovão, ribombos, clarões de relâmpago e um terremoto.Fontes: o próprio texto bíblico
- Uma após a outra, as quatro primeiras trombetas trazem saraiva e fogo misturados com sangue sobre a terra, algo como uma grande montanha, ardendo em fogo, lançada ao mar, uma estrela chamada Absinto sobre os rios e as fontes, e o escurecimento de parte do sol, da lua e das estrelas. A visão fala repetidamente de um terço — da terra e das árvores, do mar, de suas criaturas viventes e dos navios, das águas e do sol, da lua, das estrelas, do dia e da noite —, enquanto toda a erva verde é queimada; uma águia que voa no alto clama então ai três vezes, porque três anjos ainda não tocaram suas trombetas.Fontes: o próprio texto bíblico
Notas escritas com auxílio de IA a partir de fontes abertas (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, domínio público) e revisadas antes de publicar.
Créditos e licença desta tradução
မြန်မာကျမ်းစာ The Holy Bible in the Burmese language of Myanmar, Judson version of 1840 Public Domain Language: ဗမာ (Burmese) Translation by: Adoniram Judson 2025-10-20
Fonte: http://ebible.org/myajvb/ · eBible.org