Salmos 82
Common Language Bible · Toque num versículo para ver as referências cruzadas.
ဘုရင်တကာတို့၏ဘုရင်ဖြစ်တော်မူသော ဘုရားသခင်
1ဘုရားသခင်သည်ကောင်းကင်တွင်ကျင်းပ သည့် ကောင်စီအစည်းအဝေး၌နေရာယူတော်မူ၏။
ကိုယ်တော်သည်ဘုရားတို့၏အစည်းဝေး၌ စီရင်ဆုံးဖြတ်တော်မူသည်မှာ
2``သင်တို့သည်မတရားသဖြင့်စီရင်ဆုံးဖြတ် မှုကို မပြုကြတော့နှင့်။
သူယုတ်မာတို့၏မျက်နှာကိုထောက်၍
တရားစီရင်မှုကိုမကျင့်သုံးကြတော့နှင့်။
3ဆင်းရဲသူနှင့်မိဘမဲ့သူတို့၏ရပိုင်ခွင့် များကို ကွယ်ကာစောင့်ရှောက်ရကြမည်။
ချို့တဲ့နွမ်းပါးသူနှင့်ခိုကိုးရာမဲ့သူတို့အတွက် တရားမျှတစွာတရားစီရင်ရကြမည်။
4သူတို့အားမတရားသောသူတို့၏လက်မှ ကယ်ဆယ်ရကြမည်။
5``သင်တို့သည်အသိဉာဏ်ကင်းမဲ့လျက်လွန်စွာပင် မိုက်မဲကြပါသည်တကား။
သင်တို့သည်လုံးဝအကျင့်ပျက်ကြပြီ။
တရားမျှတမှုသည်ကမ္ဘာလောကမှ ကွယ်ပျောက်သွားလေပြီ။
6သင်တို့သည်ဘုရားများဖြစ်ကြောင်း၊
အမြင့်မြတ်ဆုံးဖြစ်တော်မူသောဘုရား၏ သားများ ဖြစ်ကြောင်းကိုငါဖော်ပြခဲ့၏။
7သို့ရာတွင်သင်တို့သည်လူသာမန်များနည်းတူ သေရကြမည်။
မင်းသားတို့နည်းတူအသက်ကုန်ဆုံးရကြမည်။''
8အို ဘုရားသခင်၊
ကြွလာတော်မူ၍ကမ္ဘာလောကကိုအုပ်စိုးတော် မူပါ။
လူမျိုးတကာတို့ကိုကိုယ်တော်ရှင်ပိုင်တော် မူပါ၏။

Você sabia?
O Juízo Divino e a Verdadeira Justiça
- O Salmo 82 faz parte de uma coleção de salmos (Salmos 73 a 83, além do Salmo 50) atribuídos a Asafe, um líder levita do coro e vidente associado à corte do rei Davi.Fontes: Asaph (Levite) · o próprio texto bíblico
- O salmo retrata Deus confrontando governantes e juízes corruptos em uma assembleia, exigindo que protejam os direitos dos vulneráveis — especificamente os pobres, os órfãos e os oprimidos — em vez de favorecer os ímpios.Fontes: o próprio texto bíblico
Notas escritas com auxílio de IA a partir de fontes abertas (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, domínio público) e revisadas antes de publicar.
Créditos e licença desta tradução
Common Language Bible Burmese: Common Language Bible Bible without Deuterocanon Public Domain Language: Mynmar language (Burmese) Translation by: Bible Society of Myanmar Burmese Common Language Bible This translation is published by the Bible Society of Myanmar. If you are interested in obtaining a printed copy, please contact the Bible Society of Myanmar at https://bsmyanmar.org/. © 2005 Bible Society of Myanmar. Note: Myanmar is not a member of the Berne Convention treaty, so this copyright does not extend outside of Myanmar. 2014-03-30
Fonte: http://ebible.org/mya/ · eBible.org