Salmos 81
Common Language Bible · Toque num versículo para ver as referências cruzadas.
ပွဲသဘင်သီချင်း
1ငါတို့ဘက်မှကာကွယ်တော်မူသောအရှင် တည်းဟူသောဘုရားသခင်အား
ဝမ်းမြောက်စွာသီချင်းဆိုကြလော့။
ယာကုပ်၏ဘုရားအားထောမနာသီချင်းဆို ကြလော့။
2သီဆိုတီးမှုတ်မှုကိုအစပြုကြလော့။ စောင်း ကြီး စောင်းငယ်တို့ကိုသာယာစွာတီးကြလော့။
3လဆန်းနေ့နှင့်လပြည့်နေ့တွင်ပွဲသဘင်
ကျင်းပရန်အတွက်တံပိုးခရာမှုတ်ကြ လော့။
4ဤသို့ပွဲသဘင်ကျင်းပရန်ဣသရေလ အမျိုးသားတို့၌ဥပဒေရှိပေသည်။
ယာကုပ်၏ဘုရားသခင်ပေးတော်မူသော အမိန့်တော်လည်းဖြစ်ပေသည်။
5ကိုယ်တော်သည်အီဂျစ်ပြည်ကိုတိုက်ခိုက်တော် မူစဉ်က
ယင်းအမိန့်ကိုဣသရေလအမျိုးသားတို့အား ပေးတော်မူ၏။
မသိမကျွမ်းသောအသံကိုငါကြားရ၏။
6ထိုအသံက``သင်တို့၏ပခုံးထက်မှလေးလံ သော ဝန်ထုပ်ကိုငါယူပစ်လျက်
သင်တို့အုတ်သယ်သည့်ခြင်းတောင်းများကို ချထားစေ၏။
7သင်တို့သည်ဒုက္ခရောက်စဉ်အခါ၌ ငါ့ကိုအော်ဟစ်သောအခါ
ငါသည်သင်တို့အားကယ်ခဲ့၏။
မိုးသက်မုန်တိုင်းအတွင်းမမြင်နိုင်သောအရပ် မှနေ၍ သင်တို့အားငါဖြေကြားခဲ့၏။
မေရိဘစမ်းရေအနီးတွင်သင်တို့အားငါ သွေးစမ်းခဲ့၏။
8ငါ၏လူစုတော်တို့၊ငါသတိပေးသည်ကို နားထောင်စေချင်စမ်းပါဘိ။
ဣသရေလအမျိုးသားတို့၊သင်တို့သည်ငါ့ စကားကို နားထောင်ကြလော့။
9သင်တို့သည်အခြားသောဘုရားကိုအဘယ် အခါ၌မျှ မကိုးကွယ်ရ။
10ငါသည်သင်တို့ကိုအီဂျစ်ပြည်မှထုတ်ဆောင် ခဲ့သော သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။
သင်တို့ခံတွင်းကိုဖွင့်ဟကြလော့။ ငါသည်သင်တို့အားကျွေးမွေးမည်။
11သို့ရာတွင်ငါ၏လူစုတော်ကားငါ့စကားကို နားမထောင်ကြ။
ဣသရေလအမျိုးသားတို့သည်ငါ့အမိန့်ကို မနာခံကြ။
12သို့ဖြစ်၍ငါသည်သူတို့အားခေါင်းမာမြဲမာ စေရန်နှင့်
သူတို့အလိုအတိုင်းပြုကျင့်စေရန်အခွင့်ပေး၏။
13ငါ၏လူစုတော်သည်ငါ့စကားကို နားထောင်စေချင်စမ်းပါဘိ။
ငါ့အမိန့်ကိုနာခံစေချင်စမ်းပါဘိ။
14သို့ဖြစ်လျှင်ငါသည်သူတို့၏ရန်သူများကို အလျင်အမြန်အရေးရှုံးနိမ့်စေမည်။
သူတို့၏ရန်ဘက်အားလုံးကိုနှိမ်နင်းမည်။
15ငါ့ကိုမုန်းသောသူတို့သည်ငါ့ရှေ့၌ ကြောက်ရွံ့ပျပ်ဝပ်ကြလိမ့်မည်။
သူတို့သည်ထာဝရအပြစ်ဒဏ်ခံရကြ လိမ့်မည်။
16ငါသည်သင်တို့အားအကောင်းဆုံးဂျုံဆန်ကို ကျွေးမွေး၍
တောပျားရည်ကိုသုံးဆောင်စေမည်'' ဟုဆို၏။

Você sabia?
Um chamado festivo e a memória da libertação
- O Salmo 81 convoca a celebração durante as festas solenes — especificamente na Lua Nova e na lua cheia —, acompanhada por instrumentos como o chifre de carneiro, tamborins, harpas e liras, recordando os estatutos estabelecidos após a libertação do Egito.Fontes: o próprio texto bíblico · Egypt
- A imagem de aliviar os ombros dos fardos e libertar as mãos dos cestos reflete diretamente o trabalho forçado e a fabricação de tijolos vivenciados durante a escravidão no Egito.Fontes: o próprio texto bíblico · Egypt
- O salmo menciona as águas de Meribá, um marco no deserto de Zim, perto de Cades, associado às peregrinações de Israel, onde Deus provou o povo e atendeu ao seu clamor.Fontes: o próprio texto bíblico · Meribah (of Kadesh)
Notas escritas com auxílio de IA a partir de fontes abertas (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, domínio público) e revisadas antes de publicar.
Lugares deste capítulo
- Egypt · 30.129, 31.308 · versículos 5, 10
- Meribah · Hoje: Ain el Qudeirat · 30.648, 34.422 · versículo 7
Só aparecem lugares com identificação de alta confiança (90% ou mais segundo as fontes acadêmicas reunidas pelo OpenBible). Mapa da época: DARE (Digital Atlas of the Roman Empire), CC BY 4.0; mapa atual: © colaboradores do OpenStreetMap; lugares: OpenBible.info (CC BY 4.0).
Créditos e licença desta tradução
Common Language Bible Burmese: Common Language Bible Bible without Deuterocanon Public Domain Language: Mynmar language (Burmese) Translation by: Bible Society of Myanmar Burmese Common Language Bible This translation is published by the Bible Society of Myanmar. If you are interested in obtaining a printed copy, please contact the Bible Society of Myanmar at https://bsmyanmar.org/. © 2005 Bible Society of Myanmar. Note: Myanmar is not a member of the Berne Convention treaty, so this copyright does not extend outside of Myanmar. 2014-03-30
Fonte: http://ebible.org/mya/ · eBible.org