Nations Bible

Jonah 4

မြန်မာကျမ်းစာ · Tap a verse to see its cross-references.

1ယောန သည် အလွန် စိတ်ညစ် ၍ အမျက်ထွက် သဖြင့် ၊ အို ထာဝရဘုရား ၊ အကျွန်ုပ်တောင်းပန်ပါ၏။ အကျွန်ုပ် သည် ကိုယ် ပြည် ၌ ရှိ စဉ် ၊ ဤသို့ ပြော ပါပြီ မ ဟုတ် လော။ ထိုကြောင့် ၊ ကိုယ်တော်ထံမှ တာရှု မြို့သို့ ကြိုးစား၍ ပြေး ပါ၏။ 2ကိုယ်တော် သည် သနား စုံမက်တတ်သော ဘုရား ဖြစ်၍ စိတ်ရှည် သောသဘော၊ ကျေးဇူး ပြုချင်သော သဘော၊ အပြစ်ဒဏ် ပေးမည့်အမှုကို နောင်တရ တတ်သော သဘောရှိတော်မူကြောင်း ကို အကျွန်ုပ် သိ ပါ၏။ 3သို့ဖြစ်၍ ၊ အိုထာဝရဘုရား ၊ အကျွန်ုပ် အသက် ကို နှုတ်ယူ တော်မူပါ။ အကျွန်ုပ် အသက် ရှင်ခြင်းထက် သေ ခြင်း သည် သာ၍ကောင်း ပါသည်ဟု တောင်း လျှောက်လေ ၏။ 4ထာဝရဘုရား ကလည်း ၊ သင် သည် အမျက် ထွက် ကောင်း သလောဟုမေး တော်မူ၏။ 5ယောန သည် မြို့ ၌ အဘယ်သို့ ဖြစ် မည်ကို သိမြင် ခြင်းငှါ၊ မြို့ ပြင်သို့ထွက် ၍ မြို့ အရှေ့ မျက်နှာ၌ တဲ မိုးကို လုပ် ပြီးလျှင် ၊ အမိုးအရိပ် တွင် ထိုင် ၍နေ၏။ 6အရှင် ထာဝရဘုရား သည်လည်း ကြက်ဆူ ပင်ကို ပြင်ဆင် ပြီးလျှင် ၊ ယောန၏စိတ်ကို ပြေ စေခြင်းငှါ သူ့ ခေါင်း ပေါ်မှာ လွှမ်း၍ မိုးစေတော်မူ၏။ ထိုအပင် ကြောင့် ယောန သည် အလွန် အားရဝမ်းမြောက် ၏။ 7နက်ဖြန် မိုဃ်းလင်း သောအခါ ဘုရား သခင်ခန့် ထား တော်မူသောပိုး ကောင်သည် ကြက်ဆူ ပင်ကို ကိုက် ၍ ညှိုးနွမ်း စေ၏။ 8နေ ထွက် သောအခါ ဘုရား သခင်သည် အလွန် ပူ သောအရှေ့ လေ ကို ပြင်ဆင် တော်မူ၍ ၊ ယောန ၏ ခေါင်း ကို နေ ထိခိုက် သဖြင့် သူသည် မော ၍ သေ ချင်သော စိတ် ရှိ လျက် ၊ ငါ့ အသက်သေ ခြင်းသည် ရှင် ခြင်းထက် သာ၍ကောင်း သည်ဟု မြည်တမ်း လေ၏။ 9ဘုရား သခင်ကလည်း ၊ သင်သည် ကြက်ဆူ ပင် အတွက် အမျက် ထွက်ကောင်း သလောဟုမေး တော်မူလျှင် ၊ ယောနက၊ အကျွန်ုပ် သည် အသက်သေ သည် တိုင်အောင် အမျက် ထွက်ကောင်း ပါသည်ဟု လျှောက် ဆို၏။ 10ထာဝရဘုရား ကလည်း ၊ သင် သည် ပင်ပန်းစွာ မ လုပ် ၊ ကြီးပွား စေခြင်းငှါလည်း မ ပြုစု၊ တညဉ့် ခြင်းတွင် ပေါက် ၍ တညဉ့် ခြင်းတွင် သေ သော ကြက်ဆူ ပင်ကို နှမြော သည်တကား။ 11ငါ သည် များစွာ သော တိရစ္ဆာန် တို့ကိုမဆို၊ ကိုယ် လက်ျာ လက်နှင့် လက်ဝဲ လက်ကိုမျှ ပိုင်းခြား၍ မ သိ သော သူ တသိန်း နှစ်သောင်းမက ၊ လူ များ သော နိနေဝေ မြို့ ကြီး ကို ငါနှမြော သင့်သည်မ ဟုတ်လောဟု မိန့် တော်မူ ၏။

Artistic illustration — an interpretation, not a historical record.

Did you know?

Jonah's Anger and God's Compassion

  • Jonah admits that he originally attempted to flee toward Tarshish precisely because he knew God is gracious, compassionate, slow to anger, and relents from sending disaster. His distress arose when God chose to spare Nineveh rather than destroy it.Sources: the Bible text itself · Tarshish
  • Nineveh, the flourishing capital of the Assyrian empire, is described at the conclusion of the book as home to more than 120,000 people who cannot discern between their right and left hand, along with many cattle. God highlights this massive population to contrast divine compassion with Jonah's concern for a single withered plant.Sources: the Bible text itself · Nineveh

Notes written with AI assistance from open sources (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, public domain) and reviewed before publishing.

Places in this chapter

  • Nineveh · 36.359, 43.153 · verse 11

Only places identified with high confidence are shown (90% or more according to the scholarly sources compiled by OpenBible). Period map: DARE (Digital Atlas of the Roman Empire), CC BY 4.0; modern map: © OpenStreetMap contributors; places: OpenBible.info (CC BY 4.0).

Credits and license for this translation
မြန်မာကျမ်းစာ
The Holy Bible in the Burmese language of Myanmar, Judson version of 1840
Public Domain
Language: ဗမာ (Burmese)
Translation by: Adoniram Judson
2025-10-20

Source: http://ebible.org/myajvb/ · eBible.org

Talk to us

Tell us where you read from, how the Bible has helped you, or what we could improve. We read every message.