Jonah 3
မြန်မာကျမ်းစာ · Tap a verse to see its cross-references.
1နောက် တဖန် ထာဝရဘုရား ၏ နှုတ်ကပတ် တော် သည် ယောန သို့ ရောက် လာသည်ကား၊ 2သင်ထ ၍ နိနေဝေ မြို့ ကြီး သို့ သွား လော့။ ငါ မှာ ထားသည်အတိုင်း ကြွေးကြော် လော့ဟု မိန့် တော်မူ၏။ 3ထိုအခါ ထာဝရဘုရား ၏ အမိန့် တော်အတိုင်း ယောန သည် ထ ၍ နိနေဝေ မြို့သို့ သွား ၏။ နိနေဝေ မြို့ သည် အလွန်ကြီး သောမြို့ ၊ သုံး ရက် ခရီး ကျယ်ဝန်းသော မြို့ဖြစ် သတည်း။ 4ယောန သည် မြို့ ထဲ သို့ဝင် ၍ တ နေ့ ခရီး သွား လျက် ၊ အရက် လေးဆယ် လွန်သော်၊ နိနေဝေ မြို့သည် ပျက်စီး ခြင်းသို့ရောက်လိမ့်မည်ဟု ကြွေးကြော် လေ၏။ 5နိနေဝေ မြို့သား တို့သည် ဘုရား သခင်၏ အမိန့် တော်ကို ယုံ ၍ ၊ လူကြီး လူငယ် အပေါင်းတို့သည် အစာရှောင် ရာအချိန်ကို ကြော်ငြာ ၍ လျှော်တေ အဝတ်ကို ဝတ် ကြ၏။ 6နိနေဝေ မင်းကြီး သည် ထိုသိတင်း ကို ကြား သောအခါ နန်းတော် မှ ဆင်း ၍ မင်းမြောက် တန်ဆာကို ချွတ် ပြီးမှ ၊ လျှော်တေ အဝတ်ကို ဝတ် ၍ ပြာ ထဲ ၌ ထိုင် တော်မူ၏။ 7လူ သတ္တဝါ တိရစ္ဆာန် သိုး နွား တို့သည် အလျှင်းမ မြည်စေနှင့်။ အစာကို မ စား ၊ ရေ ကို မ သောက် စေနှင့်။ 8လူ သတ္တဝါတိရစ္ဆာန် တို့သည် လျှော်တေ အဝတ် ကို ဝတ် ကြစေ။ ကြိုးစား ၍ ဘုရား သခင်ကို ဆုတောင်း ကြစေ ။ အသီးအသီး တို့သည် မိမိ တို့လိုက်သော အဓမ္မ လမ်း ၊ မိမိတို့ပြုသောအဓမ္မ အမှုကို ရှောင် ကြစေ။ 9ငါတို့သည် ပျက်စီး ခြင်းနှင့် ကင်းလွတ် မည်အကြောင်း ၊ ဘုရား သခင်သည် ပြောင်းလဲ ၍ နောင်တရ သဖြင့် ၊ ပြင်းစွာ သောအမျက် တော်ကို ငြိမ်းစေတော်မူမည် မမူ မည်ကို အဘယ်သူ ပြောနိုင်သနည်းဟု မင်းကြီး အာဏာ ၊ မှူးမတ် အာဏာနှင့် နိနေဝေ တမြို့လုံးတွင် သိတင်း ကြားပြော ၍ ကြော်ငြာ စေတော်မူ၏။ 10မြို့သားတို့သည် မိမိ တို့လိုက်သော အဓမ္မ လမ်း ကို လွှဲရှောင် ၍၊ ကျင့်သောအကျင့် များကို ဘုရား သခင်သည် မြင် လျှင် ၊ အရင်ခြိမ်း သော ဘေးဒဏ် ကို မ ပေး ဘဲနေ တော်မူ၏။

Did you know?
Jonah's Mission to Nineveh
- Nineveh was the flourishing capital of the ancient Assyrian Empire. The biblical text portrays it as an exceedingly large city, describing it as taking a three-day journey to cross.Sources: Nineveh · the Bible text itself
- Jonah is notable among the prophets of Israel for being sent as a missionary beyond his own nation to preach in a distant, non-Israelite city.Sources: Jonah · the Bible text itself
- The royal proclamation of mourning in Nineveh extended beyond the human population to include livestock, requiring both people and beasts to fast and be covered in sackcloth.Sources: the Bible text itself
Notes written with AI assistance from open sources (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, public domain) and reviewed before publishing.
Places in this chapter
Only places identified with high confidence are shown (90% or more according to the scholarly sources compiled by OpenBible). Period map: DARE (Digital Atlas of the Roman Empire), CC BY 4.0; modern map: © OpenStreetMap contributors; places: OpenBible.info (CC BY 4.0).
Credits and license for this translation
မြန်မာကျမ်းစာ The Holy Bible in the Burmese language of Myanmar, Judson version of 1840 Public Domain Language: ဗမာ (Burmese) Translation by: Adoniram Judson 2025-10-20
Source: http://ebible.org/myajvb/ · eBible.org