Nations Bible

Psalms 43

Common Language Bible · Tap a verse to see its cross-references.

ပြည်​နှင်​ဒဏ်​သင့်​သူ​တစ်​ဦး​၏​ဆု​တောင်း​ပတ္ထနာ

1အို ဘု​ရား​သ​ခင်၊

ကျွန်​တော်​မျိုး​မှာ​အ​ပြစ်​မ​ရှိ​ကြောင်း ထုတ်​ဖော်​ကြေ​ညာ​တော်​မူ​ပါ။

ဘု​ရား​တ​ရား​ကင်း​မဲ့​သူ​တို့​ကို​ဆန့်​ကျင်​လျက် ကျွန်​တော်​မျိုး​ဘက်​မှ​ခု​ခံ​ကာ​ကွယ်​တော်​မူ​ပါ။

လိမ်​လည်​ဆိုး​ယုတ်​သူ​တို့​၏​လက်​မှ ကျွန်​တော်​မျိုး​အား​ကယ်​တော်​မူ​ပါ။

2ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​ကွယ်​ကာ စောင့်​ရှောက်​တော်​မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​ပါ​၏။

အ​ဘယ်​ကြောင့်​ကျွန်​တော်​မျိုး​ကို စွန့်​ပစ်​တော်​မူ​ပါ​သ​နည်း။

ကျွန်​တော်​မျိုး​သည်​အ​ဘယ်​ကြောင့်​ရန်​သူ​များ ၏

ရက်​စက်​ကြမ်း​ကြုတ်​မှု​ဒဏ်​ကို​ဆက်​လက်​၍ ခံ​နေ​ရ​ပါ​သ​နည်း။

3ကိုယ်​တော်​ရှင်​၏​အ​လင်း​တော်​နှင့် သစ္စာ​တ​ရား​တော်​ကို​စေ​လွှတ်​၍

ကျွန်​တော်​မျိုး​အား​ကိုယ်​တော်​ရှင်​၏​သန့်​ရှင်း မြင့်​မြတ်​သည့်​ဇိ​အုန်​တောင် သို့​လည်း​ကောင်း၊

ကိုယ်​တော်​ကိန်း​ဝပ်​ရာ​ဗိ​မာန်​တော်​သို့​လည်း​ကောင်း ပြန်​၍​ပို့​ဆောင်​စေ​တော်​မူ​ပါ။

4ထို​အ​ခါ အို ဘု​ရား​သ​ခင်၊ကျွန်​တော်​မျိုး​သည် ယဇ်​ပလ္လင်​တော်​သို့​ချဉ်း​ကပ်​ပါ​မည်။

ကျွန်​တော်​မျိုး​သည်​အ​ထံ​တော်​မှ​ရွှင်​လန်း ဝမ်း​မြောက်​ခြင်း​ကို​ခံ​ယူ​ရ​ရှိ​ပါ​၏။

အို ဘု​ရား​သ​ခင်၊

ကျွန်​တော်​မျိုး​၏​ဘု​ရား၊ကိုယ်​တော်​အား စောင်း​တီး​လျက်​ချီး​မွမ်း​ထော​မ​နာ​ပြု​ပါ​မည်။

5ငါ​သည်​အ​ဘယ်​ကြောင့်​ဤ​မျှ​စိတ်​ညှိုး​ငယ်​ရ​သ​နည်း။ အ​ဘယ်​ကြောင့်​စိတ်​ဒုက္ခ​ရောက်​ရ​သ​နည်း။

ငါ​သည်​ဘု​ရား​သ​ခင်​အား​မျှော်​ကိုး​မည်။

ငါ​၏​ကယ်​တင်​ရှင်၊ငါ​၏​ဘု​ရား​အား တစ်​ဖန်​ထော​မ​နာ​ပြု​မည်။

Artistic illustration — an interpretation, not a historical record.

Did you know?

A Plea for Vindication and Return

  • The psalm is a heartfelt prayer asking God to act as an advocate and deliverer against an ungodly nation and deceitful adversaries, requesting divine light and truth to guide the petitioner back to God's holy mountain and dwelling place.Sources: the Bible text itself
  • The psalmist anticipates returning to the altar of God to offer praise with a harp, engaging in an internal dialogue to urge their downcast soul to maintain hope in God despite oppression and sorrow.Sources: the Bible text itself

Notes written with AI assistance from open sources (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, public domain) and reviewed before publishing.

Credits and license for this translation
Common Language Bible
Burmese: Common Language Bible Bible without Deuterocanon
Public Domain
Language: Mynmar language (Burmese)
Translation by: Bible Society of Myanmar
Burmese Common Language Bible
This translation is published by the Bible Society of Myanmar.
If you are interested in obtaining a printed copy, please contact the Bible Society of Myanmar at https://bsmyanmar.org/.
© 2005 Bible Society of Myanmar. Note: Myanmar is not a member of the Berne Convention treaty, so this copyright does not extend outside of Myanmar.
2014-03-30

Source: http://ebible.org/mya/ · eBible.org

Talk to us

Tell us where you read from, how the Bible has helped you, or what we could improve. We read every message.