Psalms 42
Common Language Bible · Tap a verse to see its cross-references.
အတွဲ ၂
ပြည်နှင်ဒဏ်သင့်သူတစ်ဦး၏ဆုတောင်းပတ္ထနာ
1အို ဘုရားသခင်၊
သမင်ဒရယ်သည်အေးမြသောစမ်းရေကို တောင့်တသကဲ့သို့
ကိုယ်တော်ရှင်ကိုကျွန်တော်မျိုးတောင့်တပါ၏။
2အသက်ရှင်တော်မူသည့်ဘုရားတည်းဟူသော ကိုယ်တော်ရှင်ကိုကျွန်တော်မျိုးတောင့်တပါ၏။
ကျွန်တော်မျိုးသည်အဘယ်အခါမှ
ကိုယ်တော်ရှင်၏ရှေ့တော်မှောက်သို့ချဉ်းကပ်၍ ဝတ်ပြုကိုးကွယ်နိုင်ပါမည်နည်း။
3ငါသည်နေ့ရောညပါငိုကြွေးရသဖြင့်
မျက်ရည်များသည်ငါ၏အစားအစာဖြစ် တော့၏။
ရန်သူတို့ကငါ့အား``သင်၏ဘုရားသည်
အဘယ်မှာရှိသနည်း'' ဟုအစဉ်ပင် မေးလျက်နေကြ၏။
4ရွှင်လန်းစွာသီချင်းဆိုကာဘုရားသခင် အား
ထောမနာပြုလျက်အိမ်တော်သို့သွားသူ လူပရိသတ်အား
ငါသည်ဦးဆောင်ခဲ့ကြောင်းကိုသတိရသော အခါ ငါ၏စိတ်နှလုံးသည်ကြေကွဲပါ၏။
5ငါသည်အဘယ်ကြောင့်ဤမျှစိတ်ညှိုးငယ် ရသနည်း။
အဘယ်ကြောင့်ပူပင်သောကရောက်ရသနည်း။
ငါသည်ဘုရားသခင်အားမျှော်ကိုးလျက် နေပါမည်။
ငါ၏ကယ်တင်ရှင်၊ငါ၏ဘုရားအားတစ်ဖန် ထောမနာပြုပါမည်။
6ယခုပြည်နှင်ဒဏ်ငါခံနေရချိန်၌ငါ၏ စိတ်နှလုံးသည်ကြေကွဲလျက်ရှိ၏။
သို့ဖြစ်၍ငါသည်ကိုယ်တော်ကို အောက်မေ့သတိရပါ၏။
ကိုယ်တော်သည်ဟေရမုန်တောင်နှင့်
မိဇရတောင်မှဝမ်းနည်းခြင်းလှိုင်းလုံးများကို စေလွှတ်တော်မူပြီးလျှင်
ယော်ဒန်မြစ်မှရေတံခွန်စီးဆင်းလာသကဲ့သို့ အသံဗလံနှင့်ငါ့ကိုလွှမ်းမိုးစေတော်မူပါ၏။
8နေ့အချိန်၌ထာဝရဘုရားသည်မိမိ၏ ခိုင်မြဲသော မေတ္တာတော်ကိုပြတော်မူပါစေသော။
ထိုအခါညအချိန်၌ငါသည်သီချင်းဆိုနိုင်၍
ငါ၏အသက်သခင်ဘုရားသခင်ထံတော်သို့ ဆုတောင်းပတ္ထနာပြုနိုင်ပါမည်။
9``ကိုယ်တော်သည်အဘယ်ကြောင့်ကျွန်တော်မျိုးအား မေ့လျော့၍နေတော်မူပါသနည်း။
အဘယ်ကြောင့်ကျွန်တော်မျိုးသည်ရန်သူတို့၏
ရက်စက်ကြမ်းကြုတ်မှုဒဏ်ကိုခံလျက် နေရပါမည်နည်း'' ဟု
ငါ့ကိုကွယ်ကာသောအရှင်၊ဘုရားသခင်အား ငါလျှောက်ထားပါ၏။
10ငါ့ရန်သူများက``သင်၏ဘုရားသည်
အဘယ်မှာနည်း''ဟုငါ့အားအဖန်တလဲလဲ မေးမြန်းသဖြင့်
သူတို့၏စော်ကားမှုကြောင့်ငါသည်အလွန်ပင် စိတ်ပျက်အားလျော့ရပါ၏။
11ငါသည်အဘယ်ကြောင့်ဤမျှစိတ်ညှိုးငယ်ရသနည်း။ အဘယ်ကြောင့်ပူပင်သောကရောက်ရသနည်း။
ငါသည်ထာဝရဘုရားအားမျှော်ကိုးပါမည်။
ငါ၏ကယ်တင်ရှင်၊ငါ၏ဘုရားသခင်အား တစ်ဖန်ထောမနာပြုပါမည်။

Did you know?
Thirsting for God Far from Home
- The psalm is introduced as a song of the sons of Korah, a Levitical family descended from the Levite Korah who took part in temple music and worship.Sources: the Bible text itself · Korah (Levite)
- The speaker longs for God from the northern borderlands, mentioning the Jordan, Mount Hermon, and Mount Mizar. Hermon is a towering range with multiple peaks reaching over 9,000 feet, while Mizar (meaning 'smallness') represents a lesser neighboring summit.Sources: the Bible text itself · Hermon · Hill Mizar
- The poem uses vivid water metaphors, moving from a thirsty deer longing for mountain streams to roaring waterfalls and crashing waves that symbolize overwhelming emotional distress.Sources: the Bible text itself
Notes written with AI assistance from open sources (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, public domain) and reviewed before publishing.
Places in this chapter
Only places identified with high confidence are shown (90% or more according to the scholarly sources compiled by OpenBible). Period map: DARE (Digital Atlas of the Roman Empire), CC BY 4.0; modern map: © OpenStreetMap contributors; places: OpenBible.info (CC BY 4.0).
Credits and license for this translation
Common Language Bible Burmese: Common Language Bible Bible without Deuterocanon Public Domain Language: Mynmar language (Burmese) Translation by: Bible Society of Myanmar Burmese Common Language Bible This translation is published by the Bible Society of Myanmar. If you are interested in obtaining a printed copy, please contact the Bible Society of Myanmar at https://bsmyanmar.org/. © 2005 Bible Society of Myanmar. Note: Myanmar is not a member of the Berne Convention treaty, so this copyright does not extend outside of Myanmar. 2014-03-30
Source: http://ebible.org/mya/ · eBible.org