Cântico dos Cânticos 6
မြန်မာကျမ်းစာ · Toque num versículo para ver as referências cruzadas.
1မိန်းမ တကာတို့ ထက် အဆင်း လှသောအစ်မ၊ သင် ချစ် ရာသခင်သည် အဘယ် အရပ်သို့ကြွ တော်မူသနည်း။ အကျွန်ုပ်တို့သည် သင် နှင့်အတူ သူ့ ကိုရှာ ရမည် အကြောင်း ၊ သင် ချစ် ရာသခင်သည် အဘယ် အရပ်သို့ လွှဲ သွားတော်မူသည်ကို ပြောပါ။ 2ငါ ချစ် ရာသခင်သည် ဥယျာဉ် တော်၌ သစ်သီးကို စား ၍ ၊ နှင်းပွင့် ကို ဆွတ်ယူ မည်ဟု၊ ဥယျာဉ် တော်တွင် နံ့သာ တော သို့ ဆင်း သွားတော်မူပေ၏။ 3ငါ ချစ် ရာသခင်သည် ငါ့ ကိုဆိုင် တော်မူ၏။ ငါ သည်လည်း သခင် ကို ဆိုင် ပေ၏။ နှင်း တော၌ ကျက်စား တော်မူ၏။ 4ငါ ချစ် သောနှမ၊ သင် သည်တိရဇ မြို့ကဲ့သို့ လှ ၏။ ယေရုရှလင် မြို့ကဲ့သို့ တင့်တယ် ၏။ စစ် မျက်နှာကဲ့သို့ ကြောက်မက် ဘွယ်ဖြစ်၏။ 5သင် ၏မျက်စိ တို့ကို ငါ မှ လွှဲ ပါ။ သူ တို့သည် ငါ့ ကို အောင် ပြီ။ သင် ၏ဆံပင် သည်လည်း၊ ဂိလဒ် တောင်ပေါ်မှ ဆင်း လာသောဆိတ် စု ကဲ့သို့ ဖြစ်၏။ 6သင် ၏သွား တို့သည်လည်း၊ ရေချိုး ရာမှ တက် လာသော သိုး စု ကဲ့သို့ ဖြစ်ကြ၏။ တကောင်မျှ မလျော့ ၊ အမွှာ သာ ဘွားတတ်ကြ၏။ 7နားပန်း ဆံကြား မှာ ပါးတို့သည် သလဲ သီးရှက် နှင့် တူ ကြ၏။ 8မိဖုရား ခြောက် ကျိပ်၊ မောင်းမမိဿံ ရှစ် ကျိပ်၊ အပျို တော်အတိုင်း မသိရှိကြ၏။ 9ငါ့ ချိုး ၊ ငါ ၏စုံလင် သူသည် ငါ၌တပါး တည်းရှိ၏။ ဘွားမြင် သောမိခင် ၌ အချစ် ဆုံးသောသမီး ဖြစ်၏။ လူမျိုး သမီး တို့သည် သူ့ ကိုမြင် ၍ ကောင်းကြီး ပေးကြ၏။ မိဖုရား များနှင့် မောင်းမမိဿံ များတို့သည် ချီးမွမ်း ကြ၏။ 10လ ကဲ့သို့ တင့်တယ် လျက်၊ နေ ကဲ့သို့ ထွန်းလင်း လျက်၊ စစ် မျက်နှာကဲ့သို့ ကြောက်မက် ဘွယ်ဖြစ်လျက်၊ နံနက် ကဲ့သို့ မျှော်ရှု သော သတို့သမီးကား ၊ အဘယ်သူ နည်း။ 11ချိုင့် ထဲမှာ သစ်သီး များကိုကြည့်ရှု ၍ ၊ စပျစ်နွယ် ပင် သန်သည် မသန်သည်ကို၎င်း၊ သလဲ ပင်ပွင့် သည် မပွင့်သည်ကို၎င်းသိ ခြင်းငှါ ၊ ငါပြုစု သော ဥယျာဉ် သို့ ငါဆင်း သွား၏။ 12သတိ မ ရမှီ ငါ့ ဝိညာဉ် သည် အမိနဒိပ်ရထား ကို စီးသကဲ့သို့ဖြစ်၏။ 13အိုရှုလမိတ် ၊ ပြန် လာပါ။ ပြန် လာပါ။ အကျွန်ုပ် တို့သည် သင့် ကို ရှုမြင် ရမည်အကြောင်း ၊ ပြန် လာပါ။ ပြန် လာပါ။ ရှုလမိတ် ၌ အဘယ်သို့ သောအရာကို တွေ့မြင် ကြလိမ့်မည်နည်း။ စစ်တပ် နှစ်တပ်ကဲ့သို့ တွေ့မြင်ကြ ပါမည်။

Você sabia?
Beleza e Esplendor Real
- O poema exalta a beleza da mulher comparando-a a Tirza e a Jerusalém, dois destacados centros reais. Tirza era uma antiga cidade cananeia célebre por seu encanto que mais tarde serviu como uma das primeiras capitais do reino do norte de Israel, enquanto Jerusalém se erguia como a capital montanhosa de Judá.Fontes: Tirzah · Jerusalem · o próprio texto bíblico
- A descrição do cabelo que desce como um rebanho de cabras de Gileade evoca o território montanhoso a leste do rio Jordão, onde rebanhos pastavam ao longo de encostas íngremes.Fontes: Gilead · o próprio texto bíblico
Notas escritas com auxílio de IA a partir de fontes abertas (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, domínio público) e revisadas antes de publicar.
Lugares deste capítulo
Só aparecem lugares com identificação de alta confiança (90% ou mais segundo as fontes acadêmicas reunidas pelo OpenBible). Mapa da época: DARE (Digital Atlas of the Roman Empire), CC BY 4.0; mapa atual: © colaboradores do OpenStreetMap; lugares: OpenBible.info (CC BY 4.0).
Créditos e licença desta tradução
မြန်မာကျမ်းစာ The Holy Bible in the Burmese language of Myanmar, Judson version of 1840 Public Domain Language: ဗမာ (Burmese) Translation by: Adoniram Judson 2025-10-20
Fonte: http://ebible.org/myajvb/ · eBible.org