Cântico dos Cânticos 3
မြန်မာကျမ်းစာ · Toque num versículo para ver as referências cruzadas.
1ငါ့ ဝိညာဉ် ချစ် သောသူ ကို ညဉ့် အခါ အိပ်ရာ ပေါ် မှာ ငါရှာ ၏။ ရှာ သော်လည်း မ တွေ့။ 2ငါထ မည်။ မြို့ လမ်းတို့တွင် လည် မည်။ ငါ့ ဝိညာဉ် ချစ် သောသူ ကို လမ်းမ တို့တွင် ရှာ မည်ဟုဆိုလျက် ရှာ သော်လည်း မ တွေ့။ 3မြို့ ကိုလည် သော ကင်း စောင့်တို့သည် ငါ့ ကို တွေ့ ကြသော်၊ ငါ့ ဝိညာဉ် ချစ် သော သူ ကိုမြင် ကြသလောဟု ငါမေး၏။ 4သူ တို့မှ အနည်းငယ် လွန် ပြန်လျှင် ၊ ငါ ဝိညာဉ် ချစ် သောသူ ကို တွေ့ ၏။ ငါသည် သူ့ ကိုမ လွှတ်။ အမြဲကိုင် ၍ ငါ့ ကိုဘွားမြင် သော မိခင် ၏အိမ် ၌ အိပ်ရာအခန်း ထဲ သို့ ဆောင် ခဲ့ ၏။ 5ယေရုရှလင် မြို့သမီး တို့၊ ငါချစ် သော သတို့သမီးသည် အလိုလို မ နိုး မှီတိုင်အောင်၊ မ လှုပ်မနှိုး မည် အကြောင်း ၊ တော ၌ ကျင်လည်သောသမင် ဒရယ် များကို တိုင်တည်၍၊ သင် တို့ကို ငါမှာ ထား၏။ 6မုရန် ၊ လောဗန် အစရှိသော ကုန်သည်ရောင်း တတ်သောနံ့သာမှုန့်မျိုးကို မီးရှို့၍၊ ထ သော မီးခိုး တိုင် သဏ္ဍာန် ရှိလျက်၊ တော ထဲ ကလာ သော ထို သူကား၊ အဘယ်သူ ဖြစ်ပါလိမ့်မည်နည်း။ ရှောလမုန် မင်း၏ယာဉ်ပျံ တော်ကိုကြည့် ကြလော့။ သူရဲ ခြောက်ကျိပ် ၊ ဣသရေလ အမျိုးသားသူရဲ အချွေအရံ ရှိကြ၏။ 7ထိုသူ အပေါင်း တို့သည် ထား ကိုင် လျက်၊ စစ်မှု စစ်ရေး၌ လေ့ကျက် သောသူဖြစ် ကြ၏။ 8ညဉ့် အခါ စိုးရိမ် စရာရှိသောကြောင့် ၊ လူတိုင်း မိမိ ပေါင် ၌ မိမိ ထား ကိုမြှောင်ထားလျက်ရှိ၏။ 9လေဗနုန် သစ်သား ဖြင့် ရှောလမုန် မင်းကြီး လုပ် တော်မူသောယာဉ် ပျံတော်ဖြစ်၏။ 10ကွန်းစင်တိုင် တို့ကို ငွေ ဖြင့်၎င်း၊ အောက် ပိုင်းကို ရွှေ ဖြင့်၎င်း၊ ထိုင် ရန်ဖုံကို နီမောင်း သော ကမ္ပလာဖြင့်၎င်း၊ ပြီး စေတော်မူ၏။ အတွင်း ကိုမူကား၊ ယေရုရှလင် မြို့သမီး တို့သည် မေတ္တာ နှင့် ချယ်လှယ် ကြပြီ။ 11ဇိအုန် သတို့သမီး တို့၊ လက်ထပ် မင်္ဂလာဆောင်သောနေ့ ၊ နှလုံး တော်ရွှင်လန်း သောနေ့ ၌ မယ်တော် တင် သော ဦးရစ် သရဖူကို ဆောင်းတော်မူသောရှောလမုန် မင်းကြီး ကို သွား ၍ ဖူးမြင် ကြလော့။

Você sabia?
Uma Procissão Real e a Busca pelo Amor
- O poema descreve uma liteira real construída para o rei Salomão com madeira das florestas montanhosas do Líbano, ornamentada com colunas de prata, base de ouro e tecido de púrpura. Ela avança pelo deserto acompanhada por colunas de fumaça aromática e uma escolta de sessenta guerreiros armados preparados para os perigos da noite.Fontes: o próprio texto bíblico · Lebanon
- A noiva invoca repetidamente as 'filhas de Jerusalém' e as 'filhas de Sião', fazendo referência à antiga cidadela fortificada e cidade associada a Davi e Salomão, onde se realiza a celebração nupcial.Fontes: o próprio texto bíblico · Jerusalem · Zion
Notas escritas com auxílio de IA a partir de fontes abertas (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, domínio público) e revisadas antes de publicar.
Lugares deste capítulo
- Jerusalem · 31.777, 35.234 · versículos 5, 10
- Lebanon · 33.540, 35.584 · versículo 9
- Zion · Hoje: Jerusalem · 31.777, 35.234 · versículo 11
Só aparecem lugares com identificação de alta confiança (90% ou mais segundo as fontes acadêmicas reunidas pelo OpenBible). Mapa da época: DARE (Digital Atlas of the Roman Empire), CC BY 4.0; mapa atual: © colaboradores do OpenStreetMap; lugares: OpenBible.info (CC BY 4.0).
Créditos e licença desta tradução
မြန်မာကျမ်းစာ The Holy Bible in the Burmese language of Myanmar, Judson version of 1840 Public Domain Language: ဗမာ (Burmese) Translation by: Adoniram Judson 2025-10-20
Fonte: http://ebible.org/myajvb/ · eBible.org