Romanos 9
မြန်မာကျမ်းစာ · Toque num versículo para ver as referências cruzadas.
1ငါ့ ကိုယ်ကိုကိုယ်သိ သော စိတ်သည် သန့်ရှင်း သော ဝိညာဉ် တော်နှင့်တကွ ငါ့ ဘက်၌ သက်သေခံ လျက်၊ ငါသည်မုသာ မ ပါ၊ ခရစ်တော် ရှေ့၌ မှန်ကန် စွာ ပြော သည်ကား၊ 2ငါ သည် အလွန် ဝမ်းနည်း ခြင်းရှိ ၏။ စိတ် နှလုံး ထဲ၌ မခြားမလပ် ပူပန် ခြင်းဝေဒနာရှိ၏။ 3အကြောင်းမူကား ၊ ဇာတိ အားဖြင့် ငါ့ အမျိုးသား ချင်းဖြစ်သော ငါ့ ညီအစ်ကို တို့အတွက် ၊ ငါ သည်ကိုယ်တိုင် ခရစ်တော် နှင့် ခွာ ၍ ကျိန် ခြင်းကိုခံချင်လောက်အောင် စိတ် ရှိ၏။ 4ထိုသူ တို့သည် ဣသရေလ လူဖြစ် ၍၊ သား အရာ၌ ချီးမြှောက်ခြင်းနှင့်၎င်း ၊ ဘုန်း အာနုဘော်တော်နှင့်၎င်း ၊ ပဋိညာဉ် တရားတို့နှင့်၎င်း ၊ ပညတ် တရားထားခြင်းနှင့် ၎င်း ၊ ဝတ်ပြု ခြင်းနှင့်၎င်း ၊ ဂတိ တော်တို့နှင့်၎င်း၊ ဆိုင်ကြ၏။ 5ဘိုးဘေး များတို့နှင့်ဆက်နွယ်သောသူလည်း ဖြစ်ကြ၏။ ခရစ်တော် သည်လည်း ၊ ဇာတိ အမျိုးအားဖြင့် ထိုသူ တို့၏ အမျိုးဖြစ်တော်မူ၏။ ထိုခရစ်တော် သည်လည်း ခပ်သိမ်း သောအရာတို့ကို အစိုးရ တော်မူ၍ ထာဝရ မင်္ဂလာ ရှိ တော်မူသော ဘုရားသခင် ဖြစ်တော်မူ၏။ အာမင် 6ထိုသို့ဆိုသော်ဘုရားသခင် ၏ ဂတိ တော်မ တည် ဟု ငါမဆိုလို။ အကြောင်းမူကား ၊ ဣသရေလ နှင့် ဆက်နွယ်သော သူ အပေါင်း တို့သည် ဣသရေလ လူမှန်မ ဟုတ်။ 7ထိုနည်းတူအာဗြဟံ ၏ အမျိုးအနွယ် ဖြစ် သော သူအပေါင်း တို့သည် အာဗြဟံ၏သား မှန်မ ဟုတ်။ ဣဇာက် ၌ သာ သင် ၏အမျိုး တည်လိမ့်မည်ဟု ဗျာဒိတ် တော်ရှိ၏။ 8ထိုကြောင့်၊ ဇာတိ အမျိုးသားတို့သည် ဘုရားသခင် ၏သား မှန်မ ဟုတ်။ ဂတိ တော်နှင့်ဆိုင်သော သား တို့သည် အမျိုးအနွယ်မှန်သည်ဟု မှတ် တော်မူ၏။ 9ဂတိ တော်အချက် ဟူမူကား ၊ ယခု မှစ၍ကာလ အချိန်စေ့သောအခါ ၊ ငါလာ ၍ စာရာ သည် သား ကို ရ လိမ့်မည်ဟု လာသတည်း။ 10ထိုမျှမက ၊ ရေဗက္ကာ သည် ငါ တို့ အဘ ဣဇာက် နှင့် စုံဘက် ၍ ပဋိသန္ဓေစွဲယူ သောအခါ ၊ 11ဘုရားသခင် ရွေးကောက် တော်မူခြင်းနှင့် ယှဉ်သောအကြံ တော်သည် အကျင့်အားဖြင့် မ တည် ၊ ခေါ် တော်မူသော သူ ၏အလိုတော်အားဖြင့် တည်မည် အကြောင်း ၊ သားမ ဘွား မှီ ၊ ထိုသားတို့သည် ကောင်း သောအကျင့်၊ မ ကောင်းသောအကျင့်ကိုမကျင့် မှီ၊ 12သားအကြီး သည် သားအငယ် ၌ ကျွန် ခံရလိမ့်မည်ဟု ထိုမိန်းမ အားဗျာဒိတ် ပေးတော်မူ၏။ 13ထိုသို့နှင့်အညီ၊ ယာကုပ် ကိုငါချစ် ၏။ ဧသော ကို မုန်း ၏ဟု ကျမ်းစာ လာသတည်း။ 14သို့ဖြစ်၍ ၊ အဘယ်သို့ ပြော ရမည်နည်း။ ဘုရားသခင် သည် မတရား သောအမှုကို ပြုတော်မူသလော။ ထိုသို့မ ပြောရ 15ဘုရားသခင်က၊ ငါသည်ကျေးဇူး ပြုလိုသောသူ ကိုကျေးဇူး ပြုမည်။ သနား လိုသောသူ ကိုလည်း သနား မည်ဟု မောရှေ ကို မိန့် တော်မူ၏။ 16ထိုကြောင့် ၊ လိုချင် သောသူ သည် တတ်နိုင်သည် မ ဟုတ်။ ပြေး သောသူ သည်လည်း တတ်နိုင်သည်မ ဟုတ်။ ကျေးဇူး ပြုတော်မူသော ဘုရားသခင် သာလျှင် တတ်နိုင်တော်မူ၏။ 17ကျမ်းစာ ၌ ဖာရော ဘုရင်ကိုဆိုသည်ကား၊ ငါ့ တန်ခိုး ကို သင် ၌ ငါပြ ခြင်းငှာ ၎င်း ၊ ငါ့ နာမ ကို မြေကြီး တပြင်လုံး တွင် ကျော်စော စေခြင်းငှာ ၎င်း၊ သင့် ကို ချီးမြှောက် ခဲ့ပြီဟု ဆို သတည်း။ 18ထိုသို့နှင့်အညီ၊ ကျေးဇူးပြုလို သောသူ ကို ကျေးဇူး ပြုတော်မူ၏။ ခိုင်မာစေလို သောသူ ကိုလည်း ခိုင်မာ စေတော်မူ၏။ 19သို့ဖြစ်လျှင် ၊ ဘုရားသခင်သည်အဘယ်ကြောင့် အပြစ်တင် တော်မူသေး သနည်း။ အဘယ်သူ သည် အလို တော်ကို ဆီးတား ဘူးသနည်းဟု ဆို မည်လော။ 20ဘုရားသခင် ကို ငြင်းဆန် သော အချင်း လူ ၊ သင် သည်ကား အဘယ်သူ နည်း။ လုပ်အပ် သော အရာ သည် လုပ် တတ်သောသူ အား၊ အဘယ်ကြောင့် ငါ့ ကို ဤသို့ လုပ် သနည်းဟု ဆို ရမည်လော။ 21အိုးထိန်း သမားသည် အိုးမြေကို ပိုင် သည် မ ဟုတ်လော။ အိုး မြေတပုံ တည်း နှင့် အိုး မြတ် ၊ အိုးယုတ် ကို လုပ် ပိုင်သည်မဟုတ်လော။ 22ဘုရားသခင် သည် မိမိ အမျက် တော်ကိုပြ ၍ ၊ တန်ခိုး တော်ကို ထင်ရှား စေခြင်းငှာအလို တော်ရှိလျက်၊ ပျက်စီး ခြင်းအဘို့ ပြင်ဆင် သော အမျက် ရာအိုး များတို့ကို အလွန် သည်းခံ ခြင်းခန္တီနှင့်သည်းခံ တော်မူသည် မှန်လျှင် အဘယ်ပြောဘွယ်ရှိအံ့နည်း။ 23ချီးမြှောက် ခြင်းအဘို့ ပြင်ဆင် တော်မူနှင့်သော ကရုဏာ ခံရာ အိုး များတည်းဟူသော၊ 24ယုဒ အမျိုးသားတို့အထဲ မှသာ မ ဟုတ်၊ တစ်ပါး အမျိုးသားတို့အထဲ မှ ပရောဖက်ဟောရှေဆိုသည်အတိုင်း ခေါ် တော်မူသောငါတို့၌ ဘုန်း အာနုဘော်တော် ကြွယ်ဝ ခြင်းကို ထင်ရှား စေခြင်းငှာ ပြုတော်မူသည် မှန်လျှင်၊ အဘယ်ပြောဘွယ်ရှိအံ့နည်း။ 25ဟောရှေ ၏ ကျမ်းစာ၌ လာ သည်ကား၊ ငါ ၏ လူ မ ဟုတ်သော သူ ကိုငါ ၏လူ ဟူ၍ငါခေါ် မည်။ မ ချစ် သော သတို့သမီး ကိုလည်း အချစ် ဟူ၍ငါခေါ်မည်။ 26သင်တို့သည်ငါ ၏လူ မ ဟုတ် ဟုပြောဆို ရာ အရပ် ၌ နေ သောသူ တို့သည်၊ အသက် ရှင်တော်မူသော ဘုရားသခင် ၏သား ဟု ခေါ်ဝေါ် ခြင်းကို ခံရကြလိမ့်မည်ဟု လာသတည်း။ 27ပရောဖက်ဟေရှာယ သည်လည်း ၊ ဣသရေလ အမျိုးကို ရည်မှတ် ၍ ကြွေးကြော် သည်ကား၊ ဣသရေလ အမျိုးသား တို့သည် သမုဒ္ဒရာ သဲလုံး နှင့်အမျှ များ သော်လည်း ၊ ကြွင်း သောသူ တို့သာလျှင်ကယ်တင် တော်မူခြင်းသို့ ရောက်ကြလိမ့်မည်။ 28အမှု တော်ကို တရားသဖြင့် ပြီးစီး စေခြင်းငှာဆုံးဖြတ်တော်မူမည်။ ထာဝရ ဘုရားသည်မြေ ပေါ်မှာ ဆုံးဖြတ်တော်မူသော အမှုကို ပြုတော်မူလိမ့်မည်ဟု ဆိုသတည်း။ 29ထိုသို့ နှင့်အညီ၊ ဟေရှာယ သည် အထက် က ဆိုပြန်သည်ကား၊ ကောင်းကင် ဗိုလ်ခြေအရှင်ထာဝရ ဘုရားသည်ငါ တို့၌ မျိုးစေ့ ကို ကြွင်း စေတော်မ မူလျှင် ၊ ငါတို့သည်သောဒုံ မြို့ကဲ့သို့ ဖြစ် ၍ ဂေါမောရ မြို့နှင့် တူ ကြပြီ။ 30ထိုကြောင့် ၊ အဘယ်သို့ ပြော ရမည်နည်းဟူမူကား ၊ ဖြောင့်မတ် ခြင်းကို မှီအောင် မ လိုက် သောတစ်ပါး အမျိုးသားတို့သည် ဖြောင့်မတ် ခြင်းကို မှီ ကြ၏။ ထိုသို့ဆိုသော်၊ ယုံကြည် ခြင်းအားဖြင့် မှီ သောဖြောင့်မတ် ခြင်းကို ဆိုလိုသတည်း။ 31ဖြောင့်မတ် ခြင်းတရား ကိုမှီအောင်လိုက် သော ဣသရေလ လူတို့မူကား၊ ဖြောင့်မတ်ခြင်းတရား ကို မ မှီ ကြ။ 32အဘယ်ကြောင့် မမှီကြသနည်း။ ယုံကြည် ခြင်း အားဖြင့် မ လိုက်၊ ပညတ်တရား၏ အကျင့် အားဖြင့် သာ လိုက်ကြ သတည်း။ 33ကျမ်းစာ၌လာ သည်ကား ၊ ထိမိ ၍ လဲစရာ ကျောက် ၊ မှားယွင်း စရာကျောက် ကို ဇိအုန် တောင်ပေါ်မှာ ငါချထား ၏။ ထိုကျောက် ကို အမှီပြု သောသူ မည်သည်ကား၊ ရှက်ကြောက် ခြင်းမ ရှိ နိုင်ရာဟုလာသည်နှင့်အညီ၊ ထိုကျောက်ကို ဣသရေလလူတို့သည် ထိမိ၍ လဲကြ၏။

Você sabia?
Israel e os filhos da promessa
- Estes versículos argumentam que a palavra de Deus não falhou: nem todos os descendentes de Israel são Israel, e nem todos os descendentes de Abraão são filhos dele. Isaque foi o único filho de Abraão com Sara, e a promessa citada aqui segue essa linha: a descendência seria contada por meio de Isaque e, no tempo determinado, Sara teria um filho. O nome Sara, que significa princesa, foi dado quando se anunciou que ela seria a mãe do filho prometido.Fontes: o próprio texto bíblico · Isaac · Sarah
- O argumento passa então aos gêmeos de Rebeca, concebidos por um só homem, Isaque. Esaú, o primogênito, também foi chamado Edom, "vermelho", por causa do cozido de lentilhas vermelhas pelo qual vendeu o direito de primogenitura; Jacó, o mais novo, tem um nome que significa quem segue os calcanhares de outro, ou suplantador. Antes de os gêmeos nascerem ou de fazerem qualquer coisa boa ou má, foi dito a Rebeca que o mais velho serviria ao mais novo, e está escrito: "Amei Jacó, mas odiei Esaú".Fontes: o próprio texto bíblico · Esau (Edom) · Jacob (Israel)
- Isaías, filho de Amoz, é citado a respeito de um remanescente: ainda que os israelitas fossem como a areia do mar, só o remanescente seria salvo e, sem descendentes deixados pelo Senhor dos Exércitos, teriam ficado como Sodoma e semelhantes a Gomorra. Sodoma, cidade no vale de Sidim, foi destruída por fogo do céu, destruição que este capítulo recorda, e não se encontrou vestígio dela nem das outras cidades da planície. O capítulo termina com uma pedra de tropeço posta em Sião, a colina do sudeste de Jerusalém, que Davi tomou dos jebuseus, onde construiu uma cidadela e um palácio, e que se tornou a cidade de Davi.Fontes: o próprio texto bíblico · Isaiah · Sodom · Zion
Notas escritas com auxílio de IA a partir de fontes abertas (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, domínio público) e revisadas antes de publicar.
Lugares deste capítulo
- Zion · Hoje: Jerusalem · 31.777, 35.234 · versículo 33
Só aparecem lugares com identificação de alta confiança (90% ou mais segundo as fontes acadêmicas reunidas pelo OpenBible). Mapa da época: DARE (Digital Atlas of the Roman Empire), CC BY 4.0; mapa atual: © colaboradores do OpenStreetMap; lugares: OpenBible.info (CC BY 4.0).
Créditos e licença desta tradução
မြန်မာကျမ်းစာ The Holy Bible in the Burmese language of Myanmar, Judson version of 1840 Public Domain Language: ဗမာ (Burmese) Translation by: Adoniram Judson 2025-10-20
Fonte: http://ebible.org/myajvb/ · eBible.org