Nations Bible

Romanos 13

မြန်မာကျမ်းစာ · Toque num versículo para ver as referências cruzadas.

1အစိုးရသော မင်းအာဏာစက် ၏ အုပ်စိုး ခြင်းကို လူ တိုင်း ဝန်ခံ စေ။ အကြောင်းမူကား ၊ ဘုရားသခင် ၏ အခွင့် မ ရှိ လျှင် ၊ မင်းအာဏာစက်မရှိ။ အာဏာစက်ရှိသမျှ သည် ဘုရားသခင် ခန့်ထား တော်မူရာ ဖြစ် သတည်း။ 2ထိုကြောင့် ၊ မင်းအာဏာ ကို ဆန် သောသူ သည် ဘုရားသခင် စီရင် တော်မူရာကိုဆန် သောသူ ဖြစ်၏။ ထိုသို့ ဆန် သောသူ သည် ရာဇဝတ် ကို ခံရ မည်။ 3မင်း မူကား ကောင်း သောအကျင့် ကို ကျင့်သောသူကြောက် ဘို့ ဖြစ် သည်မ ဟုတ်။ မကောင်း သော အကျင့်ကို ကျင့်သောသူကြောက်ဘို့၏။ မင်းအာဏာ ကို မ ကြောက် ဘဲနေချင် သလော။ ကောင်း သော အကျင့်ကိုကျင့် လော့။ ကျင့်လျှင်မင်း အာဏာကြောင့် ချီးမွမ်း ခြင်းကို ခံရ လိမ့်မည်။ 4မင်းသည်ကား ၊ သင် ၏အကျိုး အလိုငှာ ဘုရားသခင် ၏ အစေခံ ဖြစ် ၏။ မကောင်း သောအကျင့်ကို ကျင့် လျှင် ၊ ကြောက် ခြင်းမရှိစေလော့။ အကြောင်းမူကား ၊ မင်းသည်အချည်းနှီး ဓား ကို ဆောင် သည်မ ဟုတ်။ မကောင်း သောအကျင့်ကို ကျင့် သောသူ တို့ကို အပြစ်တရားစီရင်၍ ရာဇဝတ်ပေးပိုင်သော သူတည်းဟူသောဘုရားသခင် ၏ အစေခံ ဖြစ် သတည်း။ 5ထိုကြောင့် ၊ ရာဇဝတ် ကိုကြောက်သောကြောင့် သာ မင်းအာဏာစက်၏အုပ်စိုးခြင်းကို ဝန်ခံ ရမည် မ ဟုတ်။ ကိုယ်ကိုကိုယ် သိသော စိတ်ကို ထောက် ၍ဝန်ခံရမည်။ 6ထို အကြောင်း ကြောင့် အခွန်အတုတ် ကို ပေး ကြလော့။ မင်းတို့သည် ဘုရားသခင် ၏ အမှု စောင့်ဖြစ် ၍၊ အမှုတော်ကို အမြဲ ထမ်းကြ၏။ 7ထိုကြောင့်၊ လူအသီးအသီး ခံထိုက် သည်အတိုင်း ပေး ကြလော့။ အခွန် ကိုခံထိုက်သောသူ အား အခွန် ကို ၎င်း၊ အကောက် ကို ခံထိုက်သော သူ အား အကောက် ကို၎င်း ပေးကြလော့။ ကြောက် ထိုက်သောသူ ကို ကြောက် ကြလော့။ ရိုသေ ထိုက်သောသူ ကို ရိုသေ ကြလော့။ 8အချင်းချင်း ချစ် ခြင်းမေတ္တာမှတစ်ပါး အဘယ် ကြွေး မျှ မ တင်စေနှင့်။ သူတစ်ပါး ကိုချစ် သောသူ သည် အကျင့် တရားနှင့်ပြည့်စုံ ပြီ။ 9အကြောင်းမူကား၊ သူ့မယားကိုမ ပြစ်မှား နှင့် ၊ လူအသက်ကို မ သတ် နှင့်၊ သူ့ဥစ္စာကိုမ ခိုး နှင့်၊ မမှန်သော သက်သေကိုမခံနှင့်၊ သူ့ဥစ္စာကို တပ်မက်လိုချင်သောစိတ်မ ရှိ စေနှင့်ဟူသော ပညတ်မှစ၍အခြား သော ပညတ် ရှိသမျှတို့သည်၊ ကိုယ် နှင့်စပ်ဆိုင် သောသူကို ကိုယ် နှင့်အမျှ ၊ ချစ် လော့ဟူသော ပညတ် တစ်ခု ၌ အပါအဝင် ဖြစ်ကြ၏။ 10ချစ် ခြင်းမေတ္တာရှိ သောသူသည် ကိုယ်နှင့် မ စပ်ဆိုင် သော သူ၏အကျိုးကို မဖျက်ဆီး တတ်။ ထိုကြောင့် ၊ ချစ် ခြင်းမေတ္တာသည် အကျင့် တရားပြည့်စုံ ရာ ဖြစ်သတည်း။ 11ထိုမှတစ်ပါး၊ ငါ တို့ကို ကယ်တင် သော ကျေးဇူးတော်သည် ငါတို့ယုံကြည် သော နေ့ရက်၌နီးသည်ထက် ယခု သာ၍နီး သောကြောင့် ၎င်း၊ 12ညဉ့် အချိန်ကုန် လု၍ နေ့ အချိန်ရောက် လုသောကြောင့် ၎င်း၊ ယခု အခါ အိပ်ပျော် ရာမှ နိုး ရသော အချိန် ရောက် ခဲ့ပြီဟု ငါတို့သည် သိ ၍ ကာလ အချိန်ကို ထောက်လျက်၊ မှောင်မိုက် ၏အကျင့် ကို ပယ်ရှား၍ ၊ အလင်း ၏ လက်နက်စုံ ကို ဝတ်ဆင် ဆောင်ရွက်ကြကုန်အံ့။ 13ပွဲ လုပ်ခြင်း၊ ယစ်မျိုး သောက်ကြူးခြင်း၊ မတရား သော မေထုန်၌ မှီဝဲခြင်း၊ ကိလေသာ ညစ်ညူးခြင်း၊ ရန်တွေ့ ခြင်း၊ ဂုဏ်ပြိုင် ခြင်းအမှုတို့ကို ကြဉ်ရှောင် ၍၊ နေ့ အချိန်၌ ကဲ့သို့ တင့်တယ် လျောက်ပတ်စွာ ကျင့်ဆောင်ပြုမူကြကုန်အံ့။ 14သခင် ယေရှု ခရစ် ကို ယူတင်ဝတ်ဆောင် ကြလော့။ ကိုယ် ကာယ၏တပ်မက် ခြင်းအလိုငှာ မ ကြံစည် ကြနှင့်။

Você sabia?

Autoridade, impostos e a dívida do amor

  • Este capítulo afirma que não há autoridade senão a que vem de Deus, e que as autoridades que existem foram estabelecidas por Deus. Quem resiste à autoridade é descrito como quem se opõe ao que Deus instituiu e como quem traz juízo sobre si mesmo. Os governantes, diz o texto, não inspiram terror à boa conduta, mas à má.Fontes: o próprio texto bíblico
  • O governante é chamado servo de Deus para o bem daqueles a quem o texto se dirige, e agente de retribuição para o malfeitor, que não porta a espada em vão. A submissão é apresentada como necessária não só para evitar o castigo, mas também por questão de consciência, e é também por isso que se pagam impostos às autoridades que se dedicam ao seu trabalho. Cada pessoa deve dar impostos, tributos, respeito e honra a quem eles são devidos.Fontes: o próprio texto bíblico
  • A única dívida que deve permanecer é o amor de uns para com os outros, pois quem ama o seu próximo cumpriu a lei. Os mandamentos contra o adultério, o assassinato, o roubo e a cobiça, e quaisquer outros mandamentos, se resumem no preceito de amar o próximo como a si mesmo, porque o amor não faz mal ao seu próximo. Os leitores são instruídos a viver assim, despertos para a hora, deixando as obras das trevas e revestindo-se do Senhor Jesus Cristo, já que a noite está quase no fim e o dia se aproximou.Fontes: o próprio texto bíblico

Notas escritas com auxílio de IA a partir de fontes abertas (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, domínio público) e revisadas antes de publicar.

Créditos e licença desta tradução
မြန်မာကျမ်းစာ
The Holy Bible in the Burmese language of Myanmar, Judson version of 1840
Public Domain
Language: ဗမာ (Burmese)
Translation by: Adoniram Judson
2025-10-20

Fonte: http://ebible.org/myajvb/ · eBible.org

Fale com a gente

Conte de onde você lê, como a Bíblia tem te ajudado ou o que podemos melhorar. Lemos todas as mensagens.