Apocalipse 12
မြန်မာကျမ်းစာ · Toque num versículo para ver as referências cruzadas.
1ကောင်းကင် ၌ ကြီးစွာ သော နိမိတ် လက္ခဏာ ဟူမူကား ၊ မိန်းမ တစ်ဦးသည် နေ ကိုဝတ် လျက်၊ လ ကို ခြေ ဖြင့်နင်း လျက် ၊ မိမိ ခေါင်း ပေါ်၌ ကြယ် ဆယ်နှစ် လုံးဖြင့်ပြီးသော သရဖူ ကို ဆောင်းလျက်ပေါ်လာ ၏။ 2ထိုမိန်းမသည်ကိုယ်ဝန်ဆောင် ၍ ဘွား အံ့သော ဝေဒနာ ပြင်း သောကြောင့် အော်ဟစ် လေ၏။ 3ကောင်းကင် ၌ အခြား သော နိမိတ် လက္ခဏာပေါ်လာ သည်ကား ၊ အဆင်းနီ သော နဂါး ကြီး သည် ခေါင်း ခုနစ် လုံး၊ ချို ဆယ် ချောင်းနှင့်တကွ ခေါင်း ပေါ်၌ သရဖူ ခုနစ် ဆူကို ဆောင်းလျက်ရှိ ၏။ 4သူ ၏အမြီး သည် ကောင်းကင် ကြယ် သုံးစုတစု ကိုဆွဲငင် ၍ မြေကြီး သို့ ချ လိုက်လေ၏။ သားကိုဘွား လု သော မိန်းမသည် ဘွား သောအခါ ၊ နဂါး သည် ထို သား ကို ကိုက်စား မည့်အကြံနှင့် မိန်းမ ရှေ့ ၌ရပ် နေ၏။ 5ထို မိန်းမသည်လူမျိုး တကာ တို့ကို သံ လှံတံ နှင့် အုပ်စိုး လတံ့ သော သား ယောက်ျား ကို ဘွားမြင်၏ ။ ထို သား ကို ဘုရားသခင် ထံသို့ ၎င်း ၊ ပလ္လင် တော်သို့ ၎င်း ချီယူ တော်မူ၏။ 6မိန်းမ သည် အရက် တစ်ထောင် နှစ်ရာ ခြောက်ဆယ် ပတ်လုံးတော ၌ ကျွေးမွေး ခြင်းကို ခံရမည်အကြောင်း ဘုရားသခင် ပြင်ဆင် တော်မူသော အရပ် သို့ ပြေး လေ၏။ 7ကောင်းကင် ၌ စစ် ဖြစ် ၏။ မိက္ခေလ နှင့် သူ ၏ ကောင်းကင်တမန် တို့သည် နဂါး ကို စစ်တိုက် ကြ၏။ နဂါး နှင့် သူ ၏တမန် တို့သည် စစ်တိုက် ၍ မ နိုင် ကြ။ ကောင်းကင် ၌ လည်း သူ တို့နေစရာ မ ရှိ ။ 8ထိုအခါဤ လောက တစ်နိုင်ငံလုံး ကို လှည့်ဖြား ၍ မာရ်နတ် စာတန် အမည် ရှိသော ရှေး မြွေ ဟောင်းတည်းဟူသောနဂါး ကြီး ကို၎င်း၊ 9သူ နှင့်အတူ သူ ၏တမန် တို့ကို၎င်း၊ မြေကြီး သို့ ချ လိုက်ကြ၏။ 10ကောင်းကင် ဘုံ၌ ကြီး သောအသံ ကား ၊ ယခု မှာ ကယ်တင် ခြင်းဖြစ် ၏။ တန်ခိုး တော်လည်း ဖြစ်၏။ ငါ တို့ ဘုရားသခင် ၏ နိုင်ငံ တော်နှင့် သူ ၏ ခရစ်တော် ၏ အာဏာ တော်စက်လည်းဖြစ်၏။ အကြောင်းမူကား ၊ ငါ တို့ညီအစ်ကို များကို ငါ တို့ဘုရားသခင် ရှေ့ တော်၌ နေ့ ညဉ့် မပြတ်အပြစ်တင် သောရန်သူ ကို အောက်သို့ ချ လေပြီ။ 11သူ တို့သည် သိုးသူငယ် ၏ အသွေး အားဖြင့် ၎င်း၊ မိမိ တို့သက်သေခံ ချက်နှုတ်ကပတ် တရားအားဖြင့် အောင်မြင် ၍ ၊ အသေခံ သည်တိုင်အောင် ကိုယ် အသက် ကို မ နှမြော ကြ။ 12ထိုကြောင့် ကောင်းကင် နှင့် ကောင်းကင် သားတို့ ရွှင်လန်း ကြလော့။ မြေကြီး နှင့် ပင်လယ် သည် အမင်္ဂလာ ရှိ၏။ အကြောင်းမူကား ၊ မာရ်နတ် သည် မိမိကာလ တခဏ သာရှိသည် ကို သိ ၍၊ ပြင်းစွာ သော ဒေါသ အမျက်နှင့်တကွသင် တို့ရှိ ရာသို့ ဆင်း လေပြီဟု ဆိုကြသည်ကို ငါကြား၏။ 13ထို နဂါး သည် မြေကြီး သို့ ကိုယ်ကျ သည်ကို သိမြင် လေသော် ၊ သား ယောက်ျားကို ဘွားမြင် သော မိန်းမ ကို ညှဉ်းဆဲ ၏။ 14မိန်းမ သည် ထို မြွေ နှင့်လွတ်၍၊ တစ်ကာလ ၊ နှစ်ကာလ ၊ ကာလ တစ်ဝက် ပတ်လုံးကျွေးမွေး ခြင်းကို ခံရာ အရပ် တည်းဟူသောတော အရပ် သို့ ပျံ နိုင်မည့် အကြောင်း၊ ရွှေလင်းတ ကြီး ၏ အတောင် နှစ် ဘက်ကို ရ လေ၏။ 15ထိုအခါ ၊ မိန်းမ ကို ရေ အဟုန်ဖြင့်မျောသွားစေခြင်းငှာ ၊ နဂါး သည် မိမိ ခံတွင်း ထဲက မြစ် ရေစီးသကဲ့သို့ ရေ ကို မိန်းမ နောက် ၌ ထုတ်ပစ် လေ၏။ 16မြေကြီး သည် မိန်းမ ကို မစ ၍ မိမိ ခံတွင်း ကို ဖွင့် ပြီးလျှင် ၊ နဂါး ၏ ခံတွင်း ထဲက ထုတ်ပစ် သော မြစ် ရေကို မျို လေ၏။ 17-
Você sabia?
A mulher, o dragão e a guerra no céu
- Neste capítulo, o enorme dragão vermelho é nomeado de forma explícita como a antiga serpente, chamada diabo e Satanás, o enganador do mundo inteiro. O Dicionário Bíblico de Easton (1897) explica que Satanás significa adversário ou acusador e que, no Novo Testamento, o nome é empregado como equivalente de diabo. Uma voz no céu o chama então de acusador dos irmãos, aquele que os acusa dia e noite diante de Deus.Fontes: o próprio texto bíblico · Satan
- Miguel e seus anjos lutam contra o dragão neste capítulo. O Dicionário Bíblico de Easton (1897) chama Miguel de um dos principais anjos e afirma que ele tinha um encargo especial sobre Israel como nação. O mesmo verbete o relaciona com a antiga serpente, chamada diabo e Satanás, que engana o mundo inteiro, ao citar Apocalipse 12:7-9.Fontes: o próprio texto bíblico · Michael
- O Dicionário Bíblico de Easton (1897) inclui o dragão e a antiga serpente entre os títulos de Satanás, citando Apocalipse 12:9. O próprio capítulo alterna essas imagens: depois que o dragão é lançado para baixo, a mulher recebe duas asas de uma grande águia para fugir da serpente, e da boca da serpente sai água como um rio para arrastá-la.Fontes: Satan · o próprio texto bíblico
Notas escritas com auxílio de IA a partir de fontes abertas (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, domínio público) e revisadas antes de publicar.
Créditos e licença desta tradução
မြန်မာကျမ်းစာ The Holy Bible in the Burmese language of Myanmar, Judson version of 1840 Public Domain Language: ဗမာ (Burmese) Translation by: Adoniram Judson 2025-10-20
Fonte: http://ebible.org/myajvb/ · eBible.org