Salmos 95
မြန်မာကျမ်းစာ · Toque num versículo para ver as referências cruzadas.
1လာကြ။ ထာဝရဘုရား အား ရွှင်လန်းစွာသီချင်း ဆိုကြကုန်အံ့။ ငါ တို့သည် ကယ်တင် ခြင်းသို့ရောက် ရာ ကျောက် ကို ကျူးဧ ကြကုန်အံ့။ 2ကျေးဇူး တော်ကို ချီးမွမ်းလျက် ရှေ့ တော်သို့ ဝင် ၍၊ ဆာလံသီချင်း ဆိုလျက် ကျူးဧ သောအသံကို ပြုကြကုန် အံ့။ 3ထာဝရဘုရား သည် ကြီးမြတ် သောဘုရား ၊ ဘုရား တကာ တို့ထက် ကြီးမြတ် သော ဘုရင် ဖြစ်တော်မူ၏။ 4မြေကြီး နက်နဲ ရာ အရပ်တို့သည် လက် တော် ၌ ရှိကြ၏။ တောင် ထိပ် တို့ကိုလည်း ပိုင်တော်မူ၏။ 5ပင်လယ် ကိုလည်း ဖန်ဆင်း ၍ ပိုင်တော်မူ၏။ ကုန်း ကိုလည်း လက် တော်နှင့် ပြုပြင် တော်မူ၏။ 6လာကြ။ ပြပ်ဝပ် ၍ ကိုးကွယ် ကြကုန်အံ့။ ငါ တို့ကို ဖန်ဆင်း တော်မူသောထာဝရ ဘုရား၏ ရှေ့ တော်၌ ဒူးထောက် ကြကုန်အံ့။ 7ထာဝရ ဘုရားသည် ငါ တို့၏ ဘုရား ဖြစ်တော်မူ ၏။ ငါ တို့သည်လည်း ၊ အထံ တော်၌ ကျက်စား သောသူ ၊ လက် တော်အောက်၌ နေသောသိုးစု ဖြစ်ကြ၏။ 8ယနေ့ တွင် သင်တို့သည် ဗျာဒိတ်တော် အသံ ကို ကြား လျက် ခိုင်မာ သော စိတ် နှလုံးမ ရှိကြနှင့်။ 9သင် တို့အဘ များသည် အနှစ် လေးဆယ် ပတ်လုံးငါ့ ကို အနည်းနည်းစုံစမ်း ၍၊ ငါ ၏အမှု တို့ကို မြင် ရသောတော တွင် ၊ ငါ့ကိုဆန့်ကျင်ဘက်ပြု၍၊ စုံစမ်း ရာကာလ ၌ ရှိသကဲ့သို့ မရှိစေကြနှင့်။ 10ထိုလူမျိုး ကို ငါရွံ သည်ဖြစ်၍ ၊ သူ တို့သည် စိတ် သဘောမှားယွင်း တတ်သော လူမျိုး ဖြစ်ကြ၏။ ငါ ၏ အလေ့ အလာတို့ကို နား မ လည်ကြဟု ငါဆို ရ၏။ 11ထိုကြောင့် သူတို့သည် ငါ ၏ချမ်းသာ ထဲ သို့ မ ဝင် ရကြဟု အမျက်ထွက် ၍ ငါကျိန်ဆို ၏။

Você sabia?
Um Chamado ao Louvor e uma Solene Advertência
- O Salmo 95 começa como um convite para adorar a Deus com cânticos e ações de graças, celebrando-o como um grande Rei, Criador dos mares e montanhas, e o pastor que cuida de Seu povo. O salmo convida a comunidade não apenas a cantar com júbilo, mas também a se prostrar e se ajoelhar diante de seu Criador.Fontes: o próprio texto bíblico
- Na segunda metade do salmo, o tom muda repentinamente para uma advertência divina contra o endurecimento do coração. O texto relembra a rebelião em Meribá e Massá no deserto, onde o povo provou a Deus durante quarenta anos apesar de ter visto Suas obras, levando ao juramento divino de que não entrariam em Seu descanso.Fontes: o próprio texto bíblico
Notas escritas com auxílio de IA a partir de fontes abertas (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, domínio público) e revisadas antes de publicar.
Lugares deste capítulo
- Meribah · Hoje: within 500 m of Wadi Rufaiyil · 28.623, 33.880 · versículo 8
Só aparecem lugares com identificação de alta confiança (90% ou mais segundo as fontes acadêmicas reunidas pelo OpenBible). Mapa da época: DARE (Digital Atlas of the Roman Empire), CC BY 4.0; mapa atual: © colaboradores do OpenStreetMap; lugares: OpenBible.info (CC BY 4.0).
Créditos e licença desta tradução
မြန်မာကျမ်းစာ The Holy Bible in the Burmese language of Myanmar, Judson version of 1840 Public Domain Language: ဗမာ (Burmese) Translation by: Adoniram Judson 2025-10-20
Fonte: http://ebible.org/myajvb/ · eBible.org