Salmos 85
မြန်မာကျမ်းစာ · Toque num versículo para ver as referências cruzadas.
1အို ထာဝရဘုရား ၊ ကိုယ်တော် သည် ပြည် တော် ကို စိတ် နှင့် တွေ့တော်မူ၍၊ ဘမ်းဆီးသိမ်းသွားခြင်းကို ခံရသောယာကုပ် အမျိုးသားတို့ကို ပြန် ပို့စေတော်မူပြီ။ 2ကိုယ်တော် ၏ လူ တို့အပြစ် ကိုလွှတ် ၍၊ သူ တို့၏ ဒုစရိုက် အပေါင်း ကိုလည်း ဖုံးအုပ် တော်မူပြီ။ 3စိတ် တော်ရှင်းရှင်း ပြေ ၍၊ အမျက် တော် အရှိန် ကို လျော့စေ တော်မူပြီ။ 4အကျွန်ုပ် တို့ကို ကယ်တင် တော်မူသော ဘုရား ၊ တဖန် အကျွန်ုပ် တို့ကို ပြောင်းလဲ စေ၍၊ ထွက်ဘူးသော အမျက် တော်ကို ငြိမ်းစေ တော်မူပါ။ 5အကျွန်ုပ် တို့၌ အစဉ် အမျက် ထွက်တော်မူမည် လော ။ ကာလ အစဉ်အဆက် စိတ် တော်မပြေဘဲ နေတော်မူ မည်လော။ 6ကိုယ်တော် ၏ လူ တို့သည် ကိုယ်တော် ကို အမှီပြု ၍ ဝမ်းမြောက် ပါမည်အကြောင်း ၊ တဖန်အကျွန်ုပ် တို့ကို အသက် ရှင်စေတော်မူမည်မ ဟုတ်လော။ 7အိုထာဝရဘုရား ၊ အကျွန်ုပ် တို့အား ကရုဏာ တော်ကိုပြ ၍၊ ကယ်တင် တော်မူခြင်းကျေးဇူးကို ပြု တော်မူ ပါ။ 8ထာဝရ အရှင် ဘုရား သခင်သည် အဘယ်သို့ မိန့် တော်မူမည်ကို ငါနားထောင် မည်။ အကယ် စင်စစ်မိမိ လူ ၊ မိမိ သန့်ရှင်း သူတို့အား ငြိမ်သက် ခြင်းအကြောင်းကို မိန့် တော်မူလိမ့်မည်။ သို့ရာတွင် ၊ နောက်တဖန် မိုက် သောအကျင့် ကို မ ကျင့် ကြပါစေနှင့်။ 9ငါ တို့ပြည် ၌ ဘုန်း တော်ကျိန်းဝပ် မည်အကြောင်း ၊ ကယ်တင် တော်မူခြင်း ကျေးဇူးသည်၊ ဘုရား သခင်ကို ကြောက်ရွံ့ သောသူတို့ ၏အနီး သို့ ဧကန် အမှန် ရောက် လေပြီ။ 10ကရုဏာ နှင့် သစ္စာ ဆုံ မိပြီ။ တရား နှင့် ချမ်းသာ သည် တပါးကို တပါးနမ်း ကြပြီ။ 11သစ္စာ သည် မြေကြီး ထဲ က ပေါက် လိမ့်မည်။ တရား သည်လည်း ကောင်းကင် ပေါ်က ငုံ့ကြည့် လိမ့်မည်။ 12အကယ် စင်စစ်ထာဝရဘုရား သည် ကျေးဇူး ပြု တော်မူ၍ ၊ ငါ တို့ မြေ သည် မိမိ ဘဏ္ဍာ ကို ပေး လိမ့်မည်။ 13တရား သည် ရှေ့ တော်၌သွား ၍ ခြေတော် ရာ တို့ကို ပဲ့ပြင် လိမ့်မည်။

Você sabia?
Um Clamor por Restauração e Paz
- O cabeçalho atribui esta composição aos filhos de Corá, descendentes do levita que liderou uma rebelião contra Moisés e Arão no deserto.Fontes: o próprio texto bíblico · Korah (Levite)
- O salmo relembra como Deus restaurou Jacó do cativeiro e perdoou os pecados do povo, usando o nome do filho de Isaque, Jacó, para se referir à nação.Fontes: o próprio texto bíblico · Jacob (Israel)
- Em uma célebre imagem poética, o salmista personifica atributos divinos, descrevendo o amor leal e a fidelidade se encontrando, e a justiça e a paz se beijando enquanto a terra produz sua colheita.Fontes: o próprio texto bíblico
Notas escritas com auxílio de IA a partir de fontes abertas (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, domínio público) e revisadas antes de publicar.
Créditos e licença desta tradução
မြန်မာကျမ်းစာ The Holy Bible in the Burmese language of Myanmar, Judson version of 1840 Public Domain Language: ဗမာ (Burmese) Translation by: Adoniram Judson 2025-10-20
Fonte: http://ebible.org/myajvb/ · eBible.org