Salmos 3
မြန်မာကျမ်းစာ · Toque num versículo para ver as referências cruzadas.
ဒါဝိဒ် သည် သား တော် အဗရှလုံ ရှေ့ မှ ပြေး သောအခါ စပ်ဆို သော ဆာလံ
1အိုထာဝရဘုရား ၊ အကျွန်ုပ် ၏ရန်သူ တို့သည်၊ အလွန် တိုးပွါး၍၊ အကျွန်ုပ် တဘက် ၌ ထ သောသူတို့သည် များ ကြပါ၏။ 2သူ သည်ဘုရား သခင်ကို အမှီ ပြု၍ ချမ်းသာ မ ရဟု အကျွန်ုပ် ကို ရည်ဆောင် ၍ ပြော သောသူ အများ ရှိကြပါ၏။ 3သို့သော်လည်း ၊ အိုထာဝရဘုရား ၊ ကိုယ်တော် သည် အကျွန်ုပ် ၏အကွယ် အကာဖြစ်တော်မူ၏။ အကျွန်ုပ် ၏ ဘုန်း လည်းဖြစ်တော်မူ၏။ အကျွန်ုပ် ၏ဦးခေါင်း ကို ချီ ကြွသော သူလည်း ဖြစ်တော်မူ၏။ 4ငါသည် ထာဝရဘုရား ထံ သို့အသံ ကိုလွှင့်၍ အော်ဟစ် သောအခါ ၊ သန့်ရှင်း သော တောင် တော်ပေါ် မှာ နားထောင် တော်မူ၏။ 5ထာဝရဘုရား သည် ငါ့ ကိုမစ တော်မူသောကြောင့် ၊ ငါ သည် အိပ် ၍ ပျော် ခြင်းအခွင့်နှင့် နိုး ခြင်း အခွင့်ရှိ၏။ 6ငါ့ ကိုရန်ဘက်ပြု၍ ဝန်းရံ သော သူ အထောင် အသောင်းကို ငါမ ကြောက် ဘဲနေမည်။ 7အိုထာဝရဘုရား ထ တော်မူပါ။ အကျွန်ုပ် ၏ ဘုရား သခင်၊ အကျွန်ုပ် ကို ကယ်မ တော်မူပါ။ ကိုယ်တော်သည် အကျွန်ုပ် ၏ ရန်သူ တို့၏ ပါး ရိုးကိုရိုက် ၍၊ မတရား သောသူတို့၏ သွား ကိုချိုး တော်မူ၏။ 8ထာဝရ ဘုရား၏ ကျေးဇူး တော်ကြောင့် ချမ်းသာ ရပါ၏။ ပေးတော်မူသောကောင်းကြီးမင်္ဂလာသည် ကိုယ်တော်၏ လူစု အပေါ် သို့ သက်ရောက်ပါစေသော။

Você sabia?
Uma Oração Matinal no Exílio
- O salmo é tradicionalmente contextualizado na fuga de Davi diante de seu filho Absalão, uma crise na qual muitos afirmavam que Deus não mais o livraria.Fontes: o próprio texto bíblico
- Apesar de cercado por multidões de adversários, o salmista expressa profunda paz, afirmando que pode se deitar, dormir e acordar em segurança porque o Senhor o sustenta.Fontes: o próprio texto bíblico
- O antigo termo hebraico Selá aparece três vezes nesta breve composição, pausando o texto após momentos de aflição, oração respondida e a bênção final.Fontes: o próprio texto bíblico
Notas escritas com auxílio de IA a partir de fontes abertas (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, domínio público) e revisadas antes de publicar.
Créditos e licença desta tradução
မြန်မာကျမ်းစာ The Holy Bible in the Burmese language of Myanmar, Judson version of 1840 Public Domain Language: ဗမာ (Burmese) Translation by: Adoniram Judson 2025-10-20
Fonte: http://ebible.org/myajvb/ · eBible.org