Salmos 16
မြန်မာကျမ်းစာ · Toque num versículo para ver as referências cruzadas.
1အကျွန်ုပ် ကို စောင့် မတော်မူပါဘုရား။ ကိုယ်တော် ကို အကျွန်ုပ်ခိုလှုံ ပါ၏။ 2ကိုယ်တော် သည် အကျွန်ုပ်၏သခင် ဖြစ်တော်မူသည် ဟု ထာဝရဘုရား ကို အကျွန်ုပ်လျှောက်ဆို ပါပြီ။ ကျေးဇူး တော်မှတပါး အခြား သောမင်္ဂလာသည်အကျွန်ုပ် ၌ မ ရှိပါ။ 3ပြည် တော်၌ နေသောသန့်ရှင်း သူနှင့် ထူးဆန်း သောသူတို့ကိုသာ နှစ်သက် ပါ၏။ 4အခြား သောလမ်းသို့ လိုက်ပြေးသောသူ တို့ သည် များစွာ သော ဆင်းရဲ ဒုက္ခကို ခံရကြလိမ့်မည်။ ငါသည် သူ တို့သွန်းလောင်း ရာ ပူဇော် သက္ကာအသွေး ကို မလှူ မ ဆက်လို။ သူ တို့ဘုရား၏နာမ ကို မ မြွက် လို။ 5ထာဝရဘုရား သည် ငါ အမွေ ခံရာအဘို့ ၊ ငါ စားသောက် ရာအဘို့ ဖြစ်တော်မူ၏။ ကိုယ်တော် သည် အကျွန်ုပ် အမွေ အနှစ်ကို စောင့်ရှောက် တော်မူ၏။ 6ငါ ပိုင်ထိုက်သောနယ် နိမိတ်သည် သာယာ သော အရပ်တွင် ကျ ၍ ၊ ကောင်းမွန် သော အမွေ ကို ငါ ခံရပြီ။ 7ငါ့ ကို ပြုစုတော်မူသောထာဝရဘုရား ကို ကောင်းကြီး ပေးမည်။ ညဉ့် အချိန်၌ပင် ငါ့ နှလုံး သည် ငါ့ ကို နှိုးဆော် တတ်၏။ 8ငါသည် ထာဝရဘုရား ကို အစဉ် မပြတ်မျက်မှောက် ပြု ၏။ အကြောင်း မူကား၊ ငါ လက်ျာ ဘက်၌ တည်ရှိတော်မူသည်ဖြစ်၍၊ ငါသည်လှုပ်ရှား ခြင်း မ ရှိရ။ ထိုကြောင့်ငါ့ စိတ် နှလုံးသည် သာယာ ခြင်း၊ 9ငါ့ဝိညာဉ်သည်လည်း ရွှင်လန်း ခြင်းရှိ၏။ ထို မှတပါး၊ ငါ့ အသား သည် မြော်လင့် လျက် ကျိန်းဝပ် လိမ့်မည်။ 10အကြောင်း မူကား၊ ကိုယ်တော်သည် အကျွန်ုပ် ၏ ဝိညာဉ် ကို မရဏာ နိုင်ငံ၌ ပစ် ထားတော်မ မူ။ ကိုယ်တော် ၏ သန့်ရှင်း သောသူအား လည်း ပုပ်စပ် ခြင်းကို ရှိ စေတော်မ မူဘဲလျက်၊ 11အသက် ရှင်ခြင်း လမ်း ကို ပြ ညွှန်တော်မူလိမ့် မည်။ အထံ တော်၌ စုံလင် သော ဝမ်းမြောက် ခြင်းအခွင့် နှင့် လက်ျာ တော်နား မှာ အစဉ် အမြဲပျော်မွေ့ ခြင်းအခွင့် ရှိပါ၏။

Você sabia?
O Senhor como Herança e Refúgio
- O salmista utiliza a imagem de cordéis de medição e partilha de terras para descrever Deus como sua herança. Ao declarar que as linhas de limite caíram em lugares agradáveis, o texto retrata a devoção ao Senhor por meio da metáfora de uma propriedade segura e aprazível.Fontes: o próprio texto bíblico
- O texto contrasta a lealdade a Deus com os costumes daqueles que buscam outras divindades. O orador recusa explicitamente participar de rituais com libações de sangue ou sequer pronunciar os nomes desses deuses.Fontes: o próprio texto bíblico
- O salmo termina com uma declaração de confiança diante da morte, afirmando que Deus não abandonará a alma no Sheol nem permitirá que o seu fiel veja a corrupção, mas indicará o caminho da vida e a alegria da Sua presença.Fontes: o próprio texto bíblico
Notas escritas com auxílio de IA a partir de fontes abertas (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, domínio público) e revisadas antes de publicar.
Créditos e licença desta tradução
မြန်မာကျမ်းစာ The Holy Bible in the Burmese language of Myanmar, Judson version of 1840 Public Domain Language: ဗမာ (Burmese) Translation by: Adoniram Judson 2025-10-20
Fonte: http://ebible.org/myajvb/ · eBible.org