Salmos 143
မြန်မာကျမ်းစာ · Toque num versículo para ver as referências cruzadas.
1အိုထာဝရဘုရား ၊ အကျွန်ုပ် ၏ပဌနာ ကိုကြား ၍၊ ဆုတောင်း သော စကားကို နားထောင် တော်မူပါ။ သစ္စာ စောင့် ခြင်း၊ ဖြောင့်မတ် ခြင်းရှိတော်မူသည်အတိုင်း ပြန်ပြော တော်မူပါ။ 2ကိုယ်တော် ၏ကျွန် နှင့် တရား တွေ့ တော်မ မူပါ နှင့်။ အသက်ရှင် သောသူမည် သည်ကား၊ ရှေ့ တော်၌ အပြစ် ကင်းစင်ရာသို့ မ ရောက်ရပါ။ 3ရန်သူ သည်အကျွန်ုပ် ၏ဝိညာဉ် ကို ညှဉ်းဆဲ ၍၊ အသက် ကိုလည်း မြေ တိုင်အောင် နှိပ် နင်း၍၊ ကြာမြင့် စွာ သေ နေသောသူကဲ့သို့ အကျွန်ုပ် ကို မှောင်မိုက် ထဲမှာ နေ စေပါ၏။ 4အကျွန်ုပ် သည်စိတ်ပျက် လျက် ၊ ကိုယ် အထဲ ၌ နှလုံး ကြေကွဲ လျက် ရှိပါ၏။ 5ရှေး လွန်လေပြီးသော ကာလကိုအောက်မေ့ ၍၊ အလုံးစုံ သော အမှု တော်တို့ကို၎င်း၊ လက် တော်နှင့်ပြုပြင် သော အရာများကို ၎င်းဆင်ခြင် ပါ၏။ 6ကိုယ်တော် ထံသို့ လက် တို့ကို ဆန့် ပါ၏။ သွေ့ခြောက် သောမြေ ကဲ့သို့ အကျွန်ုပ် ၏ဝိညာဉ် သည် ကိုယ်တော် ကို တောင့်တပါ၏။ 7အိုထာဝရဘုရား ၊ အလျင် အမြန်နားထောင် တော်မူပါ။ အကျွန်ုပ် သည် စိတ် ပျက် ပါပြီ။ မျက်နှာ လွှဲ တော်မူသဖြင့် ၊ တွင်း ထဲသို့ဆင်း သောသူကဲ့သို့ အကျွန်ုပ်ကို ဖြစ်စေတော်မ မူပါနှင့်။ 8ကရုဏာ တော်စကားသံကို အလျင် အမြန်ကြား စေတော်မူပါ။ ကိုယ်တော် ၌ ကိုးစား ပါ၏။ ကိုယ်သွား ရမည် လမ်း ကို သိ စေတော်မူပါ။ ကိုယ်တော် ကို အကျွန်ုပ် တသ ပါ၏။ 9အိုထာဝရဘုရား ၊ ရန်သူ တို့လက်မှ အကျွန်ုပ် ကို ကယ်နှုတ် တော်မူပါ။ ကိုယ်တော် ကို ခိုလှုံ ပါ၏။ 10အလိုတော် သို့လိုက် စေမည်အကြောင်း သွန်သင် တော်မူပါ။ ကိုယ်တော်သည် အကျွန်ုပ် ၏ဘုရား သခင်ဖြစ်တော်မူ၏။ ကောင်းမြတ် သောဝိညာဉ် တော်သည် ဖြောင့် သောလမ်း ၌ အကျွန်ုပ် ကိုသွေးဆောင် တော်မူပါစေသော။ 11အိုထာဝရဘုရား ၊ နာမတော် အတွက် ကြောင့်၊ အကျွန်ုပ် ကို အသက်ရှင် စေတော်မူပါ။ ဖြောင့်မတ် တော်မူသည် နှင့်အညီ ၊ အကျွန်ုပ် ၏ ဝိညာဉ် ကိုဆင်းရဲ ဒုက္ခအထဲက နှုတ်ယူ တော်မူပါ။ 12ကရုဏာ တော်ရှိသည်အတိုင်း ၊ အကျွန်ုပ် ၏ ရန်သူ တို့ကို ပယ်ရှင်း ၍ ၊ အကျွန်ုပ်ကို ညှဉ်းဆဲ သော သူအပေါင်း တို့ကို ဖျက်ဆီး တော်မူပါ။ အကျွန်ုပ် သည် ကိုယ်တော် ၏ကျွန် ဖြစ်ပါ၏။

Você sabia?
Um pedido de misericórdia, orientação e livramento
- O salmista pede expressamente a Deus que não o leve a julgamento, observando que nenhum ser vivo é justo diante d'Ele.Fontes: o próprio texto bíblico
- Para expressar profundo esgotamento espiritual e anseio por Deus, o autor usa a imagem física de estender as mãos como terra seca e sedenta de água.Fontes: o próprio texto bíblico
- Junto aos apelos de socorro contra os inimigos que o perseguem, o salmo se concentra na orientação moral, pedindo a Deus que lhe ensine a Sua vontade e que o Seu bom Espírito o guie por terra plana.Fontes: o próprio texto bíblico
Notas escritas com auxílio de IA a partir de fontes abertas (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, domínio público) e revisadas antes de publicar.
Créditos e licença desta tradução
မြန်မာကျမ်းစာ The Holy Bible in the Burmese language of Myanmar, Judson version of 1840 Public Domain Language: ဗမာ (Burmese) Translation by: Adoniram Judson 2025-10-20
Fonte: http://ebible.org/myajvb/ · eBible.org