Nations Bible

Provérbios 5

မြန်မာကျမ်းစာ · Toque num versículo para ver as referências cruzadas.

1ငါ့ သား ၊ သင်သည် သမ္မာ သတိရှိ၍ ၊ သင့် ၏နှုတ်ခမ်း သည် သိပ္ပံ အတတ်ကို စောင့် မည်အကြောင်း၊ 2ငါ့ ပညာ ကို မှတ် ကျုံး၍၊ ငါ ပေးသောဉာဏ် သို့ သင့် နား ကို လှည့် လော့။ 3အကြောင်း မူကား၊ အမျိုး ပျက်သောမိန်းမ၏ နှုတ်ခမ်း သည် ပျားလပို့ ကဲ့သို့ယိုတတ် ၍ ၊ သူ ပြော သောစကား သည် ဆီ ထက် ချော သော်လည်း၊ 4အဆုံး ၌ကား ၊ သူ သည်ဘင်းခါးရွက် ကဲ့သို့ ခါး ၍၊ သန်လျက် နှင့်အမျှ ထက် ၏။ 5သူ ၏ခြေ တို့သည် သေ ခြင်းသို့ဆင်း ၍၊ သူ သွား ရာလမ်း သည် မရဏာ နိုင်ငံသို့ ရောက်တတ်၏။ 6သင်သည်အသက် လမ်း ကို မ ဆင်ခြင် ရအောင်၊ သူ့ ထုံးစံ ဓလေ့တို့သည် တရွေ့ရွေ့ ပြောင်းလဲသဖြင့်၊ သင်သည် နား မ လည်နိုင်ရ။ 7သို့ဖြစ်၍ ငါ့သား တို့၊ ငါ့ စကားကို နားထောင် ကြလော့။ ငါ ဟောပြော ချက်တို့ကို မ ပယ် ကြနှင့်။ 8ထိုသို့သောမိန်းမ ကို ဝေး စွာရှောင်သွားလော့။ သူ့ နေရာ တံခါးဝ သို့ မ ချဉ်း နှင့်။ 9သို့မဟုတ် သင်သည် ကိုယ် ဂုဏ် အသရေကို သူတပါး ၌ ၎င်း၊ ကိုယ် အသက် ကို ကြမ်းတမ်း သောသူတို့ ၌ ၎င်း အပ် လိမ့်မည်။ 10တပါးအမျိုးသား တို့သည် သင် ၏စည်းစိမ် နှင့် ပြည့်ဝ ကြလိမ့်မည်။ သင် လုပ် ၍ ရသောဥစ္စာသည် တပါး အမျိုးသားအိမ် သို့ ရောက်လိမ့်မည်။ 11နောက်ဆုံး ၌ သင့် အသား ၊ သင့် ကိုယ် ကာယ ဆွေးမြေ့ သောအခါ၊ 12ငါသည် သွန်သင် ခြင်းကို မုန်း လေပြီတကား။ ဆုံးမ ခြင်းကို စိတ် နှလုံးထဲမှာ မထီမဲ့မြင် ပြုလေပြီ တကား။ 13ငါ့ ဆရာ တို့၏ စကား ကို နား မ ထောင်ဘဲ၊ ငါ့ အား သွန်သင် သောသူတို့ ၏စကားကို နား မ ခံဘဲနေလေပြီ တကား။ 14စည်းဝေး သော ပရိတ်သတ် များအလယ် ၌ ဒုစရိုက် မျိုးကို ကုန်စင် လုသည်တိုင်အောင် ငါပြု လေပြီ တကားဟု မြည်တမ်း ရလိမ့်မည်။ 15ကိုယ် ဆိုင်သော ရေ အိုး ကို သုံး၍ ၊ ကိုယ် ရေတွင်း ထဲက ထွက် သော စမ်းရေကို သောက် လော့။ 16သင် ၏ စမ်းရေ များပြား ၍၊ လမ်း များအနား မှာ စီးသော မြစ် များ ဖြစ်စေလော့။ 17တပါး အမျိုးသားနှင့် ပေါင်းဘက်၍ မ ဆိုင်စေဘဲ၊ ကိုယ် တပါး တည်းသာ ဆိုင် စေလော့။ 18သင် ၏စမ်းရေ တွင်း၌မင်္ဂလာ ရှိ စေ၍ ၊ အသက် အရွယ် ပျိုစဉ် ကာလ၊ ပေါင်းဘော်သော မယား နှင့်အတူပျော်မွေ့ လော့။ 19သူသည်စုံမက် တတ်သော သမင်မ ၊ နှစ်လိုဘွယ် သော ဒရယ်မ ကဲ့သို့ဖြစ်၍ ၊ သူ ၏သားမြတ် တို့သည် သင် ၏အလိုဆန္ဒ ကို အစဉ်ပြေစေ၍၊ သူ့ ကိုချစ် သောစိတ် နှင့် အစဉ် ယစ်မူး လျက်နေလော့။ 20ငါ့ သား ၊ သင်သည် အမျိုး ပျက်သောမိန်းမနှင့် အဘယ် ကြောင့်ယစ်မူး သနည်း။ ပြည်တန်ဆာ မ၏ ရင်ပတ် ကိုအဘယ်ကြောင့် ဘက်ယမ်း သနည်း။ 21လူ သွားလာသမျှသော လမ်း တို့သည် ထာဝရဘုရား မျက်မှောက် တော်၌ ရှိကြ၍ ၊ သွား လာသမျှ သော အခြင်းအရာ တို့ကို စူးစမ်း တော်မူ၏။ 22အဓမ္မ လူသည် မိမိ ပြုသော ဒုစရိုက်အပြစ် ဖြင့် ဘမ်းမိ ခြင်း၊ မိမိ အပြစ် ကြိုး တို့ဖြင့် ချည်နှောင် ခြင်းကို ခံရလိမ့်မည်။ 23သူ သည် အလွန် မိုက် သောကြောင့် မှားယွင်း ၍ ၊ သွန်သင် ခြင်းကို မ ခံရဘဲသေ သွားရလိမ့်မည်။

Ilustração artística — interpretação, não registro histórico.

Você sabia?

Sabedoria, fidelidade e os perigos da sedução

  • A passagem emprega fontes domésticas de água, como a cisterna e o poço próprios, como metáforas para a intimidade conjugal e a fidelidade. O mestre aconselha a buscar a satisfação no próprio lar em vez de permitir que suas fontes e correntes se espalhem pelas ruas e praças públicas.Fontes: o próprio texto bíblico
  • O discurso sedutor é contrastado com suas consequências: embora suas palavras sejam descritas como doces como o mel e suaves como o azeite, o resultado final é amargo como o absinto, cortante como espada de dois gumes e condutor à morte e ao Seol.Fontes: o próprio texto bíblico
  • A advertência destaca os custos práticos e espirituais da infidelidade, desde a perda de bens e vigor físico até a vergonha diante da assembleia pública, lembrando que todos os caminhos humanos são observados pelo SENHOR.Fontes: o próprio texto bíblico

Notas escritas com auxílio de IA a partir de fontes abertas (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, domínio público) e revisadas antes de publicar.

Créditos e licença desta tradução
မြန်မာကျမ်းစာ
The Holy Bible in the Burmese language of Myanmar, Judson version of 1840
Public Domain
Language: ဗမာ (Burmese)
Translation by: Adoniram Judson
2025-10-20

Fonte: http://ebible.org/myajvb/ · eBible.org

Fale com a gente

Conte de onde você lê, como a Bíblia tem te ajudado ou o que podemos melhorar. Lemos todas as mensagens.