Nations Bible

Filipenses 3

မြန်မာကျမ်းစာ · Toque num versículo para ver as referências cruzadas.

1ကြွင်း သေးသော စကားဟူမူကား၊ ငါ့ ညီအစ်ကို တို့၊ သခင် ဘုရား၌ ဝမ်းမြောက် ခြင်းရှိကြလော့။ အထပ်ထပ် ငါ ရေး လိုက်သော်လည်းပင်ပန်း ခြင်းမ ရှိ။ သင် တို့မူကား လုံခြုံ ခြင်းရှိကြလိမ့်မည်။ 2ခွေး တို့ကိုရှောင် ကြလော့။ မကောင်း သော အကျင့်ကို ကျင့် သောသူတို့ကို ရှောင် ကြလော့။ အရေဖျားလှီးခြင်းကို ခံယောင်ဆောင် သော သူတို့ကို ရှောင် ကြလော့။ 3ငါ တို့သည် စိတ်ဝိညာဉ် အားဖြင့်ဘုရားသခင် ကို ကိုးကွယ် ၍ ၊ ဇာတိ ၌ ကိုးစား ခြင်းမ ရှိဘဲ၊ ယေရှု ခရစ် ၌ သာ ဝါကြွား ဝမ်းမြောက်သောသူ ဖြစ်၍၊ မှန်သောအရေဖျားလှီး ခြင်းကို ခံသောသူဖြစ် ကြ၏။ 4သို့သော်လည်း ငါ ဖြစ် လျှင် ဇာတိ ၌ ကိုးစား စရာအကြောင်းရှိ၏။ အခြား သူမည်သည်ကား ၊ ဇာတိ ၌ ကိုးစား စရာ အကြောင်းရှိသည်ဟု ထင် လျှင် ၊ ငါ မူကား သာ၍ ရှိ၏။ 5ငါသည်ရှစ် ရက်မြောက်သောနေ့၌ အရေဖျားလှီး ခြင်းကို ခံရ၏။ ဣသရေလ အမျိုး ၊ ဗင်္ယာမိန် အနွယ် ဖြစ်၏။ ဟေဗြဲ လူမှ ဆင်းသက်သော ဟေဗြဲ လူစစ်ဖြစ်၏။ တရား အားဖြင့် ဖာရိရှဲ ဖြစ်၏။ 6စိတ် အားကြီးခြင်းကို မေး သော်၊ ငါသည် အသင်းတော် ကို ညှင်းဆဲ သောသူဖြစ်၏။ ပညတ် တရား အားဖြင့် ရ သော ဖြောင့်မတ် ခြင်းကို မေးပြန်သော်၊ ငါသည် အပြစ်တင် ခွင့်နှင့် ကင်းလွတ်သောသူဖြစ်၏။ 7သို့သော်လည်း ငါ ၏ အကျိုး စီးပွားကို ပြုစုသောအရာ ရှိသမျှတို့ကို ရှုံး စေသောအရာကဲ့သို့ခရစ်တော် ကြောင့် ငါထင်မှတ် ၏။ 8ထိုမျှမက ငါ ၏ သခင် ယေရှု ခရစ် ကိုသိသော ပညာ သည် 9အဘယ်မျှလောက်မြတ် သည်ကိုထောက် ၍၊ ခပ်သိမ်း သောအရာတို့ကို 10ရှုံး စေ သောအရာကဲ့သို့ငါထင်မှတ် ၏။။ 11ထိုသခင် ကြောင့် ခပ်သိမ်း သောအရာတို့ကို အရှုံး ခံရပြီ။ သေ ခြင်းမှ ထမြောက် သောအခွင့်ကို ငါရ နိုင် ကောင်းလျှင် ၊ ကိုယ်တော် သည် အသေခံ တော်မူသည်နည်းတူ ၊ ငါသည်လည်းအသေခံ၍ ထိုသခင်ကို၎င်း၊ ထမြောက် တော်မူခြင်း၏ တန်ဖိုး ကို၎င်း၊ ဆင်းရဲ ခံတော်မူခြင်းကို ဆက်ဆံ၍ခံခြင်းကို၎င်း၊ သိကျွမ်း ခြင်းငှာ၊ ပညတ် တရားအားဖြင့် ရသော ကိုယ် ဖြောင့်မတ် ခြင်းကို မ ကိုးစား ဘဲ၊ ခရစ်တော် ကို ယုံကြည် ခြင်းအားဖြင့် ရသောဖြောင့်မတ် ခြင်းတည်းဟူသောယုံကြည် ခြင်းအတွက် ကြောင့်ဘုရားသခင် ပေးတော်မူသောဖြောင့်မတ် ခြင်းကိုကိုးစားသဖြင့်၊ ခရစ်တော် ကို အမြတ်ရ ၍ ထိုသခင် ၌ တည် ပါမည်အကြောင်း ၊ ခပ်သိမ်းသောအရာတို့ကို မစင် ကဲ့သို့ငါထင်မှတ် ၏။။ 12ထိုသို့ဆိုသော်အကျိုးကိုခံရ ပြီ၊ စုံလင် ခြင်းသို့ ရောက်ရပြီဟု ငါမ ဆိုလို၊ အကြင်အကျိုး ကိုပေးခြင်းငှာ ခရစ်တော် သည် ငါ့ကို ကိုင် ဘမ်းတော်မူ၏။ ထိုအကျိုးကို ကိုင်မိ ခြင်းငှာငါပြေး၍ လိုက် သေး၏။။ 13ညီအစ်ကို တို့၊ ငါ ကိုင်မိ ပြီဟု ကိုယ်ကိုကိုယ် မ ထင် သော်လည်း ၊ ငါပြုသောအမှုတစ်ခု ဟူမူကား၊ နောက်ကျ သောအရာ တို့ကို မ မှတ်ဘဲ၊ ရှေ့ ၌ ရှိသောအရာ တို့ကို လှမ်း ကမ်း၍ ၊ 14ယေရှု ခရစ် အားဖြင့် ဘုရားသခင် သည် အထက် အရပ်မှ ခေါ် တော်မူခြင်းနှင့် ဆိုင်သောဆု ကို ရခြင်းငှာ ၊ ပန်းတုံးတိုင် သို့ ငါလိုက်ပြေး ၏။။ 15ထိုကြောင့် စုံလင် သောသူရှိသမျှ တို့သည် ဤသို့သော သဘော ကို စွဲလမ်း ရကြမည်။ သင်တို့သည် တစ်စုံတစ်ခု သောအရာ၌ သဘောခြားနား လျှင် ၊ ထို အရာကို ပင်ဘုရားသခင် ဖော်ပြ တော်မူလိမ့်မည်။။ 16သို့မဟုတ် သော်လည်း၊ ယခုမှီ သမျှ အတိုင်း တနည်း တည်းကျင့် ၍ တစ်သဘောတည်းရှိရကြမည်။။ 17ညီအစ်ကို တို့၊ ငါ ကျင့် သည်နည်းတူ သင်တို့သည် တစ် ညီတစ်ညွတ်တည်း ကျင့်ကြလော့။ ငါ တို့ပေးသော ပုံ သက်သေနှင့်အညီ ကျင့် သောသူ တို့ကိုလည်း ရှုမှတ် ကြလော့။။ 18အကြောင်းမူကား ၊ အထက် အဖန်ဖန်ငါပြော ၍၊ ယခုပင် မျက်ရည် ကျလျက်နှင့် ပြော သည်အတိုင်း၊ ခရစ်တော် ၏ လက်ဝါးကပ်တိုင် ကို ရန်ဘက် ပြု၍ ကျင့် သောသူ အများ ရှိကြ၏။။ 19ထိုသူ တို့သည် ပျက်စီး ခြင်း၌ လမ်းဆုံး တတ်ကြ၏။ သူတို့၏ ဘုရား မူကား၊ မိမိ တို့ဝမ်း ပေတည်း။ မိမိ တို့ ရှက်ကြောက် ဘွယ်သော အကျင့်၌ သာ မိမိတို့ဝါကြွား ကြ၏။ လောကီ အရာတို့ကိုသာ စိတ် စွဲလမ်းခြင်းရှိကြ၏။။ 20ငါ တို့ကျင့်သော အကျင့်မူကား ၊ ကောင်းကင် ဘုံနှင့် စပ်ဆိုင် လျက်ရှိ ၏။ ကယ်တင် တော်မူသောအရှင် သခင်ယေရှု ခရစ် သည် ကောင်းကင် ဘုံမှ ကြွလာတော်မူမည်ဟု ငါတို့သည် မြော်လင့် လျက်နေကြ၏။။ 21ထိုသခင် သည် ခပ်သိမ်း သောအရာကိုပင် မိမိ အောက်၌ နှိမ့်ချ နိုင် တော်မူသောပြုပြင် အားထုတ် ခြင်း အားဖြင့် ယုတ်ညံ့ သော ငါ တို့၏ ကိုယ်ခန္ဓါ ကိုပင်၊ ဘုန်း အသရေနှင့်ပြည့်စုံသော ကိုယ်ခန္ဓါ တော်၏နည်းတူဖြစ် စေခြင်းငှာအသစ် ပြင်ဆင်တော်မူလတံ့။

Ilustração artística — interpretação, não registro histórico.

Você sabia?

Da confiança na carne ao conhecimento de Cristo

  • Quando o autor enumera motivos para ter confiança na carne, inclui pertencer à tribo de Benjamim. Benjamim era o filho mais novo de Jacó com Raquel, nascido em Efrata, no caminho entre Betel e Belém. A mãe morreu ao dá-lo à luz e o chamou de Ben-oni, "filho da minha dor", mas o pai mudou esse nome para Benjamim.Fontes: Benjamin (patriarch) · o próprio texto bíblico
  • O Easton's Bible Dictionary (1897) diz que os descendentes de Benjamim, os benjamitas, eram no Êxodo a menor tribo, exceto uma, marchavam com Manassés e Efraim a oeste do tabernáculo e contavam 45.600 guerreiros na entrada em Canaã. O autor deste capítulo ainda cita essa tribo como parte da própria linhagem.Fontes: Benjamin (patriarch) · o próprio texto bíblico
  • Ele também diz que foi circuncidado no oitavo dia, hebreu de hebreus e, quanto à lei, fariseu; quanto ao zelo, perseguiu a igreja e, quanto à justiça na lei, era irrepreensível. Agora considera tudo isso como perda, até lixo, em comparação com conhecer a Cristo Jesus, e manda os leitores terem cuidado com aqueles a quem chama de mutiladores da carne.Fontes: o próprio texto bíblico

Notas escritas com auxílio de IA a partir de fontes abertas (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, domínio público) e revisadas antes de publicar.

Créditos e licença desta tradução
မြန်မာကျမ်းစာ
The Holy Bible in the Burmese language of Myanmar, Judson version of 1840
Public Domain
Language: ဗမာ (Burmese)
Translation by: Adoniram Judson
2025-10-20

Fonte: http://ebible.org/myajvb/ · eBible.org

Fale com a gente

Conte de onde você lê, como a Bíblia tem te ajudado ou o que podemos melhorar. Lemos todas as mensagens.