Números 21
မြန်မာကျမ်းစာ · Toque num versículo para ver as referências cruzadas.
1ဣသရေလ အမျိုးသည် အသရိမ် လမ်း ဖြင့် လာ ကြသည်သိတင်းကို တောင် မျက်နှာ၌နေ သောခါနာန် အမျိုး အာရဒ် မင်းကြီး ကြား လျှင် ၊ ဣသရေလ အမျိုးကို စစ်တိုက် ၍ လူအချို့ တို့ကို ဘမ်းဆီး သိမ်းသွားလေ၏။ 2ဣသရေလ အမျိုးကလည်း ၊ ကိုယ်တော်သည် ဤ လူမျိုး ကို အကျွန်ုပ် တို့လက် သို့ အပ် တော်မူလျှင် ၊ သူ တို့ မြို့ များကို ရှင်းရှင်းဖျက်ဆီး ပါမည်ဟု ထာဝရဘုရား အား သစ္စာ ဂတိပြုလေ၏။ 3ထာဝရဘုရား သည်လည်း ၊ ဣသရေလ အမျိုး၏ စကား ကို နားထောင် ၍ ၊ ထိုခါနာန် အမျိုးသားတို့ကိုအပ် တော်မူ၏။ သူ တို့နှင့် သူ တို့မြို့ များကို ဣသရေလလူတို့သည် ရှင်းရှင်းဖျက်ဆီး ၍၊ ထိုအရပ် ကို ဟော်မာ အမည် ဖြင့် သမုတ် ကြ၏။ 4ဟောရ တောင် မှ ထွက် ၍ ဧဒုံ ပြည် ကို ဝိုင်း ခြင်းငှါ ၊ ဧဒုံ ပင်လယ် လမ်း ဖြင့် ချီသွားကြစဉ်၊ အသွား ခက်သောကြောင့် ၊ လူ များတို့သည် စိတ် အားလျော့ ကြ၍၊ 5သင်သည် ငါတို့ကို ဤတော ၌ သေ စေခြင်းငှါ ၊ အဲဂုတ္တု ပြည်မှ အဘယ်ကြောင့် ဆောင် ခဲ့သနည်း။ မုန့် မ ရှိ၊ ရေ လည်း မ ရှိ၊ ဤပေါ့ပျက် သောစားစရာ ကိုလည်း ငါ တို့သည် အလွန်ရွံရှာ ၏ဟု ဘုရားသခင် နှင့် မောရှေ ကို ဆန့်ကျင်ဘက် ပြု၍ ဆို ကြ၏။ 6ထိုအခါ ထာဝရဘုရား သည်၊ ဣသရေလအမျိုးသား တို့တွင် မီး မြွေ များကို စေလွှတ် တော်မူ၍ ၊ လူ အများ တို့သည် အကိုက် ခံရသဖြင့် သေ ကြ၏။ 7ထိုကြောင့် လူ များတို့သည် မောရှေ ထံသို့ လာ ၍ အကျွန်ုပ်တို့သည် ထာဝရဘုရား နှင့် ကိုယ်တော် ကို ဆန့်ကျင် လျက် ပြောဆို၍ ပြစ်မှား ပါပြီ။ ထာဝရဘုရားသည် မြွေ များကို အကျွန်ုပ် တို့မှ ပယ်ရှား တော်မူမည်အကြောင်းဆုတောင်း ပါဟု လျှောက်လျှင်၊ မောရှေ သည် လူ များအဘို့ ဆုတောင်း လေ၏။ 8ထာဝရဘုရား ကလည်း ၊ မီးမြွေ ရုပ်ကိုလုပ် ၍ တိုင် ပေါ်မှာ မြှောက် ထားလော့။ အကိုက် ခံရသောသူ တိုင်း ကြည့်ရှု လျှင် အသက် ချမ်းသာရလိမ့်မည်ဟု မောရှေ အား မိန့် တော်မူသည်အတိုင်း၊ 9မောရှေ သည် ကြေးဝါ ဖြင့် မြွေ ကို လုပ် ၍ တိုင် ပေါ်မှာ မြှောက်ချီ ထားပြီးလျှင် ၊ မြွေ ကိုက် သောသူမည်သည်ကား၊ ကြေးဝါ မြွေ ကို ကြည့်ရှု သောအခါ အသက် ချမ်းသာရကြ၏။ 10တဖန် ဣသရေလ အမျိုးသား တို့သည် နေရာ ပြောင်း၍ ဩဗုတ် အရပ်၌ စားခန်းချ ကြ၏။ 11ဩဗုတ် အရပ်မှ ပြောင်း ပြန်၍ ၊ နေ ထွက် ရာ ဘက် ၊ မောဘ ပြည်ရှေ့ တွင်ရှိသောတော မှာ ၊ ဣဇာဗာရိမ် အရပ်၌ စားခန်းချ ကြ၏။ 12ထို အရပ်မှ ပြောင်း ၍ ၊ ဇာရက် ချောင်း နား ၌ စားခန်းချ ကြ၏။ 13ထို အရပ်မှ တဖန်ပြောင်း ပြန်၍ ၊ အာမောရိ ပြည်နယ် နှင့် စပ်သော တော ၌ ရှိသောအာနုန် ချောင်းနား တဘက်တချက် ၌ စားခန်းချ ကြ၏။ အာနုန် ချောင်းကား၊ မောဘ ပြည်၊ အာမောရိ ပြည်စပ်ကြား အပိုင်းအခြား ဖြစ်သတည်း။ 14ထိုသို့နှင့်အညီ၊ ထာဝရဘုရား စစ်တိုက် စာ ၌ ကား၊ ဇာရက် အရပ်၊ သုပ အရပ်၊ အာနုန် ချောင်း တို့၊ 15အာရ ပြည်သို့ စီး ၍ မောဘ ပြည်အနား ၌ ရှောက်သွားသော ချောင်း အသွယ်သွယ်ဟု လာသတည်း။ 16အာနုန်ချောင်းမှ ဗေရ ရေတွင်းသို့ ခရီးသွားကြ၏။ ထိုရေတွင်းကား အခြားမဟုတ်၊ ထာဝရဘုရား က၊ လူ များကို စုဝေး စေလော့၊ ရေ ကို ငါပေး မည်ဟု မောရှေ အား မိန့် တော်မူရာ၌ ရည်ဆောင်သော ရေတွင်း ဖြစ် သတည်း။ 17ထိုအခါ ဣသရေလ အမျိုးက၊ အိုတွင်း ရေ၊ ထွက် လော့။ ထွက်အောင် သီချင်း ဆိုကြလော့။ 18တရားမင်းစီရင်သည်အတိုင်း၊ မှူးမတ် တို့သည် ရေတွင်း ကို တူး ကြပြီ။ လူ တို့တွင် အကဲအမှူး တို့သည် တောင်ဝေး တို့နှင့် ရေတွင်းကို တူး ကြပြီဟု သီချင်း ဆိုလေ၏။ 19ထိုတော မှ မတ္တနာအရပ်သို့၎င်း၊ မတ္တနာ အရပ်မှ နဟာလျေလ အရပ်သို့၎င်း ၊ နဟာလျေလ အရပ်မှ ဗာမုတ် အရပ်သို့၎င်း၊ 20ဗာမုတ် အရပ်မှ မောဘ ချိုင့် သို့ ၎င်း၊ ယေရှိမုန် မြို့ကို မျက်နှာပြု သော ပိသဂါ တောင်ထိပ် သို့၎င်း ခရီးသွားကြ၏။ 21ထိုအခါ ဣသရေလ အမျိုးသားတို့သည်၊ အာမောရိ ရှင်ဘုရင် ရှိဟုန် မင်းထံသို့ သံတမန် တို့ကို စေလွှတ် လျက်၊ 22အကျွန်ုပ်တို့သည် မင်းကြီးပြည် အလယ် ၌ ရှောက် ၍ သွားပါရစေ။ လယ်ယာ သို့ ၎င်း ၊ စပျစ် ဥယျာဉ် သို့ ၎င်း မ ဝင် ပါ။ တွင်း ရေ ကိုလည်း မ သောက် ပါ။ မင်းကြီးပြည် ကို မ လွန် မှီတိုင်အောင်၊ မင်း လမ်း သို့သာ ရှောက် လိုက်ပါမည်ဟု အခွင့်တောင်းကြ၏။ 23ထိုပြည် အလယ် ၌ ရှောက်သွား ရသောအခွင့်ကို၊ ရှိဟုန် မင်းသည် ဣသရေလ အမျိုးသားတို့အား မ ပေး။ မိမိ လူ အပေါင်း တို့ကို စုဝေး စေ၍ ၊ ဣသရေလ အမျိုးသားတို့ကို ဆီးတား ခြင်းငှါ ၊ သူတို့ရှိရာတော သို့ ထွက် ၍ ယာဟတ် မြို့သို့ ရောက် ပြီးလျှင် စစ်တိုက် 24ထိုမင်းကို၊ ဣသရေလ အမျိုးသားတို့သည် ထား နှင့် လုပ်ကြံ ၍၊ အာနုန် ချောင်းမှ သည် ယဗ္ဗုတ် ချောင်း တိုင်အောင် ၎င်း၊ အမ္မုန် အမျိုးသား နေရာတိုင်အောင် ၎င်း၊ ထိုမင်းပိုင်သော မြေ ကို သိမ်းယူ ကြ၏။ အမ္မုန် အမျိုးသား နေရာ နယ်စပ် ကား အားကြီး ၏။ 25ထိုသို့ ဣသရေလ အမျိုးသားတို့သည်၊ ဟေရှဘုန် မြို့မှစ၍အာမောရိ အမျိုးသားနေသောမြို့ ရွာ ရှိသမျှ တို့ကို သိမ်းယူ ၍ နေ ကြ၏။ 26ဟေရှဘုန် မြို့ကား၊ မောဘ ပြည်ကို အစိုးရသောအရင် ရှင်ဘုရင် နှင့် စစ်တိုက် ၍ အာနုန် ချောင်းတိုင်အောင် ပြည် ကို လုယူ သော အာမောရိ ရှင်ဘုရင် ရှိဟုန် မင်းနေသောမြို့ ဖြစ်သတည်း။ 27ထိုအကြောင်းကို ရည်ဆောင်၍ လင်္ကာ ဆရာတို့ က၊ ဟေရှဘုန် မြို့သို့ သွား ၍ တဖန်တည် ကြစို့။ ရှိဟုန် ဘုရင်နေသောမြို့ ကို ပြင်ဆင် ကြစို့။ 28ရှိဟုန်ဘုရင်နေရာ ဟေရှဘုန် မြို့မှ မီးလျှံ ထွက် ၍ မောဘ ပြည်အာရ မြို့နှင့်တကွ၊ အာနုန် ချောင်းနား၊ မြင့် သောအရပ်၌ အစိုးရ သောမင်းတို့ကို လောင် လေပြီ။ 29အိုမောဘ ပြည်၊ သင် သည် အမင်္ဂလာ ရှိ၏။ အိုခေမုရှ တပည့် တို့၊ သင်တို့သည် အကျိုး နည်းကြပြီ။ ပြေး ရသောမိမိ သား သမီး တို့ကို အာမောရိ ရှင်ဘုရင် ရှိဟုန် လက် သို့ ရောက်စေခြင်းငှါ၊ ထိုဘုရားသည် အခွင့်ပေး ပြီ တကား။ 30တဖန် ငါတို့သည် အာမောရိသားတို့ကို တိုက် ပြန်သောကြောင့်၊ ဟေရှဘုန် ပြည်သည် ဒိဘုန် မြို့တိုင်အောင် ပျက် လေပြီ။ မေဒဘ မြို့နှင့် နီးစပ်သော နောဖာ မြို့တိုင်အောင် သူတို့ကို သုတ်သင် ပယ်ရှင်းကြပြီဟု ဆိုသတည်း။ 31ထိုသို့ ဣသရေလ အမျိုးသားတို့သည် အာမောရိ ပြည် ၌ နေ ရကြ၏။ 32မောရှေ သည်လည်း ၊ ယာဇာ မြို့ကို စူးစမ်း ခြင်းငှါ လူကို စေလွှတ် ပြီးလျှင် ၊ ထိုမြို့ ရွာတို့ကို သိမ်းယူ ၍ ၊ အရင် နေသောအာမောရိ အမျိုးသားတို့ကို နှင်ထုတ် ကြ၏။ 33တဖန် ဣသရေလအမျိုးသားတို့သည် လှည့် ၍၊ ဗာရှန် ပြည်သို့ ခရီး သွား ကြ၏။ ဗာရှန် ရှင်ဘုရင် ဩဃ သည်၊ မိမိ လူ အပေါင်း တို့နှင့် ဧဒြိ အရပ်မှာ စစ်တိုက် ခြင်းငှါချီ သွား၏။ 34ထာဝရဘုရား ကလည်း ၊ သူ့ ကို မ ကြောက် နှင့်။ သူ နှင့်တကွ သူ ၏လူ အပေါင်း ကို၎င်း၊ သူ ၏မြေ ကို၎င်း၊ သင့် လက် ၌ ငါအပ်ပေး ပြီ။ ဟေရှဘုန် မြို့နေ အာမောရိ ရှင်ဘုရင် ရှိဟုန် ကို ပြု သကဲ့သို့ ၊ ဤမင်းကိုလည်း ပြု ရမည် ဟု မောရှေ အား မိန့် တော်မူသည်အတိုင်း၊ 35ထိုမင်း နှင့် သား များ၊ လူ များအပေါင်း တို့ကို တယောက်မျှ မ ကြွင်း လုပ်ကြံ ၍ သူ ၏ပြည် ကို သိမ်းယူ ကြ၏။

Você sabia?
A serpente de bronze e a marcha além do Arnom
- Quando os israelitas ficaram impacientes durante a jornada ao redor de Edom e se queixaram da falta de comida e água, serpentes venenosas surgiram no acampamento. Moisés recebeu instruções para fazer uma serpente de bronze e colocá-la sobre uma haste para que qualquer pessoa mordida pudesse olhar para ela e viver.Fontes: o próprio texto bíblico
- Este capítulo cita um antigo texto hebraico hoje desconhecido, chamado Livro das Guerras do SENHOR, para delimitar a fronteira ao longo do rio Arnom, que separava os moabitas dos amorreus.Fontes: o próprio texto bíblico · Arnon
- A passagem inclui um poema antigo que menciona Camos, a divindade adorada pelos moabitas. O poema relata como Seom, rei dos amorreus, havia conquistado anteriormente terras moabitas desde Hesbom até o Arnom antes de Israel derrotá-lo em batalha.Fontes: o próprio texto bíblico · Chemosh · Sihon · Heshbon
Notas escritas com auxílio de IA a partir de fontes abertas (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, domínio público) e revisadas antes de publicar.
Lugares deste capítulo
- Negeb · 31.245, 34.841 · versículo 1
- Edom · 30.746, 35.604 · versículo 4
- Way of the Red Sea · Hoje: road between the Dead Sea and the Gulf of Aqaba · 29.727, 34.998 · versículo 4
- Egypt · 30.129, 31.308 · versículo 5
- Moab · Hoje: Moab 1 · 31.181, 35.701 · versículos 11, 13, 15, 20, 26, 28, 29
- Valley of Zered · Hoje: Wadi al Hasa · 31.027, 35.485 · versículo 12
- Arnon · Hoje: Wadi Mujib · 31.466, 35.573 · versículos 13, 14, 24, 26, 28
- Waheb · Hoje: within 50 km of Sufeh · 31.666, 35.817 · versículo 14
- Jeshimon · 31.470, 35.223 · versículo 20
- King’s Highway · 31.955, 35.934 · versículo 22
- Ammon · 31.955, 35.934 · versículo 24
- Jabbok · Hoje: Zarqa River · 32.115, 35.543 · versículo 24
- Dibon · Hoje: Tall Dhiban · 31.502, 35.777 · versículo 30
- Medeba · Hoje: Madaba · 31.716, 35.795 · versículo 30
- Bashan · 32.781, 35.935 · versículo 33
Só aparecem lugares com identificação de alta confiança (90% ou mais segundo as fontes acadêmicas reunidas pelo OpenBible). Mapa da época: DARE (Digital Atlas of the Roman Empire), CC BY 4.0; mapa atual: © colaboradores do OpenStreetMap; lugares: OpenBible.info (CC BY 4.0).
Créditos e licença desta tradução
မြန်မာကျမ်းစာ The Holy Bible in the Burmese language of Myanmar, Judson version of 1840 Public Domain Language: ဗမာ (Burmese) Translation by: Adoniram Judson 2025-10-20
Fonte: http://ebible.org/myajvb/ · eBible.org