Mateus 13
မြန်မာကျမ်းစာ · Toque num versículo para ver as referências cruzadas.
1ထို နေ့ ၌ ယေရှု သည် အိမ် ကထွက် ၍ အိုင် နား မှာထိုင် နေတော်မူသည်တွင်၊ 2များစွာ သောလူ အပေါင်းတို့သည် ကိုယ်တော် ကိုဝန်းရံ ၍စုဝေးလျက်ရှိကြသောကြောင့် ၊ လှေ ထဲသို့ ဝင် ၍ ထိုင် တော်မူ၏။ ပရိသတ် အပေါင်း တို့သည် ကုန်း ပေါ်မှာ ရပ် နေကြ၏။ 3ထိုအခါ ဥပမာ စကားများ တို့ကို မြွက်ဆို တော်မူသည်မှာ၊ မျိုးစေ့ ကြဲသောသူ သည် မျိုးစေ့ ကိုကြဲခြင်းငှာထွက်သွား ၏။ 4အစေ့ကိုကြဲ သည်တွင် အချို့ သောအစေ့ တို့သည် လမ်း ၌ ကျ သဖြင့် ငှက် တို့သည်လာ ၍ ကောက်စား ကြ၏။ 5အချို့ သောအစေ့တို့သည် မြေ နည်း ၍ ကျောက် ပေါများသောအရပ်၌ ကျ သဖြင့် ၊ မြေ တိမ် သောကြောင့် ချက်ခြင်း အပင်ပေါက် သော်လည်း ၊ 6နေ ထွက် သောအခါ ပူလောင် သည်ဖြစ်၍ အမြစ် မ စွဲ သောကြောင့် ညှိုးနွမ်း ပျက်စီးခြင်းသို့ ရောက်ကြ၏။ 7အချို့ သောအစေ့တို့သည် ဆူးပင် တို့တွင် ကျ သဖြင့် ၊ ဆူးပင် တို့သည်ကြီးပွား ၍ ညှဉ်းဆဲ ကြ၏။ 8အချို့ သောအစေ့တို့သည် ကောင်း သောမြေ ၌ ကျ သဖြင့်၊ အဆသုံးဆယ် ၊ အဆခြောက်ဆယ် ၊ အဆ တရာ ပွားများ၍ အသီး သီး ကြ၏။ 9ကြားစရာနား ရှိ သောသူ မည်သည်ကားကြား ပါစေဟု မိန့်တော်မူ၏။ 10တပည့် တော်တို့သည် ချဉ်းကပ် လျက် ၊ ကိုယ်တော်သည် အဘယ်ကြောင့် ဥပမာ ကိုဆောင်၍ ဤလူ တို့အား ဟောပြော တော်မူသနည်းဟု မေးလျှောက် ကြလျှင်၊ 11ကိုယ်တော်က၊ သင် တို့သည် ကောင်းကင် နိုင်ငံ တော်၏နက်နဲ သော အရာတို့ကိုသိ ရသော အခွင့် ရှိကြ၏။ ထို သူတို့မူကား အခွင့် မ ရှိကြ၊ 12အကြင်သူ သည် ရ တတ်၏။ ထိုသူ၌ ကြွယ်ဝ ပြည့်စုံစေခြင်းငှာပေး ဦးမည်။ အကြင်သူ သည် ဆင်းရဲ ၏။ ထိုသူ ၌ ရှိ သမျှ ကိုပင် နှုတ် လိမ့်မည်။ 13ထိုကြောင့် သူ တို့သည် မြင် လျက်မ မြင် ၊ ကြား လျက်မ ကြား ၊ အနက်ကိုလည်း နား မ လည်သောကြောင့် ဥပမာ ကိုဆောင် ၍ ငါဟောပြော ၏။ 14ဟေရှာယ ဟော ဘူးသောအနာဂတ် စကားဟူမူကား၊ သင်တို့သည် ကြား လျက်ပင် အနက်ကိုနား မ လည် ဘဲ ကြား ကြလိမ့်မည်။ မြင် လျက်ပင် အာရုံ မ ပြုဘဲမြင် ကြလိမ့်မည်။ 15အကြောင်းမူကား ၊ ဤ လူမျိုး သည် မျက်စိ မ မြင် ၊ နား မကြား ၊ စိတ် နှလုံးမသိ ၊ အကျင့်မပြောင်းလဲ ၊ သူ တို့ အနာ ရောဂါကို ငါမငြိမ်းစေရသည်တိုင်အောင်၊ သူတို့စိတ် နှလုံးသည်မိုက် လျက်၊ နား သည်ထိုင်း လျက် ၊ ကိုယ် မျက်စိ ကိုပိတ် လျက်ရှိကြ၏ဟူသောစကားသည် ဤလူ တို့၌ ပြည့်စုံ ခြင်းသို့ရောက်သတည်း။ 16သင် တို့မျက်စိ သည်မြင် သောကြောင့် မင်္ဂလာ ရှိ၏။ သင် တို့နား သည်လည်း ကြား သောကြောင့် မင်္ဂလာရှိ၏။ 17ငါအမှန် ဆို သည်ကား၊ သင်တို့ မြင် ရသောအရာ တို့ကိုပရောဖက် များ နှင့် ဖြောင့်မတ် သော သူများတို့သည် မြင် ခြင်းငှာအလိုရှိ သော်လည်း မ မြင် ရကြ။ သင်တို့ကြား ရသောအရာ တို့ကို ကြား ခြင်းငှာအလိုရှိသော်လည်းမ ကြား ရကြ။ 18မျိုးစေ့ ကြဲသောသူ ၏ဥပမာ အနက်အဓိပ္ပါယ်ကို နားထောင် ကြလော့။ 19လမ်း ၌ အစေ့ ကိုကြဲ ခြင်းအကြောင်းအရာကား၊ နိုင်ငံ တော်၏ တရား စကားကိုကြား ၍ နှလုံး မ သွင်းသည် ရှိသော်၊ နတ်ဆိုး လာ ၍ နှလုံး ၌ ကြဲ သောအစေ့ကို နှုတ်ယူ တတ်သည်ဟု ဆိုလိုသတည်း။ 20ကျောက် ပေါသောအရပ်၌ အစေ့ ကိုကြဲ ခြင်းအကြောင်းအရာကား၊ တရားစကား ကိုကြား ၍ ဝမ်းမြောက် သောစိတ်နှင့် ချက်ခြင်း ခံယူ သော်လည်း၊ 21စိတ်နှလုံး၌ အမြစ် မ စွဲ ခဏ သာတည် သဖြင့် ၊ တရား စကားကြောင့် အမှုအခင်း နှင့် ညှဉ်းဆဲ ခြင်းကို ခံရ သောအခါချက်ခြင်း ဖောက်ပြန် တတ်သည်ဟု ဆိုလိုသတည်း။ 22ဆူးပင် တို့တွင် အစေ့ ကိုကြဲ ခြင်းအကြောင်းအရာကား တရား စကားကိုကြား ၍ လောကီ အမှု၌ စိုးရိမ် ခြင်းနှင့် စည်းစိမ် ဥစ္စာ၏လှည့်စား ခြင်းသည် တရားစကား ကို လွှမ်းမိုး ညှဉ်းဆဲတတ်သောကြောင့် အသီး မသီးနိုင်ဟု ဆိုလိုသတည်း။ 23ကောင်း သောမြေ ၌ အစေ့ ကိုကြဲ ခြင်းအကြောင်းအရာကား ၊ တရားစကား ကိုကြား ၍ နှလုံး သွင်းသဖြင့်၊ အဆသုံးဆယ် ၊ အဆခြောက်ဆယ် ၊ အဆတရာ ပွားများ ၍ အသီးသီး တတ်သည်ဟု ဆိုလိုသတည်းဟု မိန့်တော်မူ၏။ 24အခြား သော ဥပမာ စကားကိုမိန့်မြွက် တော်မူသည်ကား၊ ကောင်းကင် နိုင်ငံ တော်သည် ကောင်း သောမျိုးစေ့ ကို လယ် ၌ ကြဲ သောသူ နှင့်တူ ၏။ 25လူ တို့သည် အိပ်ပျော် သောအခါ သူ ၏ရန်သူ သည်လာ ၍ကောင်းသောစပါး နှင့် လက္ခဏာတူသော တော မျိုးစေ့ကို စပါးအထဲ ၌ကြဲ ၍ သွား လေ၏။ 26အပင် ပေါက် ၍ အသီးအနှံ ထွက် သောအခါ ၊ တောပင် များလည်း ထင်ရှား လျှင် ၊ 27ကျွန် တို့သည် အိမ်ရှင် ထံသို့သွား ၍ သခင် ၊ ကောင်း သောမျိုးစေ့ ကို လယ် ၌ ကြဲ တော်မူသည် မ ဟုတ်လော။ တောပင် တို့သည် အဘယ် ကဖြစ် သနည်းဟု လျှောက် ကြလျှင်၊ 28အိမ်ရှင် က ဤ အမှုကား ရန်သူ ပြု သောအမှုတည်းဟု ဆို ၏။ အကျွန်ုပ်တို့သည်သွား ၍ တောပင် တို့ကို ရွေးနှုတ် စေခြင်းငှာအလို တော်ရှိသလောဟု လျှောက် ကြလျှင် ၊ 29အိမ်ရှင် က ထိုသို့ငါအလိုမ ရှိ။ တောပင် တို့ကိုရွေးနှုတ် လျှင်စပါး ပင်တို့ကိုရောနှော ၍ နှုတ် မိမည် စိုးရိမ်စရာအကြောင်းရှိ၏။ 30စပါး ရိတ်သည်ကာလတိုင်အောင် အပင်နှစ် မျိုးတို့သည် အတူ ကြီးပွားပါလေစေ။ စပါး ရိတ်သည်ကာလ ရောက် လျှင် ၊ တောပင် တို့ကို ရှေးဦးစွာ ရွေးနှုတ် ၍ မီးရှို့ ခြင်းငှာ စည်းနှောင် ကြလော့။ စပါး ကိုကား ကျီ ၌ စုသိမ်း သွင်းထားကြလော့ဟု ရိတ် သောသူတို့အား ငါစီရင်မည်ဟု အိမ်ရှင်ဆို သည် ဟု မိန့် တော်မူ၏။
31အခြား သောဥပမာ စကားကို မိန့်မြွက် တော်မူသည်ကား၊ ကောင်းကင် နိုင်ငံ တော်သည် လယ် ၌ စိုက် သော မုန်ညင်း စေ့ နှင့်တူ ၏။ 32မုန်ညင်းစေ့သည် အစေ့ တကာ တို့ထက် ငယ် သော်လည်း၊ ကြီးပွား သောအခါ မြက်ပင် တကာတို့ထက် ကြီး သဖြင့် မိုဃ်း ကောင်းကင်ငှက် တို့သည်လာ ၍ အကိုင်းအခက် တို့၌ နားနေ မှီခိုလောက်သောအပင် ဖြစ် တတ် သည် ဟု မိန့်တော်မူ၏။
33အခြား သောဥပမာ စကားကို မိန့်မြွက် တော်မူသည်ကား၊ ကောင်းကင် နိုင်ငံ တော်သည် တဆေး နှင့်တူ ၏။ မိန်းမ သည် တဆေးကိုယူ ၍ မုန့်ညက် သုံး တင်း ၌ ထည့် သဖြင့်၊ မုန့်ညက်ရှိသမျှ ကို ဖောင်းကြွ စေတတ်သည် ဟု မိန့်တော်မူ၏။
34ယေရှု သည် ဤ ဥပမာ များတို့ကိုဆောင်၍ ပရိသတ် များတို့အား ဟောပြော တော်မူ၏။ ဥပမာ ကင်း ၍ ဟောပြော တော်မ မူ၊ 35ထိုသို့သော အားဖြင့် ပရောဖက် စကား ဟူမူကား၊ ငါသည်နှုတ် ကိုဖွင့် ၍ ဥပမာ များကိုမြွက်ဆို အံ့။ ကမ္ဘာ ဦး မှစ၍ ထိမ်ဝှက် သောအရာတို့ကိုဘော်ပြ ပေအံ့ဟု ဟောဘူးသောစကားသည် ပြည့်စုံ ခြင်းသို့ ရောက် သတည်း။ 36ထိုနောက်မှ ယေရှုသည် လူ အစုအဝေးများကိုလွှတ် ၍ အိမ် သို့ ဝင် တော်မူပြီးမှ၊ တပည့် တော်တို့သည် ချဉ်းကပ် ၍ ၊ လယ် ၌ကြဲသောတော မျိုးစေ့၏ ဥပမာ အနက်အဓိပ္ပါယ်ကို အကျွန်ုပ် တို့အား ဘော်ပြ တော်မူပါဟု လျှောက် ကြလျှင်၊
37ကိုယ်တော် က၊ ကောင်း သောမျိုးစေ့ကို ကြဲ သောသူ သည်လူ သား ဖြစ် ၏။ 38လယ် ကား ဤလောက ဖြစ် ၏။ ကောင်း သောအစေ့ ကား နိုင်ငံ တော်သား ဖြစ် ၏။ တော မျိုးစေ့ကား နတ်ဆိုး သား ဖြစ် ၏။ 39တော မျိုးစေ့ကိုကြဲ သောရန်သူ ကား မာရ်နတ် ဖြစ် ၏။ စပါး ရိတ်သောကာလကား ဤကမ္ဘာကုန် သော ကာလ ဖြစ် ၏။ စပါးရိတ် သောသူကား ကောင်းကင်တမန် ဖြစ် ၏။ 40တောပင် တို့ကိုရွေးနှုတ် ၍ မီး ရှို့ သကဲ့သို့ ဤကမ္ဘာ အဆုံး ၌ ဖြစ် လတံ့။ 41လူ သား သည် မိမိ ကောင်းကင်တမန် တို့ကိုစေလွှတ် ပြီးလျှင် ၊ မှားယွင်း စေသောသူ တို့နှင့် မတရား သော အမှုကို ပြု သောသူ ရှိသမျှ တို့ကို နိုင်ငံ တော်ထဲက ရွေးနှုတ် ၍၊ 42ငိုကြွေး ခြင်း၊ အံသွား ခဲကြိတ် ခြင်းရှိ ရာမီး ဖို ၌ ချ ကြလတံ့။ 43ထိုအခါ ဖြောင့်မတ် သောသူ တို့သည် နေ ထွန်းလင်းသကဲ့သို့ မိမိ တို့အဘ ၏ နိုင်ငံ တော်၌ ထွန်းလင်း ကြ လတံ့။ ကြားစရာနား ရှိ သောသူ မည်သည်ကား ကြား ပါစေ။
44တနည်းကား၊ ကောင်းကင် နိုင်ငံ တော်သည် လယ် ၌ ဝှက်ထား သောဘဏ္ဍာ နှင့်တူ ၏။ ထိုဘဏ္ဍာ ကိုတွေ့ သောသူ သည် တစ်ဖန် ဖုံးအုပ် ၍၊ ဝမ်းမြောက် သောစိတ်နှင့် သွား ပြီးလျှင် ၊ ရ တတ်သမျှ ကိုရောင်း ၍ ထို လယ် ကိုဝယ် တတ်၏။
45တနည်း ကား၊ ကောင်းကင် နိုင်ငံ တော်သည် မြတ် သောပုလဲ တို့ကိုရှာ သော ကုန်သည် နှင့်တူ ၏။ 46ထိုကုန်သည်သည် အလွန်အဘိုး ထိုက်သောပုလဲ ကိုတွေ့ သောအခါ ၊ သွား ၍ မိမိ၌ရ တတ်သမျှ ကို ရောင်း ပြီးလျှင်ထိုပုလဲ ကိုဝယ် လေ၏။
47တနည်း ကား၊ ကောင်းကင် နိုင်ငံ တော်သည် ပင်လယ် ၌ ချ ၍ အမျိုးမျိုး သောငါးတို့ကို အုပ်မိ သောပိုက်ကွန် နှင့်တူ ၏။ 48ငါးနှင့်အပြည့် ရှိသောအခါ တံငါတို့သည် ကုန်း ပေါ်သို့ ဆွဲတင် ၍ထိုင် လျက် ၊ ကောင်း သောငါးကို ခြင်း ထဲသို့ ရွေးချယ် ထည့်ထား၍ ၊ မကောင်း သောငါးကို ပြင် သို့ပစ် လိုက်ကြ၏။ 49ထိုနည်းတူ ကမ္ဘာ အဆုံး ၌ ကောင်းကင်တမန် တို့သည် ဆင်းလာ ပြီးလျှင် ၊ ဖြောင့်မတ် သောသူ တို့အထဲ မှ ဆိုး သောသူ တို့ကို နှုတ်ယူ ခွဲထား၍၊
50ငိုးကြွေး ခြင်း၊ အံသွား ခဲကြိတ် ခြင်းရှိ ရာ မီး ဖို ၌ ချ ကြလတံ့။
51ဤ အရာအလုံးစုံ တို့ကို သင်တို့သည် နားလည် ကြသလောဟု မေးတော်မူလျှင်၊ နားလည် ပါပြီသခင်ဟု တပည့်တော်တို့သည် လျှောက် ကြ၏။
52ကိုယ်တော် ကလည်း ၊ သို့ဖြစ်၍ ကောင်းကင် နိုင်ငံ တော်၏ အကြောင်းအရာကို သင် ပြီးသောကျမ်း ဆရာ မည်သည်ကား၊ မိမိဘဏ္ဍာ ထဲက အထူးထူးအပြားပြားသော အသစ် ဟောင်း တို့ကို ထုတ်ဘော် သောအိမ်ရှင် နှင့်တူ သည် ဟု မိန့် တော်မူ၏။
53ထို ဥပမာ စကားများကို အကုန်အစင် မိန့်မြွက်တော်မူပြီးလျှင် ထို အရပ်မှကြွသွား တော်မူ၏။ 54ထိုနောက်မှမိမိ မြို့ သို့ ရောက် တော်မူ၍ တရားစရပ် ၌ ဆုံးမ ဩဝါဒပေးလေ၏။ မြို့သားတို့သည် မိန်းမော တွေဝေခြင်းရှိကြသဖြင့် ၊ ဤ သူသည် ဤ ပညာ ကို၎င်း ၊ ဤတန်ခိုး ကို၎င်း အဘယ်မှာ ရသနည်း။ 55သူသည် လက်သမား သား မ ဟုတ် လော။ သူ့ အမိ ကား မာရိ အမည် ရှိသည်မ ဟုတ်လော။ သူ့ ညီ ကား၊ ယာကုပ် ၊ ယောသေ ၊ ရှိမုန် ၊ ယုဒ ဟုဆိုကြသည်မဟုတ်လော။ 56သူ့ နှမ များတို့သည်လည်း ငါ တို့နှင့် အနီးအပါးနေ ကြသည်မ ဟုတ်လော။ သို့ဖြစ်လျှင် ဤ သူသည် အရာ များကို အဘယ်မှာ ရသနည်းဟု ပြောဆို လျက်၊ 57စေတနာစိတ်ပျက် ကြ၏။
ယေရှု ကလည်း ၊ ပရောဖက် သည် မိမိ မြို့ ၊ မိမိ အိမ် မှတစ်ပါး အခြားသောအရပ် ၌ အသရေရှိသည် ဟု ထိုသူ တို့အား မိန့် တော်မူ၏။ 58မြို့သား များတို့သည် မယုံကြည် ကြသောကြောင့် ၊ ထို အရပ်၌ များစွာ သောတန်ခိုး ကိုပြ တော်မ မူ။

Você sabia?
Parábolas do Reino dos Céus
- No dia que este capítulo descreve, Jesus saiu de casa e sentou-se à beira do mar. A multidão ficou tão grande que ele entrou num barco e ensinou dali, enquanto o povo permanecia em pé na praia, e não lhes falou nada senão em parábolas. Uma cronologia data essas parábolas à beira-mar em 28 d.C.Fontes: o próprio texto bíblico · Seaside Parables and Miracle
- Quando os discípulos perguntaram por que ele falava ao povo em parábolas, Jesus respondeu que o conhecimento dos mistérios do reino dos céus lhes tinha sido dado, mas não às multidões. Disse que a profecia de Isaías se cumpria nas multidões: continuariam ouvindo e vendo, mas jamais entenderiam ou perceberiam, porque o coração delas se havia endurecido. O Easton’s Bible Dictionary (1897) descreve Isaías como filho de Amoz, que profetizou durante os reinados de Uzias, Jotão, Acaz e Ezequias.Fontes: o próprio texto bíblico · Isaiah
- Mais tarde, Jesus chegou à sua cidade natal, ensinou na sinagoga, e o povo se ofendeu com ele. Perguntaram se ele era o filho do carpinteiro, nomearam sua mãe Maria e seus irmãos Tiago, José, Simão e Judas, e observaram que suas irmãs viviam entre eles; por causa da incredulidade deles, ele não fez muitos milagres ali. Maria é identificada como esposa de José e mãe de Jesus, Simão como um dos irmãos do Senhor, e uma cronologia data essa segunda rejeição em Nazaré no ano 29 d.C.Fontes: o próprio texto bíblico · Mary (Mother of Jesus) · Simon · 2nd Rejection at Nazareth
Notas escritas com auxílio de IA a partir de fontes abertas (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, domínio público) e revisadas antes de publicar.
Lugares deste capítulo
- Nazareth · 32.702, 35.298 · versículo 54
Só aparecem lugares com identificação de alta confiança (90% ou mais segundo as fontes acadêmicas reunidas pelo OpenBible). Mapa da época: DARE (Digital Atlas of the Roman Empire), CC BY 4.0; mapa atual: © colaboradores do OpenStreetMap; lugares: OpenBible.info (CC BY 4.0).
Créditos e licença desta tradução
မြန်မာကျမ်းစာ The Holy Bible in the Burmese language of Myanmar, Judson version of 1840 Public Domain Language: ဗမာ (Burmese) Translation by: Adoniram Judson 2025-10-20
Fonte: http://ebible.org/myajvb/ · eBible.org