Lucas 11
မြန်မာကျမ်းစာ · Toque num versículo para ver as referências cruzadas.
1တရံရောအခါ ကိုယ်တော် သည် တစ်စုံတစ်ခု သောအရပ် တွင် ဆုတောင်း တော်မူပြီးလျှင် ၊ တပည့် တော်တစ် ယောက်က၊ သခင် ၊ ဆုတောင်း စေခြင်းငှာယောဟန် သည်မိမိ တပည့် တို့အား နည်းပေး သကဲ့သို့ အကျွန်ုပ် တို့အား နည်းပေး တော်မူပါဟု လျှောက် သော်၊
2ကိုယ်တော်က၊ သင်တို့သည်ဆုတောင်း လျှင် မြွက်ဆို ရမည်မှာ၊ ကောင်းကင်ဘုံ၌ ရှိတော်မူသော အကျွန်ုပ်တို့အဘ ၊ ကိုယ်တော် ၏ နာမ တော်အား ရိုသေ လေးမြတ်ခြင်းရှိပါစေသော။ နိုင်ငံ တော် တည်ထောင် ပါစေသော။ 3အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့မြေကြီးပေါ်မှာပြည့်စုံပါစေသော။ အသက် မွေးလောက်သောအစာ ကို အကျွန်ုပ် တို့အား နေ့ရက် အစဉ် အတိုင်း ပေး သနားတော်မူပါ။ 4အကျွန်ုပ် တို့ကို ပြစ်မှား သောသူရှိသမျှ တို့၏ အပြစ်ကို အကျွန်ုပ် သည်လွှတ် သောကြောင့် ၊ အကျွန်ုပ် တို့၏အပြစ် များကို လွှတ် တော်မူပါ။ အပြစ် သွေးဆောင် ရာသို့ မ လိုက်မပါစေဘဲ၊ မကောင်းသောအမှုအရာမှလည်း ကယ်နှုတ်တော်မူပါဟု ဆုတောင်းကြလော့ ဟု မိန့်တော်မူ၏။
5တစ်ဖန် မိန့် တော်မူသည်ကား၊ သင် တို့တွင် တစ်စုံတစ်ယောက် သောသူ၌ အဆွေ ခင်ပွန်းရှိ သည်ဖြစ်၍ ၊ သန်းခေါင် အချိန်တွင် ထိုအဆွေခင်ပွန်း၏ အိမ်သို့ သွား ပြီးလျှင် ၊ အဆွေ ၊ 6အကျွန်ုပ် အဆွေ ခင်ပွန်းတစ်ယောက်သည် ခရီး မှ လာ၍ အကျွန်ုပ် ထံသို့ ရောက် ပါပြီ။ သူ့ ကို ကျွေး စရာ မ ရှိ သောကြောင့် မုန့် သုံး လုံးချေး နှင့် ပါဟုဆို သော်၊ 7အိမ်ရှင် ကလည်း၊ ငါ့ ကိုမ နှောင့်ရှက် နှင့်။ တံခါး ပိတ် လျက်ရှိ၏။ ငါ့ သားသမီး တို့သည် ငါ နှင့် အိပ် လျက်ရှိ ကြ၏။ ငါထ ၍ သင့် အားမ ပေး နိုင် ဟု အိမ်ထဲက ပြန်ပြော သည်အရာမှာ၊ 8ငါဆို သည်ကား၊ အဆွေ ခင်ပွန်းဖြစ် သည်ကိုထောက်၍မ ထ ၊ မပေး သော်လည်း ၊ အားမလျော့ဘဲ တောင်း၍နေသောကြောင့် ထ ၍လိုချင် သမျှ ကို ပေး လိမ့်မည်။ 9တစ်ဖန်ငါ ဆို သည်ကား၊ တောင်း ကြလော့။ တောင်းလျှင် ရ မည်။ ရှာ ကြလော့။ ရှာလျှင် တွေ့ မည်။ တံခါးကိုခေါက် ကြလော့၊ ခေါက်လျှင် ဖွင့် မည်။ 10တောင်း သောသူ မည်သည်ကားရ ၏။ ရှာ သောသူ လည်း တွေ့ ၏။ ခေါက် သောသူ အားလည်း တံခါးကို ဖွင့် ၏။ 11သင် တို့တွင် အဘ ဖြစ်သောသူ ၌ သား သည် မုန့်ကိုတောင်းလျှင် အဘသည်ကျောက်ကိုပေးမည်လော့။ ငါး ကိုတောင်း လျှင် ငါး အစား ၌ မြွေ ကိုပေး မည်လော။ 12ဥ ကိုတောင်း လျှင် ကင်းမြီးကောက် ကို ပေး မည်လော။ 13သင် တို့သည် အဆိုး ဖြစ် လျက်ပင် ကိုယ် သား တို့အား ကောင်း သောအရာ ကို ပေး တတ်လျှင်၊ ထိုမျှမက ကောင်းကင် ဘုံ၌ ရှိတော်မူသော သင်တို့အဘ သည် ဆုတောင်း သောသူ တို့အား သန့်ရှင်း သောဝိညာဉ် တော်ကို သာ၍ပေး တော်မူမည် မဟုတ်လော ဟု မိန့်တော်မူ၏။
14တရံရောအခါ စကားအ သောနတ်ဆိုး ကို နှင်ထုတ် တော်မူ၍ ၊ နတ်ဆိုး ထွက် သည်နောက် အ သောသူ သည် စကား ပြော၏။ အစုအဝေး တို့သည်လည်း အံ့ဩ ကြ၏။ 15အချို့ တို့က ဤသူသည် နတ်ဆိုး မင်း ဗေလဇေဗုလ ကို အမှီပြု ၍ နတ်ဆိုး တို့ကို နှင်ထုတ် သည်ဟု ဆို ကြ၏။ 16အချို့ တို့သည်လည်း ၊စုံစမ်း နှောက်ယှက်ခြင်းငှာမိုဃ်း ကောင်းကင်က ဖြစ်သော နိမိတ် လက္ခဏာကို တောင်း ကြ၏။
17ထို သူ တို့၏စိတ် ကို သိ တော်မူသည်ဖြစ်၍ ၊ တိုင်း နိုင်ငံမည်သည်ကား၊ မိမိ နှင့်မသင့်မတင့် ကွဲပြား လျှင် ပျက်စီး ခြင်းသို့ရောက်လိမ့်မည်၊ အိမ် မည်သည်ကား ၊ မိမိနှင့်မသင့်မတင့် ကွဲပြားလျှင်လဲ လိမ့်မည်။ 18ငါ သည် ဗေလဇေဗုလ ကို အမှီပြု ၍ နတ်ဆိုး တို့ကိုနှင်ထုတ် သည်ဟု သင်တို့ဆို သည်အတိုင်း ၊ စာတန် သည် မိမိ နှင့် မသင်မတင့် ကွဲပြား လျှင် သူ ၏နိုင်ငံ သည် အဘယ်သို့ တည် နိုင်မည်နည်း။ 19ငါ သည် ဗေလဇေဗုလ ကို အမှီပြု ၍ နတ်ဆိုး တို့ကို နှင်ထုတ် သည်မှန်လျှင် ၊ သင် တို့၏သား တို့သည် အဘယ်သူ ကိုအမှီပြု ၍ နှင်ထုတ် ကြသနည်း။ထိုကြောင့် သူ တို့သည်သင် တို့အားတရား စီရင်သောသူဖြစ် ကြ လိမ့်မည်။ 20ငါ သည် ဘုရားသခင် ၏ လက်ညှိုး တော်အားဖြင့် နတ်ဆိုး တို့ကို နှင်ထုတ် သည်မှန်လျှင် ၊ အကယ်စင်စစ် သင် တို့၌ ဘုရားသခင် ၏နိုင်ငံ တော်တည်ချိန်ရောက် လေပြီ။ 21သူရဲ သည် လက်နက်စုံ နှင့် မိမိ အိမ်ဦး ၌ စောင့် နေစဉ်အခါ သူ ၏ဥစ္စာ သည် လုံခြုံ စွာရှိ ၏။ 22သူ့ ထက် တတ်စွမ်း နိုင်သောသူသည်လာ ၍ သူ့ ကိုအောင် ပြီးမှ၊ သူကိုးစား သော လက်နက်စုံ ကို သိမ်းယူ ၍ ဥစ္စာပရိကံ များကို ခွဲဝေ လိမ့်မည်။ 23ငါ့ ဘက်၌ မ နေ သောသူ သည် ငါ့ ရန်ဘက် ဖြစ် ၏။ ငါ နှင့်အတူ မ စု မသိမ်းသောသူ သည် ကြဲဖြန့် သောသူ ဖြစ်၏။ 24ညစ်ညူး သောနတ် သည် လူ ထဲက ထွက် လျှင် ၊ ခြောက်ကပ် သောအရပ် တို့၌ လည် ၍ ငြိမ်သက် ခြင်းကို ရှာ တတ်၏။ မ တွေ့ လျှင် ၊ ငါသည်ထွက်ခဲ့ သော နေမြဲအိမ် သို့ ပြန် ရဦးမည်ဟုဆို ၍ ၊ 25ရောက် သောအခါ ၊ ထိုအိမ်သည် သုတ်သင် ပြင်ဆင် လျက်ရှိသည်ကို တွေ့ သော်၊ 26မိမိ ထက်သာ၍ညစ်ညူး သောနတ်ဆိုး ခုနစ် ယောက်ကို ခေါ် ပြီးလျှင် ထို လူထဲသို့ဝင် ၍ နေ ကြ၏၊ ထို လူ ၏နောက် ဖြစ် ဟန်သည် ရှေ့ ဖြစ်ဟန်ထက်သာ၍ဆိုး သည် ဟု မိန့်တော်မူ၏။
27ထိုသို့ မိန့် တော်မူစဉ် တွင်မိန်းမ တစ် ယောက်သည် လူအစုအဝေး ထဲက ခေါ် ၍ ကိုယ်တော် ကို လွယ် သော ဝမ်း နှင့် စို့ တော်မူသောသားမြတ် သည်မင်္ဂလာ ရှိပါ၏ဟု လျှောက် လျှင်၊
28ကိုယ်တော် က၊ ဘုရားသခင် ၏ နှုတ်ကပတ် တရားတော်ကို နာ ၍ ကျင့်စောင့် သောသူ သည်မြတ်စွာ သော မင်္ဂလာ ရှိသည် ဟု မိန့် တော်မူ၏။
29လူ အစုအဝေးတို့သည် ထူထပ် လျက်ရှိကြသောအခါ ကိုယ်တော်က၊ ဤ လူမျိုး သည် ဆိုးညစ် သောအမျိုး ဖြစ် ၏။ နိမိတ် လက္ခဏာကို တောင်း သည်မှာ ပရောဖက်ယောန ၏ နိမိတ် လက္ခဏာမှတစ်ပါး အဘယ် လက္ခဏာ ကိုမျှ သူ တို့အားမပြ ရာ။ 30ယောန သည် နိနေဝေ မြို့သားတို့အား နိမိတ် လက္ခဏာဖြစ် သကဲ့သို့ လူ သား သည် ဤ လူမျိုး အား ဖြစ် လိမ့်မည်။ 31တရားဆုံးဖြတ် တော်မူသောအခါ တောင် ပြည်ကို အစိုးရသောမိဖုရား သည် ဤ လူမျိုး တစ်ဘက်၌ထ ၍ အရှုံးခံ စေလတံ့။ အကြောင်းမူကား ။ ထိုမိဖုရားသည် ရှောလမုန် မင်းကြီး၏ ပညာ စကားကို နားထောင် ခြင်းငှာမြေကြီး စွန်း မှ လာ ၏။ဤ အရပ်၌ ကား၊ ရှောလမုန် ထက် သာ၍ကြီးမြတ်သောသူရှိ၏။ 32တရားဆုံးဖြတ် တော်မူသောအခါ နိနေဝေ မြို့သားတို့သည် ဤ လူမျိုး တစ်ဘက်၌ထ ၍ အရှုံးခံ စေလတံ့။ အကြောင်းမူကား ၊ ထိုသူတို့သည် ယောန ဟောပြော သော စကားကြောင့် နောင်တရ ကြ၏။ 33ဤ အရပ်၌ကား ယောန ထက် သာ၍ကြီးမြတ်သောသူရှိ၏။ ဆီမီး ထွန်း ၍ ကွယ်ရာ ၌ ဖုံးထား လေ့မ ရှိ။ တောင်း ဇလားအောက် ၌လည်း ထားလေ့မ ရှိ။ ဝင်လာ သောသူ သည် အလင်း ကိုရ စေခြင်းငှာ ဆီမီးခုံ အပေါ်မှာ တင်ထားလေ့ရှိ၏။ 34ကိုယ် ၏ဆီမီး ကား၊ မျက်စိ တည်း။ ထိုကြောင့် မျက်စိ ကြည်လင် သောအခါ တကိုယ်လုံး လင်း လိမ့်မည်။ မျက်စိမြှေးရှက် သောအခါ တကိုယ်လုံး မိုက် လိမ့်မည်။ 35ကိုယ် ၌ ရှိသောအလင်း ကို မှောင်မိုက် မ ဖြစ် စေခြင်းငှာသတိပြု လော့။ 36အင်္ဂါ တစ်ခု မျှမ မိုက် ဘဲ တစ်ကိုယ်လုံး လင်း လျှင် ၊ ဆီမီး ၏အရောင် နှင့် လင်း စေသကဲ့သို့ လုံးလုံး လင်း လျက် ရှိ လိမ့်မည် ဟု မိန့် တော်မူ၏။
37ထိုသို့ မိန့် တော်မူစဉ် တွင်ဖာရိရှဲ တစ်ယောက်သည် အစာ ကိုသုံးဆောင်တော်မူစေခြင်းငှာ ကိုယ်တော် ကို ခေါ်ပင့် လျှင်၊ သူ၏အိမ် သို့ကြွ၍ စားပွဲ ၌ လျောင်းတော်မူ၏။ 38အစာ ကိုမ စားမှီ ဆေး ခြင်းကို ပြုတော်မ မူသည်ကို ဖာရိရှဲ သည်မြင် လျှင် အံ့ဩ လေ၏။ 39သခင် ဘုရားကလည်း ၊ ဖာရိရှဲ ဖြစ်သော သင် တို့သည် ဖလား ၊ လင်ပန်း ကိုအပြင် ၌ ဆေးကြော ကြ၏။ အတွင်း ၌ကား လုယူ ခြင်း၊ ဆိုးညစ် ခြင်းနှင့် ပြည့် လျက်ရှိ၏။ 40လူမိုက် တို့၊ အပြင် ကို ဖန်ဆင်း သောသူ သည် အတွင်း ကိုလည်း ဖန်ဆင်း တော်မူသည်မဟုတ် လော။ 41သာ၍ကောင်းသောနည်းမူကား၊ တတ်နိုင် သမျှအတိုင်း ဆင်းရဲသားတို့အား စွန့်ကြဲ ကြလော့။ သို့ပြုလျှင် ခပ်သိမ်း သောအရာတို့သည် သင် တို့အားသန့်ရှင်း ကြလိမ့်မည်။ 42ဖာရိရှဲ တို့၊ သင် တို့သည် အမင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ ပင်စိမ်း ရွက်၊ လျူ ရွက်မျိုးမှစ၍ မြက်ပင် အမျိုးမျိုး ကို ဆယ်ဘို့တဘို့ လှူကြသည်တွင်၊ တရား သဖြင့်စီရင်ခြင်း၊ ဘုရားသခင် ကိုချစ် ခြင်းအမှုကိုကား လှပ် ၍ ထားကြ၏။ အရင်ဆိုသောအရာတို့ကိုမ လှပ် မထား၊ နောက်ဆိုသောအရာတို့ကိုကျင့် ရ မည်။ 43ဖာရိရှဲ တို့၊ သင် တို့သည် အမင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ တရားစရပ် ၌ မြင့်မြတ် သောနေရာ ထိုင်ရာကို၎င်း ၊ ဈေး ၌ ရိုသေစွာနှုတ်ဆက် ခြင်းကို၎င်း နှစ်သက် ကြ၏။ 44သင် တို့သည် အမင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ မ ထင်ရှားသော သင်္ချိုင်း တွင်းနှင့်တူကြ၏။ ထိုတွင်းအပေါ်မှာသွားလာ သောသူ တို့သည် သင်္ချိုင်းတွင်းရှိမှန်းကိုမျှ မ သိ ကြ ဟု မိန့် တော်မူ၏။
45ကျမ်းတတ် တစ် ယောက်ကလည်း ၊ အရှင် ဘုရား ထိုသို့ ဆို လျှင် အကျွန်ုပ် တို့ကိုပင် ကဲ့ရဲ့ အပြစ်တင်တော်မူ၏ဟု လျှောက် သော်၊
46ကျမ်းတတ် တို့၊ သင် တို့သည် အမင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ ထမ်း ခဲသောဝန် ကိုသူတစ်ပါးအပေါ်မှာတင် တတ်၏။ 47ကိုယ် လက်ဖျား နှင့်မျှမ တို့ ကြ။ သင် တို့သည် အမင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ ပရောဖက် တို့၏ သင်္ချိုင်း များကိုတည်လုပ် ၍၊ သင် တို့၏ ဘိုးဘေး များသည် သူ တို့ကိုသတ် ကြ၏။ 48အကယ်စင်စစ် သင် တို့သည် ဘိုးဘေး တို့၏ အပြုအမူ ကိုလက်ခံ ကြ၏။ ဘိုးဘေး တို့သည် ပရောဖက် များကို သတ် ကြပြီ။ သင် တို့မူကား ၊ သင်္ချိုင်းတို့ကို တည်လုပ်ကြ၏။ 49ထိုကြောင့် ၊ ဘုရားသခင် ၏ ဉာဏ် စီရင်တော်မူသည်ကား၊ ပရောဖက် ၊ တမန်တော် တို့ကို သူ တို့ရှိရာ သို့ ငါစေလွှတ် မည်။ သူတို့သည် ထိုပရောဖက်၊ တမန်တော်အချို့တို့ကို ညှဉ်းဆဲ ကြလိမ့်မည်။ အချို့တို့ကို သတ် ကြ လိမ့်မည်။ 50ထိုကြောင့်၊ အာဗေလ ၏ အသွေး မှစ၍ ၊ ယဇ်ပလ္လင် နှင့် အိမ် တော်၏အကြား ၌ သတ်ခဲ့ပြီးသော ဇာခရိ ၏အသွေး တိုင်အောင် ကမ္ဘာ ဦး မှစ၍ သွန်း ပြီးသော ပရောဖက် အပေါင်း တို့၏အသွေး ကြောင့် ယခု ဖြစ်သောလူ တို့သည် စစ်ကြော ခြင်းကို ခံရကြမည်။ 51ငါအမှန် ဆို သည်ကား၊ ယခု ဖြစ်သောလူ တို့သည် ထိုစစ်ကြော ခြင်းကိုခံရကြမည်။ 52ကျမ်းတတ် တို့၊ သင် တို့သည် အမင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ ပညာ ဖွင့်သော သော့ ကို သိမ်းထား ကြပြီ။ မိမိ တို့လည်းမ ဝင် ၊ ဝင် လိုသောသူ တို့ကိုလည်း ဆီးတား ကြသည် ဟု မိန့် တော်မူ၏။ 53ထိုသို့ ပရိသတ် တို့အား မိန့်တော်မူစဉ်တွင် ကျမ်းပြု ဆရာနှင့် ဖာရိရှဲ တို့သည် ကိုယ်တော် ၌အပြစ်တင် ခွင့်ကို ရမည်အကြောင်း၊ 54ချောင်းမြောင်း လျက် စကား တော်ကိုဘမ်း ခြင်းငှာရှာကြံလျက်၊ ကျပ်ကျပ်တိုက်တွန်း၍ အရာရာ တို့၌ မေးစစ် ကြ၏။

Você sabia?
Oração, sinais e ais
- Jesus fala do sangue de todos os profetas, desde o sangue de Abel até o sangue de Zacarias, morto entre o altar e o santuário. Abel era o segundo filho de Adão e Eva e foi morto pelo irmão Caim. O Dicionário Bíblico de Easton (1897) identifica esse Zacarias como filho ou neto do sumo sacerdote Joiada, apedrejado por ordem do rei no pátio da casa do Senhor depois de condenar o rei e o povo, e observa que Jesus alude a esse assassinato neste capítulo.Fontes: o próprio texto bíblico · Abel · Zacharias
- Jesus diz que esta geração não receberá nenhum sinal, exceto o sinal de Jonas: assim como Jonas foi um sinal para os ninivitas, o Filho do Homem será um sinal para esta geração, e os homens de Nínive, que se arrependeram com a pregação dele, a condenarão no juízo, porque está aqui alguém maior do que Jonas. O Dicionário Bíblico de Easton (1897) descreve Jonas, filho de Amitai, de Gate-Hefer, como profeta de Israel e missionário em Nínive, e o chama de tipo do Filho do Homem. Descreve Nínive como uma cidade grande e populosa, a florescente capital do império assírio.Fontes: o próprio texto bíblico · Jonah · Nineveh
- Depois que Jesus expulsa um demônio que era mudo, alguns dizem que ele o faz por Belzebu, o príncipe dos demônios. O Dicionário Bíblico de Easton (1897) explica o nome Satanás como adversário ou acusador, afirma que o Novo Testamento o usa de modo intercambiável com o diabo e lista Beelzebub entre seus títulos. Jesus responde que todo reino dividido contra si mesmo será devastado e pergunta como o reino de Satanás pode permanecer se Satanás está dividido contra si mesmo.Fontes: o próprio texto bíblico · Satan
Notas escritas com auxílio de IA a partir de fontes abertas (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, domínio público) e revisadas antes de publicar.
Lugares deste capítulo
Só aparecem lugares com identificação de alta confiança (90% ou mais segundo as fontes acadêmicas reunidas pelo OpenBible). Mapa da época: DARE (Digital Atlas of the Roman Empire), CC BY 4.0; mapa atual: © colaboradores do OpenStreetMap; lugares: OpenBible.info (CC BY 4.0).
Créditos e licença desta tradução
မြန်မာကျမ်းစာ The Holy Bible in the Burmese language of Myanmar, Judson version of 1840 Public Domain Language: ဗမာ (Burmese) Translation by: Adoniram Judson 2025-10-20
Fonte: http://ebible.org/myajvb/ · eBible.org