Levítico 17
မြန်မာကျမ်းစာ · Toque num versículo para ver as referências cruzadas.
1ဤ ရွေ့ကား၊ ဣသရေလ အမျိုးသား တို့၏ အပြစ် ရှိသမျှ တို့ကြောင့် တနှစ် တခါ အပြစ် ဖြေခြင်းကို ပြုမည်အကြောင်း ၊ သင် တို့သည် အစဉ် စောင့်ရသောပညတ် တော်ဖြစ် သတည်းဟု မောရှေ အား ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း အာရုန်ပြု လေ၏။ 2တဖန် မောရှေ အား ထာဝရဘုရား က၊ 3သင်သည် အာရုန် နှင့် သူ ၏သား ၊ ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ 4ဣသရေလ အမျိုးသားတစုံ တယောက်သည် သိုး ၊ ဆိတ် ၊ နွား ကို တပ် ထဲ မှာ သတ် သည်ဖြစ်စေ ၊ တပ် ပြင် မှာ သတ် သည်ဖြစ်စေ၊ 5ထာဝရဘုရား ၏ တဲ တော်ရှေ့ တွင် ထာဝရဘုရား အား ပူဇော် သက္ကာ ပြု ခြင်းငှါ ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး သို့ မ ဆောင် ခဲ့လျှင် ၊ ထို သူ သည် အသက်သတ်သော အပြစ်ရှိသည်ဟု မှတ် ရမည်။ အသက်သတ်သော ထို သူ ကို သူ ၏အမျိုး မှ ပယ်ရှင်း ရမည်။ 6ဣသရေလ အမျိုးသား တို့သည် တော ၌ ပူဇော် သောယဇ် တို့ကို၊ ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး ရှေ့တွင် ထာဝရဘုရား ထံ တော်မှာ ယဇ်ပုရောဟိတ် ရှေ့ သို့ ဆောင် ခဲ့၍ ၊ ထာဝရဘုရား အား မိဿဟာယ ယဇ် ပူဇော် စေခြင်းငှါ ထိုသို့ စီရင်ရသတည်း။ 7ယဇ် ပုရောဟိတ်သည်၊ ထိုယဇ်ကောင်အသွေး ကို ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး နား၌ရှိသောထာဝရဘုရား ၏ ယဇ် ပလ္လင်ပေါ် မှာ ဖြန်း ၍ ၊ ဆီဥ ကိုလည်း ထာဝရဘုရား အား မွှေးကြိုင် ရာဘို့ မီး ရှို့ရမည်။ 8သူ တို့သည် အထက်က မှားယွင်း သကဲ့သို့ နောက် တဖန် နတ်ဆိုး တို့အား ယဇ် မ ပူဇော်ရ။ ဤ ပညတ် သည် သူ တို့အမျိုး အစဉ် အဆက် စောင့်ရသောပညတ် တော် ဖြစ်သတည်း။ 9ဣသရေလ အမျိုးသားချင်း ဖြစ်စေ ၊ သင် တို့တွင် တည်း နေသော တပါး အမျိုးသားဖြစ်စေ၊ မီး ရှို့ရာ ယဇ် အစရှိသော အခြားသောယဇ် တစုံတခုကို ပူဇော် သောအခါ၊ 10ထာဝရဘုရား အား ပူဇော်သက္ကာပြု ခြင်းငှါ ၊ ပရိသတ်စည်းဝေး ရာ တံခါး သို့ မ ဆောင် ခဲ့လျှင် ၊ ထို သူ ကို သူ ၏အမျိုး မှ ပယ်ရှင်း ရမည်ဟု သူ တို့အား ဆင့်ဆို ရမည်။ 11ဣသရေလ အမျိုးသားမှစ၍ ၊ သင် တို့တွင် တည်း နေသောတပါး အမျိုးသားတစုံ တယောက်သည်၊ အသွေး တမျိုးမျိုး ကို စား လျှင် ၊ ထိုသူကို ငါသည် မျက်နှာ ထား ၍ သူ ၏ အမျိုး မှ ပယ်ရှင်း မည်။ 12အကြောင်း မူကား၊ ကိုယ်ခန္ဓါ အသက် သည် အသွေး ၌ တည်၏။ သင် တို့ပြုသောအပြစ် ကို ဖြေစေခြင်းငှါ ၊ ထိုအသွေးကို သင် တို့အား ယဇ် ပလ္လင်ပေါ် မှာ ငါ ပေး ပြီ။ လူအပြစ် ကို ဖြေသောအရာကား၊ အသွေး ဖြစ်သတည်း။ 13ထိုကြောင့် သင် တို့၌ အဘယ်သူ မျှအသွေး ကို မ စား ရ။ သင် တို့တွင် တည်း နေသောတပါး အမျိုးသား လည်း အသွေး ကို မ စား ရဟု ဣသရေလ အမျိုးသား တို့အား ငါ့အမိန့် တော်ရှိ၏။ 14ဣသရေလ အမျိုးသား မှစ၍ သင် တို့တွင် တည်း နေသောတပါး အမျိုးသားတစုံ တယောက်သည်၊ မုဆိုး လုပ်၍ စားစရာဘို့ သား ၊ ငှက် ကို ဘမ်း မိလျှင် ၊ အသွေး ကို သွန် ၍ မြေ နှင့် ဖုံး ရမည်။ 15အသွေး သည် ခပ်သိမ်း သော ကိုယ်ခန္ဓါ အသက် ရှင်ရာအကြောင်းဖြစ်၏။ ထိုကြောင့် သင်တို့သည် တစုံ တခုသောကိုယ်ခန္ဓါ ၏ အသွေး ကို မ စား ရဟု ဣသရေလ အမျိုးသား တို့အား ငါ့အမိန့် တော်ရှိ၏။ ခပ်သိမ်း သော ကိုယ်ခန္ဓါ အသက် သည် အသွေး ၌ တည်သောကြောင့်၊ အသွေးကို စား သောသူ မည်သည်ကား၊ ပယ်ရှင်း ခြင်းကိုခံရမည်။ 16အလိုလို သေသောအကောင်၊ သားရဲ ကိုက်၍သေသော အကောင်၏အသားကို စား သော ကိုယ် အမျိုးသား ၊ တပါး အမျိုးသားမည်သည်ကား၊ စားလျှင် မိမိ အဝတ် ကိုလျှော် ၍ ကိုယ်ကို ရေချိုး ရမည်။ ညဦး တိုင်အောင် မ စင်ကြယ်ဖြစ်၏။ ထိုနောက် စင်ကြယ် ခြင်းရှိ၏။

Você sabia?
O abate sacrificial e a santidade do sangue
- O Levítico determina que animais domésticos como bois, cordeiros e bodes fossem levados diretamente à entrada da Tenda do Encontro, em vez de serem abatidos em campo aberto. Essa norma garantia que os sacrifícios fossem oferecidos exclusivamente como ofertas de paz ao SENHOR e impedia sacrifícios ilícitos a demônios em forma de bode.Fontes: o próprio texto bíblico
- Tanto os israelitas nativos quanto os estrangeiros residentes eram estritamente proibidos de comer sangue, sob pena de serem eliminados da comunidade. O texto fundamenta essa lei no princípio teológico de que a vida da carne está no sangue, o qual Deus designou especificamente para fazer expiação sobre o altar.Fontes: o próprio texto bíblico
- Quando caçavam animais selvagens ou aves permitidas para alimentação, os israelitas e estrangeiros deviam drenar o sangue na terra e cobri-lo com pó. Essa instrução reforçava que a vida pertence a Deus e preservava a santidade do sangue fora do santuário sacrificial.Fontes: o próprio texto bíblico
Notas escritas com auxílio de IA a partir de fontes abertas (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, domínio público) e revisadas antes de publicar.
Créditos e licença desta tradução
မြန်မာကျမ်းစာ The Holy Bible in the Burmese language of Myanmar, Judson version of 1840 Public Domain Language: ဗမာ (Burmese) Translation by: Adoniram Judson 2025-10-20
Fonte: http://ebible.org/myajvb/ · eBible.org