Nations Bible

Jó 35

မြန်မာကျမ်းစာ · Toque num versículo para ver as referências cruzadas.

1တဖန် ဧလိဟု ဆက်၍ မြွက်ဆို သည်ကား၊ 2ငါ သည် ဘုရား သခင်ထက်သာ၍ ဖြောင့်မတ် ၏ဟု သင်ပြော သောစကားမှန် သည်ထင် သလော။ 3သင်က၊ ငါသည်အဘယ် အကျိုး ကိုရသနည်း။ ဒုစရိုက် ကို မပြုဘဲနေလျှင် အဘယ် ကျေးဇူး ရှိသနည်းဟု ဆို လို၏။ 4သင် နှင့် သင် ၏အပေါင်း အဘော်တို့စကား ကို ငါ ချေ ပါမည်။ 5မိုဃ်းကောင်းကင် ကိုမျှော် ၍ ၊ သင့် ထက် မြင့် သော မိုဃ်းတိမ် တို့ကို ကြည့်ရှု လော့။ 6သင်သည် ဒုစရိုက် ကိုပြုသော်လည်း ၊ ဘုရားသခင် ကို အဘယ်သို့ ထိခိုက် နိုင်သနည်း။ ပြစ်မှားသော အပြစ် များ သော်လည်း ၊ အကျိုးတော်ကို အဘယ်သို့ ဖျက် နိုင်သနည်း။ 7သင်သည် ဖြောင့်မတ် သော်လည်း ၊ ဘုရားသခင်၏ အကျိုးတော်ကို အဘယ်သို့ ပြုစု နိုင်သနည်း။ သင့် လက် မှ အဘယ် ကျေးဇူးကိုခံ တော်မူမည်နည်း။ 8သင် ပြုသောဒုစရိုက် သည် သင် နှင့် တူသော လူ သတ္တဝါကို သာ ထိခိုက်နိုင်၏။ သင် ပြုသောသုစရိုက် သည်လည်း လူ သား တို့၌ သာ ကျေးဇူးပြုနိုင်၏။ 9များပြား သော ညှဉ်းဆဲ ခြင်းကို ခံရသောသူတို့သည် အော်ဟစ် တတ်ကြ၏။ အားကြီး သောသူ နှိပ်စက်သောကြောင့်၊ ပြင်းစွာအော်ဟစ် တတ်ကြ၏။ 10သို့သော်လည်း ငါ့ ကို ဖန်ဆင်း တော်မူထသော၊ ညဉ့် အချိန်၌ သီချင်း ဆိုရသောအခွင့်ကိုပေး တော်မူထ သော၊ 11မြေ တိရစ္ဆာန် နားလည်သည်ထက် သာ၍နားလည်သောဉာဏ်နှင့်၎င်း၊ မိုဃ်း ကောင်းကင်ငှက် မရ၊ ထူးဆန်းသောပညာ နှင့်၎င်း၊ ငါ တို့ကို ပြည့်စုံစေတော်မူသောဘုရား သခင်သည် အဘယ်မှာ ရှိတော်မူသနည်းဟု အဘယ်သူမျှမ မေးမြန်း တတ်။ 12ထိုကြောင့်အဓမ္မ လူ၊ ထောင်လွှား စော်ကားခြင်းကိုခံရ၍ အော်ဟစ် သော်လည်း ၊ ဘုရားသခင်သည် ထူး တော်မ မူ။ 13အကယ် စင်စစ်ဘုရား သခင်သည် အချည်းနှီး သောစကားကို နားထောင် တော်မ မူ။ အနန္တ တန်ခိုးရှင်သည် ထိုသို့သောစကားကို မ မှတ် ဘဲ နေတော်မူ၏။ 14ဘုရားသခင်ကို မ တွေ့ မမြင်ရဟု သင်ဆို သော်လည်း ၊ တရား သဖြင့် စီရင်တော်မူသောကြောင့် မြော်လင့် လျက်နေလော့။ 15ယခု မူကား ၊ အမျက် ထွက်၍ ဆုံးမ တော်မ မူ။ ပြစ်မှားသောအပြစ်ကို ကျပ်တည်းစွာ မှတ် တော်မ မူသောကြောင့်၊ 16ယောဘ သည်အချည်းနှီး သော စကားကို မြွက်ဆိုတတ်၏။ ပညာ မ ရှိဘဲ များစွာ ပြောတတ်သည်ဟု မြွက်ဆို ၏။

Ilustração artística — interpretação, não registro histórico.

Você sabia?

Eliú sobre a Independência de Deus e o Clamor Humano

  • Eliú intervém após o encerramento do debate entre Jó e seus três companheiros, apresentando uma série de discursos que vai dos capítulos 32 a 37.Fontes: Elihu · o próprio texto bíblico
  • Neste capítulo, Eliú defende a transcendência de Deus ao convidar Jó a observar os céus e as nuvens, argumentando que o pecado humano não prejudica a Deus e a justiça humana não O enriquece.Fontes: o próprio texto bíblico
  • Eliú também aborda por que os clamores de socorro sob opressão às vezes não recebem resposta, afirmando que as pessoas frequentemente clamam apenas por alívio da dor em vez de buscar a Deus, seu Criador, com verdadeira humildade.Fontes: o próprio texto bíblico

Notas escritas com auxílio de IA a partir de fontes abertas (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, domínio público) e revisadas antes de publicar.

Créditos e licença desta tradução
မြန်မာကျမ်းစာ
The Holy Bible in the Burmese language of Myanmar, Judson version of 1840
Public Domain
Language: ဗမာ (Burmese)
Translation by: Adoniram Judson
2025-10-20

Fonte: http://ebible.org/myajvb/ · eBible.org

Fale com a gente

Conte de onde você lê, como a Bíblia tem te ajudado ou o que podemos melhorar. Lemos todas as mensagens.