Nations Bible

Jeremias 34

မြန်မာကျမ်းစာ · Toque num versículo para ver as referências cruzadas.

1ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ မင်းကြီးသည် ဗိုလ်ခြေ အပေါင်း ၊ အစိုးရ တော်မူသမျှ သော တိုင်း နိုင်ငံသား၊ လူမျိုး အသီးအသီး အပေါင်းတို့နှင့်တကွ၊ ယေရုရှလင် မြို့ကို၎င်း၊ ထို မြို့နှင့်ဆိုင်သမျှ သောမြို့ရွာ တို့ကို၎င်းတိုက် သောအခါ၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ယေရမိ သို့ ရောက် ၍၊ 2ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင်သည် ယုဒ ရှင်ဘုရင် ဇေဒကိ ကို သွား ၍ ပြော ရမည်မှာ၊ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဤ မြို့ ကို ဗာဗုလုန် ရှင်ဘုရင် လက် သို့ ငါ အပ် ၍ ၊ သူသည် မီးရှို့ လိမ့်မည်။ 3သင် သည် ထိုမင်း လက် နှင့် မ လွတ် ရ။ စင်စစ်သင့်ကိုဘမ်းဆီး ၍ ထိုမင်း လက် သို့ အပ် ကြလိမ့်မည်။ သင် သည် ဗာဗုလုန် ရှင်ဘုရင် ကို မျက်နှာ ချင်းဆိုင်၍ တယောက်နှင့်တယောက် စကားပြော ရလိမ့်မည်။ ဗာဗုလုန် မြို့သို့လည်း သွား ရလိမ့်မည်။ 4သို့ရာတွင်၊ ယုဒ ရှင်ဘုရင် ဇေဒကိ မင်းကြီး၊ ထာဝရဘုရား ၏ စကား တော်ကို နားထောင် လော့။ မင်းကြီး ကို ရည်မှတ် ၍ ထာဝရဘုရား မိန့် တော်မူသည် ကား ၊ သင်သည် ထား ဖြင့် အသေ မ ခံရ။ 5ငြိမ်ဝပ် စွာ သေ ၍ သင့် ရှေ့ မှာ စိုးစံ သော ဘိုး တော်ဘေးတော်တို့အဘို့ ပြုဘူးသည်နည်းတူ၊ သင့် အဘို့ နံ့သာပေါင်းကို မီးရှို့ လျက် ၊ ဩ သခင် ဟူ၍ငိုကြွေး မြည်တမ်းကြလိမ့်မည်၊ ငါ ပြော ထားပြီဟု ထာဝရဘုရား မိန့် တော်မူ၏။ 6ဗာဗုလုန် ရှင်ဘုရင် ၏ ဗိုလ်ခြေ တို့သည် ယေရုရှလင် မြို့ကို ၎င်း၊ 7ယုဒပြည်၌ ခိုင်ခံ့ ၍ ကျန်ကြွင်း သောမြို့ ၊ လာခိရှ မြို့၊ အဇေကာ မြို့တည်းဟူသောယုဒ ပြည် ၌ ကျန် ကြွင်း သော မြို့ တို့ကို၎င်းတိုက် သောအခါ ၊ ပရောဖက် ယေရမိ သည် ထို စကား အလုံးစုံ တို့ကို ယုဒ ရှင်ဘုရင် ဇေဒကိ အား ဆင့်ဆို လေ၏။ 8ယေရုရှလင် မြို့သား အပေါင်း တို့သည် အသီးအသီး စေစားသော ယုဒ ညီအစ်ကို ချင်း၊ 9အစေခံရသောဟေဗြဲ အမျိုးကျွန်ယောက်ျား မိန်းမ တို့ကို နောက်တဖန် မ စေစားဘဲလွှတ် စေခြင်းငှါ ၊ ဇေဒကိ မင်းကြီး သည် လွှတ်ခြင်း တရားကို စီရင် မည်ဟု ဝန်ခံပြီးသည်နောက် ၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော် သည် ယေရမိ သို့ရောက် လာ၏။ 10အကြောင်းမူကား၊ ဝန်ခံ သောမှူးမတ် ၊ ဆင်းရဲသား အပေါင်း တို့သည် အသီးအသီး စေစား သော ကျွန် ယောက်ျား မိန်းမ တို့ကို နောက် တဖန် မ စေစား ဘဲ လွှတ် ရမည်ဟု ကြားသောအခါ၊ နားထောင် ၍ လွှတ် လိုက်ကြ၏။ 11နောက် တဖန် ပြောင်းလဲ ၍ ယခင်လွှတ် ပြီးသော ကျွန် ယောက်ျား မိန်းမ တို့ကို ခေါ် ပြန်၍ အစေ ကျွန်ခံစေကြ ၏။ 12ထိုကြောင့် ၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော် သည် ယေရမိ သို့ ရောက် ၍၊ 13ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင် တို့ဘိုးဘေး များကို ကျွန်ခံ နေရာ အဲဂုတ္တု ပြည် မှ ငါ နှုတ်ဆောင် သောအခါ ၊ 14သင်တို့သည် အသီးအသီးဝယ်သော ညီအစ်ကို ချင်း ဟေဗြဲ အမျိုးသားတို့ကို ခုနစ် နှစ် စေ့ လျှင် လွှတ် ရမည် ။ ခြောက် နှစ် ပတ်လုံးသင် တို့၌ အစေကျွန်ခံ ပြီးမှ ၊ လွတ် သော အခွင့် ကိုပေးရမည်ဟု ပညတ်သော်လည်း ၊ သင် တို့ဘိုးဘေး များတို့သည် ငါ့ စကားကို နား မ ထောင်၊ နား ကို ပိတ် လျက်နေကြ၏။ 15သင်တို့သည် ယခုမှာပြောင်းလဲ ၍၊ အသီးအသီး အိမ်နီးချင်း တို့ အား လွတ် ရသောအခွင့်ကို ထင်ရှား စွာ စီရင်သဖြင့်၊ ငါ့ ရှေ့ ၌ တရား သော အမှုကို ပြု လျက်၊ ငါ့ နာမ ဖြင့် သမုတ် သော ဗိမာန် တော်၌ ငါ့ ရှေ့ မှာ ဝန်ခံခြင်း ပဋိညာဉ် ကိုပြု ကြသော်လည်း ၊ 16တဖန် ပြောင်းလဲ ၍ ငါ ၏နာမ ကို ရှုတ်ချ လျက် ၊ အသီးအသီး ရှင်းရှင်းလွှတ် ဘူးသော ကျွန် ယောက်ျား မိန်းမ တို့ကို ခေါ် ပြန်၍ အစေ ကျွန်ခံစေကြပြီတကား။ 17ထိုကြောင့်၊ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင် တို့သည် အသီးအသီး ညီအစ်ကို ချင်း၊ အိမ်နီးချင်း တို့ အား လွတ် ရသောအခွင့်ကို ထင်ရှား စွာ မစီရင်၊ ငါ့ စကား ကို နား မ ထောင်သောကြောင့်၊ ထာဝရဘုရား မိန့် တော်မူသည် ကား၊ ငါ သည် သင် တို့အဘို့ ၊ ထား ဘေး၊ ကာလနာ ဘေး၊ မွတ်သိပ် ခြင်းဘေးတို့အား လွတ် သောအခွင့်ကို ထင်ရှား စွာ စီရင်၍၊ အတိုင်းတိုင်း အပြည်ပြည်တို့၌ အနှောင့် အရှက်ခံ စေမည်။ 18နွားသငယ် ကို ထက်ခြမ်းခွဲ ၍ ၊ အလယ် သို့ ရှောက် သွားလျက်၊ ငါ့ ရှေ့ မှာပြု သော ဝန်ခံခြင်းပဋိညာဉ် စကား အတိုင်းမ ကျင့် ၊ ငါ ၏ပဋိညာဉ် ကို ဖျက် သော သူ တည်းဟူသော၊ 19ယုဒ မင်း ၊ ယေရုရှလင် မင်း ၊ မှူးမတ် ၊ ယဇ်ပုရောဟိတ် အစ ရှိသော၊ နွားသငယ် ထက် ခြမ်းအလယ် သို့ ရှောက်သွား သော ပြည်သူ ပြည်သားအပေါင်း တို့ကို၊ 20သူ တို့ရန်သူ များလက် သို့ ၎င်း ၊ သတ် ချင်သောသူများလက် သို့ ၎င်း ငါအပ် မည်။ သူ တို့အသေ ကောင် များတို့သည် မိုဃ်းကောင်းကင် ငှက် နှင့် တော သားရဲ များ စားစရာ ဘို့ဖြစ်ကြလိမ့်မည်။ 21ယုဒ ရှင်ဘုရင် ဇေဒကိ မှစ၍ မှူး တော်မတ်တော် တို့ကို သူ တို့ရန်သူ များလက် သို့ ၎င်း ၊ သတ် ချင်သောလူများ လက် သို့ ၎င်း ၊ ယခုလွှဲ သွားသောဗာဗုလုန် ရှင်ဘုရင် ၏ ဗိုလ်ခြေ များလက် သို့ ၎င်း ငါအပ် မည်။ 22ငါ သည် အမိန့် တော်ပေး၍ သူ တို့ကို ဤ မြို့ သို့ ပြန် လာစေမည်။ သူတို့သည် တိုက် ယူ ၍ မီးရှို့ ကြလိမ့်မည်။ ငါသည်လည်း၊ ယုဒ မြို့ ရွာတို့ကို လူဆိတ်ညံ ရာအရပ် ဖြစ် စေမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။

Você sabia?

A Aliança Quebrada e as Últimas Fortalezas de Judá

  • Enquanto as tropas de Nabucodonosor avançavam contra Jerusalém, Laquis e Azeca eram as únicas outras cidades fortificadas que restavam em Judá. Ambas eram importantes fortalezas defensivas localizadas na Sefelá, a região de colinas baixas a oeste de Judá.Fontes: o próprio texto bíblico · Lachish · Azekah · Nebuchadnezzar
  • O capítulo descreve um antigo ritual de aliança no qual os participantes cortavam um bezerro em duas partes e passavam entre as metades divididas. Essa cerimônia simbolizava que quem violasse o juramento sofreria o mesmo destino do animal sacrificado.Fontes: o próprio texto bíblico
  • Sob cerco, o rei Zedequias e os líderes de Jerusalém concordaram em libertar seus servos hebreus de acordo com a antiga lei. No entanto, assim que o exército babilônico se retirou temporariamente, os proprietários voltaram atrás em seu juramento e forçaram os libertos a retornar à servidão.Fontes: o próprio texto bíblico · Zedekiah

Notas escritas com auxílio de IA a partir de fontes abertas (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, domínio público) e revisadas antes de publicar.

Lugares deste capítulo

  • Babylon · 32.543, 44.422 · versículos 1, 2, 3, 7, 21
  • Jerusalem · 31.777, 35.234 · versículos 1, 6, 7, 8, 19, 21
  • Lachish · Hoje: Tell ed Duweir · 31.565, 34.849 · versículo 7
  • Egypt · 30.129, 31.308 · versículo 13

Só aparecem lugares com identificação de alta confiança (90% ou mais segundo as fontes acadêmicas reunidas pelo OpenBible). Mapa da época: DARE (Digital Atlas of the Roman Empire), CC BY 4.0; mapa atual: © colaboradores do OpenStreetMap; lugares: OpenBible.info (CC BY 4.0).

Créditos e licença desta tradução
မြန်မာကျမ်းစာ
The Holy Bible in the Burmese language of Myanmar, Judson version of 1840
Public Domain
Language: ဗမာ (Burmese)
Translation by: Adoniram Judson
2025-10-20

Fonte: http://ebible.org/myajvb/ · eBible.org

Fale com a gente

Conte de onde você lê, como a Bíblia tem te ajudado ou o que podemos melhorar. Lemos todas as mensagens.