Nations Bible

Hebreus 8

မြန်မာကျမ်းစာ · Toque num versículo para ver as referências cruzadas.

1ယခု ဆို ခဲ့ပြီး သော အကြောင်း အရာတို့၏ အချုပ်အခြာ ဟူမူကား၊ ထိုသို့သော ယဇ်ပုရောဟိတ် မင်းသည် ငါတို့၌ရှိ ၏။ ကောင်းကင် ဘုံ၌ တန်ခိုး အာနုဘော်တော်၏ ပလ္လင် လက်ျာဘက် မှာ ထိုင် နေတော်မူ၏ 2လူ မ ဆောက်ဘဲ ထာဝရ ဘုရား ဆောက် တော်မူသော တဲ တော်စစ် တည်းဟူသော၊ သန့်ရှင်း ရာဌာန၌ ဘုရား ဝတ်ကိုပြုသောသူဖြစ်တော်မူ၏ 3ယဇ်ပုရောဟိတ် မင်းမည်သည်ကား၊ ပူဇော် သက္ကာနှင့် ယဇ် ကိုပူဇော် စေခြင်းငှာခန့်ထား လျက်ရှိသည် ဖြစ်၍၊ ငါတို့ ယဇ်ပုရောဟိတ်မင်းသည်လည်း ပူဇော် စရာယဇ်တစ်စုံတစ်ခုရှိ ရ၏ 4ပညတ် တရားအတိုင်း ပူဇော် သက္ကာကို ဆက်ကပ် သော ယဇ် ပုရောဟိတ်များ ရှိ ကြသည်ဖြစ်၍၊ ထိုသခင်သည် မြေကြီး ပေါ်မှာ ရှိ နေလျှင် ယဇ် ပုရောဟိတ်မ လုပ် ရ 5မောရှေ သည် တဲ တော်ကို ဆောက်လုပ် အံ့သောအခါ၊ တောင် ပေါ်မှာ သင့် အားပြ ခဲ့ပြီးသောပုံ နှင့် ညီလျော် စွာ အလုံးစုံ တို့ကို လုပ် ခြင်းငှာသတိပြုရမည်ဟု ဗျာဒိတ် တော်ကို ခံရသည်ဖြစ်၍၊ ထိုယဇ် ပုရောဟိတ်တို့သည် ကောင်းကင် အရာတို့၏ ပုံပမာ အရိပ် နှင့်သာဆိုင်လျက် ဝတ် ကိုပြုနေကြ၏ 6ထိုမှတစ်ပါး ၊ ယေရှုသည် သာ၍ မြတ်သော ဂတိ တော်တို့၌ တည် သော၊ သာ၍ မြတ်သော ပဋိညာဉ် တရား၏ အာမခံ ဖြစ်သည်နှင့်အညီ၊ သာ၍မြတ် သော ဝတ်ပြု ခြင်း အခွင့်အရာကို ရတော်မူ ၏ 7ပဌမ ပဋိညာဉ် တရားသည်၊ အပြစ်တင် ခွင့်မရှိသည်မှန်လျှင် ၊ ဒုတိယ ပဋိညာဉ်တရား တည် ရသော အခွင့်ကို အဘယ်ကြောင့်ရှာ ရသနည်း 8ပဌမပဋိညာဉ် တရားကို ထာဝရ ဘုရားသည် အပြစ်တင် ၍ မိန့် တော်မူသည်ကား၊ 9ငါ သည် ဤလူမျိုး ၏ ဘိုးဘေး တို့ကိုလက် ဆွဲ ၍ အဲဂုတ္တု ပြည် မှ ဆောင်သွား သောအခါ၊ သူတို့၌ ငါပေး သော ပဋိညာဉ် တရားနှင့် ခြားနား သော ပဋိညာဉ် တရားသစ် ကို ဣသရေလ အမျိုးသား ၊ ယုဒ အမျိုးသား တို့၌ ငါပေးသော အချိန် ကာလရောက် လိမ့်မည်။ အရင် ငါ ပေးဘူးသော ပဋိညာဉ် တရား၌ သူ တို့သည် မ တည် ကြ၊ ငါ သည်လည်း သူ တို့ကို မ ကြည့်ရှုမပြုစုဘဲနေ၏ 10နောင် ကာလ အခါ ဣသရေလ အမျိုးသား တို့၌ ငါပေး အံ့သော ပဋိညာဉ် တရားဟူမူကား၊ ငါထာဝရ ဘုရားသည် ငါ့ ပညတ် တို့ကို သူ တို့ စိတ် ဝိညာဉ်ထဲသို့ သွင်း မည်။ သူ တို့နှလုံး ပေါ်မှာ ရေး ထားမည်။ ငါသည် သူ တို့၏ ဘုရား ဖြစ် မည်။ သူ တို့သည်လည်း ငါ ၏လူ ဖြစ် ကြလိမ့်မည် 11ထိုသူတို့က၊ ထာဝရဘုရား ကို သိ လော့ဟု၊ အမျိုးသား ချင်း၊ ညီအစ်ကို အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ဆုံးမ ဩဝါဒမ ပေးရကြ၊ အကြောင်းမူကား ၊ အငယ်ဆုံး သောသူမှစ၍ အကြီးဆုံး သောသူတိုင်အောင် ထိုသူ အပေါင်း တို့သည် ငါ့ ကိုသိ ကြလိမ့်မည် 12ထိုအခါငါသည် သူ တို့အပြစ် များကို သည်းခံ မည်။ သူ တို့ပြစ်မှား ခြင်း၊ လွန်ကျူးခြင်းများကို မ အောက်မေ့ ဘဲနေမည်ဟု ထာဝရ ဘုရား မိန့် တော်မူ၏ 13ပဋိညာဉ်တရားသစ် ဟူ၍မိန့် တော်မူသည်တွင် ပဌမ ပဋိညာဉ်တရားကို ဟောင်း စေတော်မူ၏။ ရွေ့လျော့ ၍ ဟောင်း သောအရာ မည်သည်ကား၊ ကွယ်ပျောက် ခြင်း သို့ရောက်လုနီး သတည်း။

Ilustração artística — interpretação, não registro histórico.

Você sabia?

O verdadeiro tabernáculo e uma nova aliança

  • Hebreus 8 chama de cópia e sombra do que está no céu o lugar em que os sacerdotes servem. Por isso Moisés, quando estava para construir o tabernáculo, foi advertido a fazer tudo segundo o modelo que lhe foi mostrado no monte.Fontes: o próprio texto bíblico
  • A nova aliança prometida à casa de Israel e à casa de Judá é contrastada com a aliança feita com os pais, quando foram tirados do Egito, a terra do Nilo.Fontes: o próprio texto bíblico · Egypt
  • Ao falar de uma nova aliança, o capítulo diz que a primeira ficou antiquada e que o que é antiquado e envelhecido logo desaparecerá.Fontes: o próprio texto bíblico

Notas escritas com auxílio de IA a partir de fontes abertas (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, domínio público) e revisadas antes de publicar.

Lugares deste capítulo

  • Egypt · 30.129, 31.308 · versículo 9

Só aparecem lugares com identificação de alta confiança (90% ou mais segundo as fontes acadêmicas reunidas pelo OpenBible). Mapa da época: DARE (Digital Atlas of the Roman Empire), CC BY 4.0; mapa atual: © colaboradores do OpenStreetMap; lugares: OpenBible.info (CC BY 4.0).

Créditos e licença desta tradução
မြန်မာကျမ်းစာ
The Holy Bible in the Burmese language of Myanmar, Judson version of 1840
Public Domain
Language: ဗမာ (Burmese)
Translation by: Adoniram Judson
2025-10-20

Fonte: http://ebible.org/myajvb/ · eBible.org

Fale com a gente

Conte de onde você lê, como a Bíblia tem te ajudado ou o que podemos melhorar. Lemos todas as mensagens.