Nations Bible

Ezequiel 6

မြန်မာကျမ်းစာ · Toque num versículo para ver as referências cruzadas.

1တဖန် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် လာ၍၊ 2အချင်းလူသား ၊ သင် သည် ဣသရေလ တောင် တို့ကို မျက်နှာ ပြု ၍ ၊ သူ တို့တဘက် ၌ ပရောဖက် ပြုလော့။ 3အိုဣသရေလ တောင် တို့၊ အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို နားထောင် ကြလော့။ အရှင် ထာဝရဘုရား သည် တောင် ကြီး၊ တောင် ငယ်၊ မြစ် ၊ ချိုင့် တို့အား မိန့် တော်မူသည်ကား ၊ ငါ သည်ကိုယ်တိုင် သင် တို့အပေါ် သို့ ထား ကိုရောက် စေ၍ ၊ မြင့် သောအရပ်တို့ကို ဖြိုဖျက် မည်။ 4သင် တို့ယဇ် ပလ္လင်တို့သည် လူဆိတ်ညံ လိမ့်မည်။ နေရုပ်တု တို့သည် ကျိုးပဲ့ လိမ့်မည်။ ရုပ်တု ဆင်းတုတို့ရှေ့ မှာ သင် တို့၏သူရဲ များကို ငါလှဲ ချမည်။ 5ရုပ်တု ဆင်းတုတို့ရှေ့ မှာ ဣသရေလ အမျိုးသား အသေ ကောင်များကို ချထား ၍ ၊ ယဇ် ပလ္လင်တို့ပတ်လည် ၌ သင် တို့အရိုး များကို ငါဖြန့်ကြဲ မည်။ 6သင် တို့နေရာ အရပ်ရပ် ၌ ရှိသောမြို့ တို့သည် ပြိုပျက် ၍ ၊ မြင့် သော အရပ်တို့သည် လူ ဆိတ်ညံလျက်၊ ယဇ် ပလ္လင်တို့သည်သုတ်သင် ပယ်ရှင်းလျက် ၊ ရုပ်တု ဆင်းတုအမျိုးမျိုးတို့သည် ခုတ်လှဲ ချိုးဖဲ့ ခြင်းကိုခံရလျက် ၊ သင် တို့လုပ် သော အရာတို့သည် ပျောက်ပျက် လျက်ရှိကြလိမ့်မည်။ 7သင် တို့အလယ် ၌ သူရဲ တို့သည် လဲ ၍ သေကြလိမ့်မည်။ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သိ ရကြ လိမ့်မည်။ 8သို့သော်လည်း ၊ သင် တို့သည် အပြည်ပြည် သို့ ကွဲပြား ကြသောအခါ ၊ လူ အမျိုးမျိုးတို့၏ထား နှင့် လွတ် သော သူအချို့ရှိ စေခြင်းငှါ အကျန် အကြွင်းကို ငါထား မည်။ 9ငါ့ ကိုစွန့် ပစ်၍ မှားယွင်း တတ်သော နှလုံး ကို၎င်း၊ ရုပ်တု ဆင်းတုတို့နှင့် မှားယွင်းလိုသဖြင့်လိုက်၍ ကြည့် သော မျက်စိ တို့ကို၎င်းငါပယ်ဖျက် သောအခါ ၊ လွတ် သောသူတို့သည်သိမ်းသွား ခြင်းကိုခံရာအပြည်ပြည် တို့၌ ငါ့ ကိုအောက်မေ့ ကြလိမ့်မည်။ ပြု မိသမျှ သောစက်ဆုပ် ရွံ့ရှာဘွယ်အမှုတို့ကြောင့် ကိုယ်ကိုကိုယ်ရွံ့ရှာကြ လိမ့်မည်။ 10ထိုသို့ သောအပြစ် ဒဏ်ကို ငါပေး မည်ဟု၊ ငါ ထာဝရဘုရား သည် အချည်းနှီး မိန့် တော်မူသည် မ ဟုတ် ကြောင်း ကို သိ ရကြလိမ့်မည်။ 11အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဣသရေလ အမျိုး ပြုမိသမျှ သော ရွံ့ရှာဘွယ်အမှုဆိုး တို့ ကြောင့် ၊ အမင်္ဂလာရှိပါသည်တကားဟုဆိုလျက်၊ လက်ခုပ် တီးလော့။ ခြေ နှင့် ဆောင့်လော့။ အကြောင်း မူကား ၊ သူတို့သည်ထား ဘေး၊ မွတ်သိပ် ခြင်းဘေး၊ နာ ဘေး တို့ဖြင့် လဲ ၍ သေကြလိမ့်မည်။ 12ဝေး သောသူသည် နာ ဘေးဖြင့် သေ လျက် ၊ နီး သောသူသည် ထား ဘေးဖြင့် ဆုံး လျက် ၊ ထိုဘေးမှ လွတ်၍ ကျန်ကြွင်း သောသူသည်လည်း မွတ်သိပ် ခြင်း ဘေးဖြင့် သေ လျက် ၊ သူ တို့၌ ငါ ၏ ဒေါသအရှိန် ပြည့်စုံ လိမ့်မည်။ 13ရုပ်တု ဆင်းတုအပေါင်း တို့အား နံ့သာပေါင်း ကို ပူဇော် ရာအရပ် ၊ ယဇ် ပလ္လင်များပတ်လည် ၊ မြင့် သောကုန်း ၊ တောင်ထိပ် ရှိသမျှ တို့အပေါ် ၊ စိမ်း သောသစ်ပင်၊ အရိပ် ကောင်းသော သပိတ်ပင် ရှိသမျှတို့အောက်၌၊ ရုပ်တု ဆင်းတုတို့တွင် သူရဲတို့သည်လဲ၍ သေလျက်ရှိ ကြသောအခါ ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သိ ရကြ လိမ့်မည်။ 14သူ တို့အပေါ် မှာ ငါ သည်လက် ကိုဆန့် ၍ ၊ ဒိဗလတ် မြို့နှင့် ဆိုင်သော လွင်ပြင် ထက်၊ သူ တို့နေ လေရာရာ ပြည် ကိုသာ၍ လူဆိတ်ညံ ရာ၊ အံ့ဩဘွယ် ရာဖြစ် စေ သောအခါ ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သိ ရကြ လိမ့်မည်ဟု မိန့်တော်မူ၏။

Ilustração artística — interpretação, não registro histórico.

Você sabia?

Julgamento da Idolatria nos Montes de Israel

  • Ezequiel direciona sua profecia especificamente contra os montes, colinas, ravinas e vales de Israel porque esses locais naturais elevados e isolados eram os principais pontos onde altares pagãos e incensários floresciam sob carvalhos frondosos e árvores verdes.Fontes: o próprio texto bíblico
  • O profeta é instruído a acompanhar sua mensagem com gestos físicos expressivos, como bater as palmas e bater os pés no chão, para dramatizar o choque, a dor e a solenidade do juízo iminente por espada, fome e peste.Fontes: o próprio texto bíblico
  • Apesar de anunciar uma desolação generalizada por toda a terra, o texto promete que um remanescente sobreviverá à espada e refletirá sobre seus atos enquanto estiver disperso em cativeiro entre as nações.Fontes: o próprio texto bíblico

Notas escritas com auxílio de IA a partir de fontes abertas (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, domínio público) e revisadas antes de publicar.

Lugares deste capítulo

  • Riblah · Hoje: Rableh · 34.460, 36.573 · versículo 14

Só aparecem lugares com identificação de alta confiança (90% ou mais segundo as fontes acadêmicas reunidas pelo OpenBible). Mapa da época: DARE (Digital Atlas of the Roman Empire), CC BY 4.0; mapa atual: © colaboradores do OpenStreetMap; lugares: OpenBible.info (CC BY 4.0).

Créditos e licença desta tradução
မြန်မာကျမ်းစာ
The Holy Bible in the Burmese language of Myanmar, Judson version of 1840
Public Domain
Language: ဗမာ (Burmese)
Translation by: Adoniram Judson
2025-10-20

Fonte: http://ebible.org/myajvb/ · eBible.org

Fale com a gente

Conte de onde você lê, como a Bíblia tem te ajudado ou o que podemos melhorar. Lemos todas as mensagens.