Nations Bible

Ezequiel 14

မြန်မာကျမ်းစာ · Toque num versículo para ver as referências cruzadas.

1ဣသရေလ အမျိုးအသက်ကြီး သူ အချို့တို့သည် လာ ၍ ငါ့ ရှေ့ မှာ ထိုင် ကြ၏။ 2ထာဝရဘုရား ၏နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် လာ၍ ၊ 3အချင်းလူသား ၊ ဤ လူ တို့သည် ကိုယ် စိတ် နှလုံး၌ ကိုယ် ရုပ်တု များကို တည်ထောင် ၍ ၊ ကိုယ် မျက်နှာ ရှေ့ မှာ ကိုယ် ဒုစရိုက် သစ်တုံး ကို ထား ကြပြီ။ သူ တို့ မေးလျှောက် ခြင်းကို ငါခံရ မည်လော ။ 4ထိုကြောင့် ၊ အရှင် ထာဝရ ဘုရား၏ အမိန့် တော် ကို သူ တို့အား ဆင့်ဆို ရမည်မှာ၊ အကြင်ဣသရေလ အမျိုးသား သည် ကိုယ် စိတ်နှလုံး ၌ ကိုယ် ရုပ်တု တို့ကို တည်ထောင် ၍ ၊ ကိုယ် မျက်နှာ ရှေ့ မှာ ကိုယ် ဒုစရိုက် သစ်တုံး ကို ထား လျက် ပရောဖက် ထံသို့ ရောက် လာ၏၊ ထိုသူ ၌ရုပ်တု များပြား သည်နှင့်အညီ ငါပြန်ပြော မည်။ 5ထိုသို့ သောအားဖြင့်၊ ဣသရေလ အမျိုး ကို သူ တို့ စိတ် သဘောရှိသည်နှင့်အညီငါဘမ်း မည်။ ထို သူအပေါင်း တို့သည် မိမိ တို့ရုပ်တု များကြောင့် ငါ နှင့် ကွာဝေး ကြပြီ။ 6ထိုကြောင့် ၊ အရှင် ထာဝရဘုရား ၏အမိန့် တော် ကို ဣသရေလ အမျိုး အား ဆင့်ဆို ရမည်မှာ၊ နောင်တ ရ၍ ရုပ်တု တို့ကို ကြဉ်ရှောင် ကြလော့။ သင် တို့ပြုသမျှ သော စက်ဆုပ် ရွံရှာဘွယ်အမှုတို့မှ မျက်နှာ လွှဲ ကြလော့။ 7ငါ နှင့် ကွာ ပြီးလျှင် ၊ ကိုယ် စိတ်နှလုံး ၌ ကိုယ် ရုပ်တု များကို တည်ထောင် ၍ ၊ ကိုယ် မျက်နှာ ရှေ့ မှာ ကိုယ် ဒုစရိုက် သစ်တုံး ကို ထား လျက်ပင်၊ ငါ့ အလိုကို မေးမြန်း ခြင်းငှါ ၊ ပရောဖက် ထံသို့ လာ သော ဣသရေလ အမျိုးသား ဖြစ်စေ ၊ ဣသရေလ အမျိုး၌ တည်း နေသော တပါး အမျိုးသား ဖြစ်စေ၊ ငါ ထာဝရဘုရား သည် ကိုယ် အလိုအလျောက်ပြန်ပြော သဖြင့် ၊ 8ထိုသူ တဘက် ၌ငါ သည်မျက်နှာ ထား ၍ သူ့ ကို နိမိတ် ဖြစ် စေမည်။ စကားပုံ လည်း ဖြစ်စေမည်။ ထိုသူကို ငါ ၏လူ တို့အထဲ မှ ပယ်ရှား မည်။ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သင်တို့သိရ ကြလိမ့်မည်။ 9ပရောဖက် သည်ဟောပြော ၍ မှားယွင်း လျှင် ၊ ထို ပရောဖက် ကို ငါ ထာဝရဘုရား မှားယွင်း စေ၏။ ထိုသူ ကိုငါ သည် ဒဏ်ခတ် ၍ ၊ ငါ ၏လူ ဣသရေလ အမျိုးထဲမှ ပယ်ရှား မည်။ 10သူတို့သည်လည်း အပြစ် နှင့် အလျောက်ဒဏ်ခံရကြမည်။ ပရောဖက် ခံရ သောဒဏ် သည် ပရောဖက်ကို ဆည်းကပ် သောသူခံရသောဒဏ်နှင့်တူရလိမ့်မည်။ 11ထိုသို့ ဖြစ်လျှင်၊ နောက် တဖန် ဣသရေလ အမျိုး သည် ငါ့ ကို မစွန့်ပစ်၊ လမ်း မ လွှဲ၊ မှားယွင်းခြင်း အပြစ် ရှိသမျှ တို့နှင့် နောက် တဖန်မ ညစ်ညူး ဘဲ၊ ငါ ၏လူ ဖြစ် ရကြ လိမ့်မည်။ ငါ သည်လည်း သူ တို့၏ဘုရားသခင် ဖြစ် မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။ 12တဖန် ထာဝရဘုရား ၏နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် လာ၍၊ 13အချင်းလူသား ၊ ပြည် သားတို့သည် အထပ်ထပ် လွန်ကျူး၍ ငါ့ ကို ပြစ်မှား သောကြောင့် ၊ ငါ သည်လက် ကို ဆန့် ၍ မုန့် အထောက် အပင့်ကို ချိုး သဖြင့် ၊ အစာ အာဟာရ ကို ခေါင်းပါးစေ၍၊ ထိုပြည်မှ လူ နှင့် တိရစ္ဆာန် တို့ကို ပယ် ဖြတ်လျှင် ၊ 14နောဧ ၊ ဒံယေလ ၊ ယောဘ ၊ ဤ သုံး ယောက်ရှိ သော်လည်း ၊ ကိုယ် ဖြောင့်မတ် ခြင်းအားဖြင့် ကိုယ် အသက် ဝိညာဉ်ကိုသာ ကယ်နှုတ် ရသောအခွင့်ရှိကြလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။ 15သားရဲ တို့သည် ပြည် ၌ ပေါ် လာ၍ ဖျက်ဆီး သောကြောင့် ၊ အဘယ်သူ မျှမနေနိုင်သဖြင့် လူဆိတ်ညံ လျှင် ၊ 16ထို သူ သုံး ယောက်ရှိသော်လည်း၊ ငါ ၏အသက်ရှင် သည်အတိုင်း ကိုယ်သားသမီး ကို မ ကယ်နှုတ် ရ။ ကိုယ်တိုင် သာချမ်းသာ ရကြ၍ ၊ ပြည် သည် လူဆိတ်ညံ လျက် ရှိ ရ လိမ့်မည်။ 17သို့မဟုတ် ၊ အိုထား ၊ ထို ပြည် ကိုလုပ်ကြံလော့ဟု ငါဆို လျက် ၊ ထား ဘေးကို ရောက် စေသောကြောင့်၊ လူ နှင့် တိရစ္ဆာန် တို့ကို ပယ်ဖြတ် လျှင် ၊ 18ထို သူ သုံး ယောက်ရှိသော်လည်း ၊ ငါ အသက်ရှင် သည်အတိုင်း ကိုယ်သားသမီး ကိုမ ကယ် မနှုတ်ရ၊ ကိုယ်တိုင် သာချမ်းသာ ရကြလိမ့်မည်။ 19သို့မဟုတ် ၊ ထို ပြည် ၌ ကာလနာ ကို ငါစေလွှတ် သောကြောင့် ၊ လူ နှင့် တိရစ္ဆာန် ၏ အသက် ကို သတ်ဖြတ်ပယ်ရှင်းခြင်းငှါ ငါ ၏ ဒေါသအရှိန်ကို သွန်းလောင်း လျှင်၊ 20နောဧ ၊ ဒံယေလ ၊ ယောဘ တို့ရှိသော်လည်း ၊ ငါ အသက်ရှင် သည် အတိုင်းကိုယ်သားသမီး ကို မ ကယ် မနှုတ်၊ ကိုယ် ဖြောင့်မတ် ခြင်းအားဖြင့် ကိုယ် အသက် ဝိညာဉ်ကိုသာ ကယ်နှုတ် ရကြလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။ 21ထိုကြောင့် ၊ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ယေရုရှလင် မြို့၌ လူ နှင့် တိရစ္ဆာန် တို့ကို ပယ်ဖြတ် ခြင်းငှါ ထား ဘေး၊ မွတ်သိပ် ခြင်းဘေး၊ ဖျက်ဆီးတတ်သောသားရဲဘေး၊ ကာလနာဘေးတည်းဟူသော၊ အလွန်ဆိုးသော ဘေးလေးပါးတို့ကို ငါစေလွှတ်သောအခါ ။ ထိုမျှမက လွှတ်ခဲလိမ့်မည်မဟုတ်လော။ 22သို့ရာတွင် ၊ လွတ် ၍ ထွက်မြောက် ရသောအကျန် အကြွင်းသားသမီး အချို့ရှိကြလိမ့်မည်။ သူ တို့ သည် သင် တို့ရှိရာသို့ ထွက် လာ၍ ၊ ကျင့်ကြံ ပြုမူသော အမှုအရာ တို့ကို သင်တို့သိ ကြလိမ့်မည်။ ယေရုရှလင် မြို့၌ ငါရောက် စေသမျှသော အမှုများကြောင့် စိတ်ပူပန်ခြင်းမရှိ၊ သက်သာ ခြင်းရှိကြလိမ့်မည်။ 23သူ တို့ ကျင့်ကြံ ပြုမူသော အမှု အရာတို့ကို သင်တို့သည် မြင် သောအခါ သက်သာ ရကြလိမ့်မည်။ ယေရုရှလင် မြို့ကို ငါပြု လေသမျှ တို့၌၊ အကြောင်း မရှိဘဲ မ ပြု သည် ကိုသိ ကြလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။

Ilustração artística — interpretação, não registro histórico.

Você sabia?

Idolatria no Coração e Responsabilidade Pessoal

  • Quando os anciãos de Israel procuraram Ezequiel para consultar o Senhor, o profeta foi informado de que eles haviam levantado ídolos em seus corações. O texto estabelece que tanto o consulente hipócrita quanto o profeta seduzido compartilham a mesma culpa, convocando a casa de Israel a um arrependimento interior genuíno.Fontes: o próprio texto bíblico
  • Ezequiel destaca Noé, Daniel e Jó como figuras exemplares de justiça e integridade. Diante do julgamento divino sobre uma terra infiel, a passagem enfatiza a responsabilidade individual: nem mesmo a retidão desses três homens ilustres poderia salvar seus próprios filhos ou filhas, mas apenas a si mesmos.Fontes: o próprio texto bíblico · Job · Noah · Daniel
  • O capítulo descreve quatro juízos severos advertidos contra uma terra infiel: fome, feras selvagens, espada e peste. Quando essas calamidades atingissem Jerusalém, a conduta dos sobreviventes levados ao exílio demonstraria publicamente que a punição da cidade não ocorreu sem causa.Fontes: o próprio texto bíblico · Jerusalem

Notas escritas com auxílio de IA a partir de fontes abertas (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, domínio público) e revisadas antes de publicar.

Lugares deste capítulo

  • Jerusalem · 31.777, 35.234 · versículos 21, 22
  • Babylon · 32.543, 44.422 · versículo 22

Só aparecem lugares com identificação de alta confiança (90% ou mais segundo as fontes acadêmicas reunidas pelo OpenBible). Mapa da época: DARE (Digital Atlas of the Roman Empire), CC BY 4.0; mapa atual: © colaboradores do OpenStreetMap; lugares: OpenBible.info (CC BY 4.0).

Créditos e licença desta tradução
မြန်မာကျမ်းစာ
The Holy Bible in the Burmese language of Myanmar, Judson version of 1840
Public Domain
Language: ဗမာ (Burmese)
Translation by: Adoniram Judson
2025-10-20

Fonte: http://ebible.org/myajvb/ · eBible.org

Fale com a gente

Conte de onde você lê, como a Bíblia tem te ajudado ou o que podemos melhorar. Lemos todas as mensagens.