Nations Bible

Deuteronômio 34

မြန်မာကျမ်းစာ · Toque num versículo para ver as referências cruzadas.

1ထိုနောက် ၊ မောရှေ သည် မောဘ လွင်ပြင် မှ သွား ၍ ယေရိခေါ မြို့တဘက် ၊ နေဗော တောင် ၊ ပိသဂါ ထိပ် ပေါ်သို့ တက်သဖြင့်၊ ထာဝရဘုရား သည် ဒန် မြို့တိုင်အောင် ၊ ဂိလဒ် ပြည် တရှောက်လုံး၊ 2နဿလိ ပြည် တရှောက်လုံး ၊ ဧဖရိမ် ပြည် ၊ မနာရှေ ပြည်နှင့်တကွ အဝေး ဆုံးသော ပင်လယ် တိုင်အောင် ၊ ယုဒ ပြည် တရှောက်လုံး၊ 3တောင် ပြည်နှင့်တကွ ဇောရ မြို့တိုင်အောင် စွန်ပလွံ မြို့တည်းဟူသောယေရိခေါ မြို့တည်သော ချိုင့် နှင့် လွင်ပြင် တို့ကို ပြတော်မူ၏။ 4ထာဝရဘုရား ကလည်း၊ ငါသည် အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် တို့အား ကျိန်ဆို ၍ သင် ၏အမျိုးအနွယ် အား ငါပေး မည်ဟု ဂတိထားသောပြည် ကို ကြည့်လော့။ သင် သည် ကိုယ် မျက်စိ နှင့် မြင် ရသောအခွင့်ကို ငါပေး၏။ သို့ရာတွင် ကူး ၍မ သွားရဟု မိန့် တော်မူ၏။ 5ထိုသို့ ထာဝရဘုရား မိန့် တော်မူသည်အတိုင်း ၊ ထာဝရဘုရား ၏ကျွန် မောရှေ သည်မောဘ ပြည် ၊ ထို အရပ်၌အနိစ္စရောက် ၍၊ 6ဗက်ပေဂုရ မြို့တဘက် ၊ မောဘ ပြည် ၊ တစုံတခုသောချိုင့် ၌ သင်္ဂြိုဟ် တော်မူ၏။ မောရှေ ၏ သင်္ချိုင်း ကို ယနေ့ တိုင်အောင် အဘယ်လူ မျှမ သိ ရာ။ 7မောရှေ သည် အနိစ္စ ရောက်သောအခါ အသက် တရာ နှစ်ဆယ် ရှိ၏။ သူ ၏မျက်စိ မ မှုန် သေး။ ခွန်အား လည်း မ လျော့ သေး။ 8ဣသရေလ အမျိုးသား တို့သည် မောရှေ ကို အောက်မေ့၍၊ မောဘ လွင်ပြင် ၌ အရက် သုံး ဆယ်ပတ်လုံးငိုကြွေး မြည်တမ်း ခြင်းကို ပြု ကြ၏။ 9မောရှေ အတွက် ငိုကြွေးမြည်တမ်းသော နေ့ရက် ကာလလွန်ပြီးမှ၊ နုန် ၏သား ယောရှု သည် အထက်က မောရှေ ၏ လက် တင်မင်္ဂလာကို ခံရသဖြင့်၊ ပညာ သဘော နှင့် ပြည့်စုံ သောသူဖြစ်၍၊ ဣသရေလ အမျိုးသား တို့သည် ယောရှု၏စကားကို နားထောင် လျက်၊ မောရှေ အား ထာဝရဘုရား မိန့် တော်မူသည်အတိုင်း ပြု ကြ၏။ 10ထာဝရဘုရား စေလွှတ် တော်မူ၍ ၊ အဲဂုတ္တု ပြည် တွင် ဖါရော ဘုရင်နှင့် သူ ၏ကျွန် မှစ၍ပြည်သားအပေါင်း တို့၌ နိမိတ် လက္ခဏာ၊ အံ့ဘွယ် သောအမှု အလုံးစုံ တို့ကို ပြု၍၊ 11ဣသရေလ အမျိုးသားအပေါင်း တို့ရှေ့ မှာ မဟာ တန်ခိုးတော်နှင့် အလွန် ကြောက်မက် ဘွယ်သော အမှု အရာအပေါင်း တို့ကို ပြ လေရာတွင် ၊ 12ထာဝရဘုရား ၏ မျက်နှာတော်ကို ကိုယ်တိုင်ကိုယ်ကြပ်ဖူးမြင်ရသောပရောဖက် မောရှေ ကဲ့သို့ နောက် တဖန် ဣသရေလ အမျိုး ၌ သူနှင့်တူသော ပရောဖက်တစုံတပါးမျှ မ ပေါ် မထွန်း။

Ilustração artística — interpretação, não registro histórico.

Você sabia?

A morte de Moisés

  • Moisés sobe ao monte Nebo, um cume da cordilheira de Pisga situado a leste do mar Morto e do rio Jordão. A partir dessa elevação em frente a Jericó, ele contempla uma visão panorâmica de todo o território prometido aos descendentes de Abraão, Isaque e Jacó.Fontes: Mount Nebo · Pisgah · Jericho · o próprio texto bíblico
  • Moisés morre aos 120 anos de idade com a visão e o vigor preservados, sendo sepultado em um vale de Moabe em frente a Bete-Peor, em local mantido desconhecido. Seguindo os costumes fúnebres da época, os israelitas guardam trinta dias de luto por ele nas campinas de Moabe.Fontes: o próprio texto bíblico · Lifetime of Moses
  • A liderança é transferida a Josué, sobre quem Moisés havia imposto as mãos, conferindo-lhe espírito de sabedoria. O livro se encerra com um epílogo que destaca a posição ímpar de Moisés como um profeta que conhecia o Senhor face a face e realizou prodígios sem igual no Egito.Fontes: o próprio texto bíblico

Notas escritas com auxílio de IA a partir de fontes abertas (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, domínio público) e revisadas antes de publicar.

Lugares deste capítulo

  • Gilead · Hoje: Gilead 1 · 32.187, 35.692 · versículo 1
  • Jericho · Hoje: Tell es Sultan · 31.872, 35.445 · versículos 1, 3
  • Moab · Hoje: Moab 2 · 31.840, 35.674 · versículos 1, 8
  • Great Sea · Hoje: Mediterranean Sea · 31.805, 34.170 · versículo 2
  • City of Palms · Hoje: Tell es Sultan · 31.872, 35.445 · versículo 3
  • Negeb · 31.245, 34.841 · versículo 3
  • Valley of Jericho · 31.872, 35.445 · versículo 3
  • Moab · Hoje: Moab 1 · 31.181, 35.701 · versículos 5, 6
  • Egypt · 30.129, 31.308 · versículo 11

Só aparecem lugares com identificação de alta confiança (90% ou mais segundo as fontes acadêmicas reunidas pelo OpenBible). Mapa da época: DARE (Digital Atlas of the Roman Empire), CC BY 4.0; mapa atual: © colaboradores do OpenStreetMap; lugares: OpenBible.info (CC BY 4.0).

Créditos e licença desta tradução
မြန်မာကျမ်းစာ
The Holy Bible in the Burmese language of Myanmar, Judson version of 1840
Public Domain
Language: ဗမာ (Burmese)
Translation by: Adoniram Judson
2025-10-20

Fonte: http://ebible.org/myajvb/ · eBible.org

Fale com a gente

Conte de onde você lê, como a Bíblia tem te ajudado ou o que podemos melhorar. Lemos todas as mensagens.