Deuteronômio 17
မြန်မာကျမ်းစာ · Toque num versículo para ver as referências cruzadas.
1ပါသောသိုး ၊ နွား၊ ယုတ် သောလက္ခဏာ ပါသောသိုး၊ နွား ကို၊ သင် ၏ဘုရားသခင် ထာဝရဘုရား အား ယဇ် မ ပူဇော်ရ။ ထိုသို့ သော ယဇ်ကို သင် ၏ဘုရားသခင် ထာဝရဘုရား သည် စက်ဆုပ် ရွံရှာတော်မူ၏ 2သင် ၏ဘုရားသခင် ထာဝရဘုရား ပေး တော်မူသော မြို့ တို့တွင်၊ 3နေ ၊ လ ၊ မိုဃ်း ကောင်းကင်တန်ဆာ အစရှိသော ငါမြစ်တား သမျှ အခြားတပါး သောဘုရား တို့ကိုသွား ၍ ဝတ်ပြု ကိုးကွယ် သဖြင့်၊ သင် ၏ဘုရားသခင် ထာဝရဘုရား ၏ပဋိညာဉ် ကိုလွန်ကျူး ၍၊ ရှေ့ တော်၌ ဒုစရိုက် ကို ပြု မိသော ယောက်ျား မိန်းမ ရှိ သည်ဟု၊ 4သင် သည် သိတင်းကြား ၍ စေ့စေ့ မေးမြန်းသောအခါ ၊ ဣသရေလ အမျိုး၌ ထို စက်ဆုပ် ရွံရှာဘွယ်သော အမှု ကို ပြု မိသည်မှန် လျှင်၊ 5ထို ဒုစရိုက် ကို ပြု မိသော ယောက်ျား မိန်းမ ကို မြို့တံခါးဝ သို့ ထုတ် ပြီးလျှင် ၊ ကျောက်ခဲ နှင့် ပစ် ၍ အသေ သတ်ရမည်။ 6သက်သေခံ နှစ် ယောက် သုံး ယောက်ရှိလျှင် သေ ထိုက်သောသူသည် အသေ ခံရမည်။ သက်သေခံ တယောက် တည်းရှိလျှင် အသေ မ ခံရ။ 7ထိုသူ ကို အသေ သတ်စိမ့်သောငှာ ၊ သက်သေခံ တို့သည် အဦး ပြု ပြီးမှ ၊ လူ အပေါင်း တို့သည် ပြု ရကြမည်။ ထိုသို့ ပြုလျှင် သင် တို့မှ ဒုစရိုက် ကို ပယ် ရကြလိမ့်မည်။ 8သင့် နေရာ မြို့တွင် လူ အသက်ကို သတ်ခြင်းအမှု၊ တရား တွေ့ခြင်းအမှု၊ လူ ချင်းရိုက်ပုတ်ခြင်းအမှုတို့သည် မင်းရှေ့သို့ရောက်၍ မစီရင် မဆုံးဖြတ်နိုင်လျှင်၊ သင် ၏ ဘုရားသခင် ထာဝရဘုရား ရွေးကောက် တော်မူသော အရပ် သို့ သွား ၍၊ 9ထို ကာလ အခါ တရားသူကြီး လုပ်သောသူ၊ ယဇ်ပုရောဟိတ် ၊ လေဝိ သားတို့ရှေ့မှာ အစီရင်ခံရမည်။ သူတို့သည်လည်း စီရင် ချက်ကို ဘော်ပြ ရမည်။ 10ထာဝရဘုရား ရွေးကောက် တော်မူသော အရပ် သားတို့သည် ဘော်ပြ သော စီရင် ချက်အတိုင်း ၊ သင်သည် ပြု ရမည်။ သူတို့သွန်သင် သည်အတိုင်း ပြု ရခြင်းငှာ စောင့်ရှောက် ရမည်။ 11သူတို့ဘော်ပြ သော ဓမ္မသတ် စီရင်ချက်၊ ကြားပြော သော ဆုံးဖြတ်ချက်ရှိသည်အတိုင်း ပြု ရမည်။ သူတို့ပြ သော စီရင် ချက်မှ လက်ျာ ဘက်၊ လက်ဝဲ ဘက်သို့ မ လွှဲ ရ။ 12သင် ၏ ဘုရားသခင် ထာဝရဘုရား ရှေ့တော်၌ အမှု တော်ကို စောင့် သော ယဇ်ပုရောဟိတ် ၊ တရားသူကြီး စကားကို နား မ ထောင်ဘဲ ရဲရင့် စွာပြု သော သူ ကို အသေ သတ်သဖြင့် ဣသရေလ အမျိုးမှ ဒုစရိုက် ကို ပယ် ရမည်။ 13ထို သိတင်းကို လူ ခပ်သိမ်း တို့သည် ကြား လျှင် ကြောက်ရွံ့ သောစိတ်ရှိသဖြင့် နောက် တဖန် ရဲရင့် စွာ မ ပြုဘဲနေကြလိမ့်မည်။ 14သင် ၏ဘုရားသခင် ထာဝရဘုရား ပေး တော်မူသော ပြည် ကို သင်သည် ဝင်စား ၍ နေသောအခါ ၊ သင်က၊ ငါ့ ပတ်လည် ၌ နေသော တပါး သော လူမျိုးအပေါင်း တို့ နည်းတူ ၊ ငါ သည် ရှင်ဘုရင် အရာ ၌ တစုံတယောက်ကို ချီးမြှောက် မည်ဟု ဆို လျှင်၊ 15သင် ၏ဘုရားသခင် ထာဝရဘုရား ရွေးကောက် တော်မူသောသူ ၊ ညီအစ်ကို အမျိုးသားချင်းကိုသာ ရှင်ဘုရင် အရာ၌ ချီးမြှောက် ရမည်။ ညီအစ်ကို အမျိုးသားချင်းမ ဟုတ်သော တပါး အမျိုးသားကို မ ချီးမြှောက် ရ။ 16ထိုရှင်ဘုရင်သည် ကိုယ် အဘို့ များစွာ သော မြင်း တို့ကို မ မွေးရ။ မြင်း များပြား စေခြင်းငှာ အဲဂုတ္တု ပြည်သို့ လူ ကို မ ပြန် စေရ။ အကြောင်း မူကား၊ ထို လမ်း သို့ မ ပြန် မသွားရဟု ထာဝရဘုရား အမိန့် တော်ရှိ၏။ 17သူ ၏ စိတ် နှလုံးသည် ဖောက်ပြန် ခြင်းနှင့် ကင်းလွတ်မည်အကြောင်း များစွာ သော မယား တို့ကို မ ယူ ရ။ ရွှေ ငွေ ကိုလည်း များ စွာမ ဆည်းဖူး ရ။ 18ထိုရှင်ဘုရင်သည် သားစဉ်မြေးဆက်နှင့်တကွ၊ ဣသရေလအမျိုး၌ အသက်တာရှည်စွာ စိုးစံခြင်းအလိုငှာ၊ 19သူ၏ဘုရားသခင်ကို ကြောက်ရွံ့၍ ဤပညတ်တရား စကားတော်အလုံးစုံတို့ကို ကျင့်စောင့်အောင် သွန်သင်မည်အကြောင်း၊ 20သူ ၏ညီအစ်ကို တို့ကို မထီမဲ့မြင်ပြု၍ မာနထောင်လွှားသဖြင့်၊ တရားလမ်းမှ လက်ျာ ဘက်၊ လက်ဝဲ ဘက်သို့ မ လွှဲ မည်အကြောင်း ၊ နန်းတော် ပေါ် မှာ ထိုင် သောအခါ လေဝိ သား ယဇ်ပုရောဟိတ် ၌ ရှိသောဤ ဓမ္မပညတ်တရား စာ ကို ရေးကူး ၍ လက်ခံစာကို တသက်လုံး စောင့်ရှောက်ကြည့်ရှုဘတ်ရွတ်ရ မည်။

Você sabia?
A Justiça e a Lei do Rei
- Os processos judiciais exigiam padrões rigorosos de evidência, determinando o testemunho de pelo menos duas ou três pessoas para uma condenação à morte, cabendo às testemunhas lançar as primeiras pedras. Casos complexos sobre homicídio, litígios civis ou agressões eram levados a um tribunal central formado por sacerdotes levitas e pelo juiz em exercício.Fontes: o próprio texto bíblico
- Antecipando o desejo de Israel por uma monarquia, o texto impõe limites rígidos ao monarca: ele deveria ser um israelita e era proibido de acumular muitos cavalos, enviar o povo de volta ao Egito para obter animais, tomar muitas esposas ou acumular grandes quantidades de prata e ouro.Fontes: o próprio texto bíblico · Egypt
- Ao assumir o trono, o rei de Israel devia copiar pessoalmente a lei em um rolo na presença dos sacerdotes levitas. Ele deveria lê-la todos os dias da sua vida para aprender a temer a Deus e não se exaltar acima de seus irmãos.Fontes: o próprio texto bíblico
Notas escritas com auxílio de IA a partir de fontes abertas (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, domínio público) e revisadas antes de publicar.
Lugares deste capítulo
- Egypt · 30.129, 31.308 · versículo 16
Só aparecem lugares com identificação de alta confiança (90% ou mais segundo as fontes acadêmicas reunidas pelo OpenBible). Mapa da época: DARE (Digital Atlas of the Roman Empire), CC BY 4.0; mapa atual: © colaboradores do OpenStreetMap; lugares: OpenBible.info (CC BY 4.0).
Créditos e licença desta tradução
မြန်မာကျမ်းစာ The Holy Bible in the Burmese language of Myanmar, Judson version of 1840 Public Domain Language: ဗမာ (Burmese) Translation by: Adoniram Judson 2025-10-20
Fonte: http://ebible.org/myajvb/ · eBible.org