1 Tessalonicenses 4
မြန်မာကျမ်းစာ · Toque num versículo para ver as referências cruzadas.
1ကြွင်း သေးသော စကားဟူမူကား ၊ ညီအစ်ကို တို့၊ သင် တို့သည် အဘယ်သို့ ကျင့် ရမည်၊ ဘုရားသခင် ကို အဘယ်သို့နှစ်သက် စေရမည်ကို ငါ တို့ထံ၌ နည်းခံ ကြသည်နှင့်အညီ တိုးပွား ၍ ကြွယ်ဝ ပြည့်စုံမည်အကြောင်း ၊ သခင် ယေရှု ကိုအမှီပြု လျက်၊ ငါတို့သည် တောင်းပန် ၍ တိုက်တွန်း သွေးဆောင်ကြ၏။ 2အဘယ်သို့ သော ပညတ်တို့ကို သခင် ယေရှု ၏အခွင့် တော်နှင့် ငါတို့သည်အပ်ပေး သည်ကို သင်တို့သိ ကြ ၏။ 3ဘုရားသခင် ၏ အလို တော်ဟူမူကား ၊ သင် တို့သည် မတရား သောမေထုန်ကို ကြဉ်ရှောင် ၍ သန့်ရှင်း စေခြင်းငှာ၎င်း၊ 4ဘုရားသခင် ကို မ သိ သော သာသနာပ လူတို့သည် ကိလေသာ တပ်မက် ခြင်းရှိသကဲ့သို့ မ ရှိ၊ 5သင် တို့အပေါင်းသည် သန့်ရှင်း ခြင်း၊ အသရေ တင့်တယ်ခြင်းနှင့် မိမိ ကိုယ်ကို မိမိထိန်း တက်စေခြင်းငှာ၎င်း၊ 6ဤ အမှုအရာ ၌ လွန်ကျူး ၍ ညီအစ်ကို ကို ပရိယာယ်အားဖြင့်မ ပြစ်မှား စေခြင်းငှာ၎င်း၊ အလိုတော် ရှိ၏။ ငါတို့သည် အထက် က ဟောပြော၍ သစ္စာ ပေးနှင့် သည်အတိုင်း ၊ သခင် ဘုရားသည် ထိုသို့သောပြစ်မှားခြင်းကိုခံသောသူအပေါင်း တို့ဘက်၌ တရား စီရင်တော်မူလိမ့်မည်။ 7ဘုရားသခင် သည် ညစ်ညူး စေခြင်းငှာငါ တို့ကို ခေါ်တော်မူသည်မ ဟုတ်၊ သန့်ရှင်း စေခြင်းငှာခေါ် တော်မူ၏။ 8ထိုကြောင့် ၊ ငါတို့ကိုငြင်းပယ် သောသူ သည် လူ ကိုသာငြင်းပယ် သည်မ ဟုတ်၊ ကိုယ်တော် ၏ သန့်ရှင်း သောဝိညာဉ် တော်ကို ငါ တို့အား ပေး တော်မူသော ဘုရားသခင် ကို ငြင်းပယ်၏။ 9ညီအစ်ကို ချင်း ချစ်ခြင်းအရာကို သင် တို့အား ရေး ၍ပေးလိုက်စရာအကြောင်း မ ရှိ ။ အဘယ်ကြောင့် နည်းဟူမူကား ၊ သင် တို့သည် အချင်းချင်း ချစ် စေခြင်းငှာ၊ ဘုရားသခင် ဆုံးမသွန်သင်တော်မူသော သူဖြစ် ကြ၏။ 10ထိုမျှမက၊ မာကေဒေါနိ ပြည်တွင် အရပ်ရပ် ၌ ရှိသော ညီအစ်ကို အပေါင်း တို့ကို ထိုသို့ပြု ကြ၏။ သို့သော်လည်း ၊ ညီအစ်ကို တို့၊ သင် တို့သည် တိုးပွား ၍ ကြွယ်ဝ ပြည့်စုံမည်အကြောင်းနှင့် ၊ 11ပြင်ပ လူ တို့ရှေ့ ၌ လျောက်ပတ် စွာကျင့် ၍ အဘယ် မျှမလို ရ အောင်၊ 12ငါတို့သည် အထက်က မှာထား သည်နှင့်အညီငြိမ်ဝပ် စွာနေ၍ ၊ ကိုယ် အမှုကိုဆောင်ရွက် လျက် ၊ ကိုယ် လက် နှင့် လုပ်ဆောင်ခြင်းငှာစေတနာစိတ်နှင့် ကြိုးစား အားထုတ်မည်အကြောင်းကို၊ ငါတို့သည် တိုက်တွန်းသွေးဆောင်ကြ၏။ 13ညီအစ်ကို တို့၊ မြော်လင့် ခြင်းမ ရှိ သော အခြား သူတို့သည် ဝမ်းနည်းသကဲ့သို့ ၊ သင် တို့သည် ဝမ်း မ နည်းမည်အကြောင်း ၊ အိပ်ပျော် သော သူ တို့၏ အမှုအရာ ကို မ သိဘဲနေစေခြင်းငှာငါ တို့အလိုမ ရှိ၊ 14ယေရှု သည် သေ ပြီးမှတဖန်ထမြောက် တော်မူသည်ကို ငါတို့သည် ယုံ လျှင် ၊ ထိုနည်းတူ ယေရှု ၌ အိပ်ပျော် သောသူ တို့ကိုလည်း ၊ ထိုသခင် နှင့်အတူ ဘုရားသခင် ပို့ဆောင် တော်မူလိမ့်မည်။ 15သခင် ဘုရား၏ ဗျာဒိတ် တော်အားဖြင့် တဖန် ငါတို့ဆို သည်ကား ၊ သခင် ဘုရား ကြွလာ တော်မူသောအခါ၊ အသက် ရှင်၍ ကျန်ကြွင်း သော ငါ တို့သည် အိပ်ပျော် ပြီးသော သူ တို့၏ အရင် အဦးနေရာ ကျရကြ မည်မ ဟုတ်။ 16သခင် ဘုရားသည် ကြွေးကြော် ခြင်း၊ ကောင်းကင် တမန်မင်းအသံ ပေးခြင်း၊ ဘုရားသခင် ၏ တံပိုး တော် ကို မှုတ်ခြင်းနှင့်တကွ ၊ ကောင်းကင် ဘုံမှ ကိုယ်တိုင်ဆင်းသက် တော်မူ၍၊ ခရစ်တော် ၌ သေ လွန်သောသူ တို့သည် အဦး ထမြောက် ကြလိမ့်မည်။ 17ထိုအခါ အသက် ရှင်၍ ကျန်ကြွင်း သော ငါ တို့သည် အာကာသ ကောင်းကင်၌ သခင် ဘုရားထံတော်သို့ ရောက် စေခြင်းငှာ ၊ ထိုသူ တို့နှင့်တကွ မိုးတိမ် ပေါ်သို့ချီဆောင် ခြင်းကို ခံရသောအားဖြင့်သခင် ဘုရားနှင့်အတူ အစဉ်မပြတ် နေ ရကြလိမ့်မည်။ 18သို့ဖြစ်၍ ၊ ဤ စကား များအားဖြင့် အချင်းချင်း တစ်ယောက်ကိုတစ်ယောက် သက်သာ စေကြလော့။

Você sabia?
Santidade, amor e esperança pelos que morreram
- Este capítulo observa que seus leitores já demonstravam amor a todos os irmãos por toda a Macedônia. Nos tempos do Novo Testamento, a Macedônia era uma província romana situada ao norte da Grécia, governada por um propretor com o título de procônsul. Paulo foi chamado por uma visão do "homem da Macedônia" para pregar o evangelho ali.Fontes: o próprio texto bíblico · Macedonia
- O capítulo fala dos mortos como pessoas que dormem ou adormeceram, e pede aos leitores que não se entristeçam como os demais, que não têm esperança. Porque Jesus morreu e ressuscitou, diz o texto, Deus trará com Jesus os que nele adormeceram; os mortos em Cristo ressuscitarão primeiro, e então os que ainda estiverem vivos serão arrebatados com eles nas nuvens para encontrar o Senhor nos ares.Fontes: o próprio texto bíblico
- Os leitores são exortados a aspirar a uma vida tranquila, a cuidar dos próprios assuntos e a trabalhar com as próprias mãos, como já lhes havia sido instruído. O capítulo apresenta isso como o modo de se portar corretamente diante dos de fora e de não depender de ninguém.Fontes: o próprio texto bíblico
Notas escritas com auxílio de IA a partir de fontes abertas (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, domínio público) e revisadas antes de publicar.
Lugares deste capítulo
- Macedonia · 41.600, 22.540 · versículo 10
Só aparecem lugares com identificação de alta confiança (90% ou mais segundo as fontes acadêmicas reunidas pelo OpenBible). Mapa da época: DARE (Digital Atlas of the Roman Empire), CC BY 4.0; mapa atual: © colaboradores do OpenStreetMap; lugares: OpenBible.info (CC BY 4.0).
Créditos e licença desta tradução
မြန်မာကျမ်းစာ The Holy Bible in the Burmese language of Myanmar, Judson version of 1840 Public Domain Language: ဗမာ (Burmese) Translation by: Adoniram Judson 2025-10-20
Fonte: http://ebible.org/myajvb/ · eBible.org