Nations Bible

1 Crônicas 26

မြန်မာကျမ်းစာ · Toque num versículo para ver as referências cruzadas.

1အသီးအသီး သင်းဖွဲ့သော တံခါးစောင့် များဟူမူကား။ ကောရဟိ အမျိုးဧဗျာသပ်အနွှယ်၊ ကောရ သား မေရှလေမိ၊ 2မေရှလေမိ ၏သားဦး ဇာခရိ ၊ ဒုတိယ သား ယေဒျေလ ၊ တတိယ သားဇေဗဒိ ၊ စတုတ္ထ သား ယာသနေလ ၊ 3ပဉ္စမ သားဧလံ ၊ ဆဋ္ဌမ သားယောဟနန် ၊ သတ္တမ သားဧလဲဩနဲ တည်း။ 4ဩဗဒေဒုံ ၏သားဦး ရှေမာယ ၊ ဒုတိယ သား ယောဇဗပ် ၊ တတိယ သားယောအာ ၊ စတုတ္ထ သားစာကာ ၊ ပဉ္စမ သားနာသနေလ၊ 5ဆဋ္ဌမ သားအမျေလ ၊ သတ္တမ သားဣသခါ ၊ အဌမ သားပုလသဲ တည်း။ ဩဗဒေဒုံ ကို ဘုရားသခင် သည် ကောင်းကြီး ပေးတော်မူ၏။ 6- 7သားဦးရှေမာယ ၏သား ဩသနိ ၊ ရေဖေလ ၊ ဩဗက် ၊ ဧလာဇာဗဒ် နှင့် ခွန်အား ကြီးသော ညီဧလိဟု ၊ သေမခိ တို့သည် ခွန်အား ကြီးသောသူရဲ၊ မိမိ တို့အဆွေအမျိုး ၌ အစိုးရ သောသူဖြစ်ကြ၏။ 88အမှု တော်ကို ဆောင်ရွက်ခြင်းငှါ တတ်စွမ်း နိုင် အောင်ခွန်အား ကြီးသောဩဗဒေဒုံ အမျိုးသား ချင်း ယောက်ျား ပေါင်း ကား ခြောက် ကျိပ်နှစ် ယောက်တည်း။ 9ခွန်အား ကြီးသော မေရှလေမိ သား ညီ ယောက်ျား ပေါင်းကား တကျိပ် ရှစ် ယောက်တည်း။ 10မေရာရိ အမျိုး ၊ ဟောသ ၏သား တို့တွင် ရှိမရိ သည် သားဦး မ ဟုတ် သော်လည်း ၊ အဘ ခန့်ထား သောကြောင့် သားအကြီး ဖြစ်သတည်း။ 11ဒုတိယ သားကားဟိလခိ ၊ တတိယ သားတေဗလိ ၊ စတုတ္ထ သား ဇာခရိ အစရှိသော ဟေဝသ သား ညီ ပေါင်း ကား တကျိပ် သုံး ယောက်တည်း။ 12ဤရွေ့ကား ထာဝရဘုရား ၏ အိမ် တော်၌ အလှည့်လှည့်စောင့် ခြင်းငှါ သင်းဖွဲ့ သော တံခါးစောင့် အကြီးအကဲ ဖြစ်သတည်း။ 13ထိုသူအကြီး အငယ် တို့သည်၊ မိမိ တို့အဆွေအမျိုး အလိုက် တံခါးအသီးအသီးစောင့်စေခြင်းငှါစာရေးတံ ပြုကြ၍၊ 14အရှေ့ မျက်နှာကို ရှေလမိ ရ၏။ ရှေလမိ သား ပညာရှိ ဇာခရိ သည် စာရေးတံ အားဖြင့်မြောက် မျက်နှာကို ရ၏။ 15ဩဗဒေဒုံ သည် တောင် မျက်နှာကို၎င်း ၊ သူ ၏ သား တို့သည် အသုပိမ် အိမ် ကို၎င်းရ၏။ 16ရှုပိန် နှင့် ဟောသ သည် အနောက် မျက်နှာနှင့် ဗိမာန်တော်သို့ တက် ရာလမ်းဝ ၌ ရှလ္လေခက် တံခါး ကိုရ၍ တဘက်တချက် ၌ စောင့် ရ၏။ 17နေ့ရက် အစဉ်အတိုင်းအရှေ့ မျက်နှာ၌ လေဝိ သားခြောက် ယောက်၊ မြောက် မျက်နှာ၌ လေး ယောက်၊ တောင် မျက်နှာ၌ လေး ယောက်၊ အသုပိမ် ဘက် မှာနှစ် ယောက်၊ တန်တိုင်း တော်ပြင်မှာနှစ် ယောက်၊ 18အနောက် မျက်နှာလမ်းဝ မှာ လေး ယောက်၊ တန်တိုင်း တော်ပြင်မှာ နှစ် ယောက်စောင့် ရကြ၏။ 19ဤရွေ့ကား ၊ တံခါးစောင့်အရာရှိသော ကောရ အမျိုးသား နှင့် မေရရိ အမျိုးသား ဖွဲ့သော အသင်းအသီးအသီး ပေတည်း။ 20လေဝိ သားတို့တွင်၊ အဟိယ သည် ဘုရားသခင် ၏ အိမ် တော်ဘဏ္ဍာ နှင့် ပူဇော် သောဘဏ္ဍာ များကို အုပ်ရ၏။ 21အဆွေအမျိုး သူကြီးဖြစ်သော ဂေရရှုံ အမျိုး လာဒန် သား တို့တွင် ယေဟေလိ နှင့်၊ 22သူ၏သား ဇေသံ ယောလ တို့သည်လည်း ဘုရားသခင် ၏ အိမ် တော်ဘဏ္ဍာ ကိုအုပ်ရ၏။ 23အာမရံ အမျိုး၊ ဣဇဟာ အမျိုး၊ ဟေဗြုန် အမျိုး၊ ဩဇေလ အမျိုးသားအချို့ပါကြ၏။ 24မောရှေ သား ဂေရရှုံ ၏သား ရှေဗွေလ သည် လည်း ဘဏ္ဍာ တော်တို့ကို အုပ် ရ၏။ 25ဂေရရှုံ ညီ ဧလျေဇာ ၊ ဧလျေဇာ သား ရေဟဗိ ၊ သူ ၏သား ယေရှာယ ၊ သူ ၏သား ယောရံ ၊ သူ ၏သား ဇိခရိ ၊ သူ ၏သား ရှေလောမိတ် တည်း။ 26ထိုရှေလောမိတ် နှင့် သူ ၏ညီ တို့သည် ဒါဝိဒ် မင်းကြီး ၊ အဆွေအမျိုး သူကြီး၊ လူတထောင် အုပ် ၊ တရာ အုပ်၊ ဗိုလ် မင်းပူဇော် သော ဘဏ္ဍာ ရှိသမျှ ကို အုပ်ရ၏။ 27ထိုမင်းတို့သည် စစ် တိုက် ၍ရသောဥစ္စာတို့ကို မသိမ်း၊ ထာဝရဘုရား ၏ အိမ် တော်ကို ပြုစု ခြင်းငှါ ပူဇော် တတ်ကြ၏။ 28ပရောဖက် ရှမွေလ ၊ ကိရှ သား ရှောလု ၊ နေရ သား အာဗနာ ၊ ဇေရုယာ သား ယွာဘ မှစ၍အခြားသောသူ ပူဇော် သမျှ တို့ကို၊ ရှေလောမိတ် နှင့် သူ ၏ညီ တို့သည် ကြည့်ရှုအုပ်စိုးရကြ၏။ 29ဣဇဟာ အမျိုးခေနနိ နှင့် သူ ၏သား တို့သည် မင်း အရာရှိ၊ တရားသူကြီး ဖြစ်၍၊ ဣသရေလ နိုင်ငံတွင် ပြင် အမှု ကို စောင့်ရကြ၏။ 30ဟေဗြုန် အမျိုးဖြစ်သော သူရဲကြီးဟာရှဘိ နှင့် သူ ၏ညီ တထောင် ခုနစ် ရာ တို့သည်၊ ယော်ဒန် မြစ် အနောက် ဘက်မှာ နေသောဣသရေလ လူတို့တွင် မင်းအရာရှိ ဖြစ်၍၊ ထာဝရဘုရား ၏အမှု တော်နှင့် ရှင်ဘုရင် အမှု အမျိုးမျိုး တို့ကို စောင့်ရကြ၏။ 31ဟေဗြုန် အမျိုးသားတို့တွင်၊ အဆွေအမျိုး အလိုက် ယေရိယ သည် အကြီးအကဲ ဖြစ်၏။ ဒါဝိဒ် မင်းနန်းစံ လေး ဆယ်တွင် ၊ ထိုအမျိုးသားတို့ကို စာရင်း ယူ၍ ဂိလဒ် ပြည်ယာဇာ မြို့၌ ခွန်အား ကြီးသော သူရဲတို့ကို တွေ့ ၏။ 32ယေရိယ၏ပေါက်ဘော် တည်းဟူသောသူရဲ ကြီး၊ အဆွေအမျိုး သူကြီးနှစ်ထောင် ခုနစ် ရာ တို့သည် ဒါဝိဒ် မင်းကြီး ခန့်ထား သည်အတိုင်း၊ ရုဗင် အမျိုး၊ ဂဒ် အမျိုး၊ မနာရှေ အမျိုး တဝက် ကို အုပ်စိုး၍ ဘုရားသခင် ၏ အမှု တော်နှင့် ရှင်ဘုရင် အမှု အမျိုးမျိုး တို့ကို စောင့်ရကြ၏။

Você sabia?

Porteiros, tesoureiros e oficiais

  • As funções de porteiros da casa do SENHOR eram distribuídas por sorteio entre as famílias dos coraítas e meraritas, sem distinção de idade. Os postos específicos incluíam as portas Oriental, do Norte e do Sul, além da porta de Saléquete, junto ao caminho ascendente.Fontes: o próprio texto bíblico · Shallecheth · Meshelemiah · Hosah
  • Os tesouros das coisas consagradas guardavam grandes riquezas, incluindo despojos de batalhas dedicados para a manutenção da casa do SENHOR. Esses depósitos preservavam ofertas dedicadas ao longo de gerações por figuras como o profeta Samuel, o rei Saul, Abner, Joabe e o rei Davi.Fontes: o próprio texto bíblico · Shelomith · David
  • Além do serviço no santuário, milhares de levitas atuavam como magistrados e administradores reais. No quadragésimo ano de Davi, líderes hebronitas encontrados em Jazer de Gileade foram nomeados para supervisionar as tribos a leste do Jordão em assuntos sagrados e do rei.Fontes: o próprio texto bíblico · Gilead · Jazer · Jordan

Notas escritas com auxílio de IA a partir de fontes abertas (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, domínio público) e revisadas antes de publicar.

Lugares deste capítulo

  • East Gate · Hoje: in Jerusalem · 31.777, 35.234 · versículo 14
  • North Gate · Hoje: in Jerusalem · 31.777, 35.234 · versículo 14
  • South Gate · Hoje: in Jerusalem · 31.777, 35.234 · versículo 15
  • Shallecheth · Hoje: in Jerusalem · 31.777, 35.234 · versículo 16
  • Parbar · Hoje: in Jerusalem · 31.777, 35.234 · versículo 18
  • Jerusalem · 31.777, 35.234 · versículo 29
  • Jordan · Hoje: Jordan River · 31.761, 35.558 · versículos 30, 32
  • Gilead · Hoje: Gilead 1 · 32.187, 35.692 · versículo 31

Só aparecem lugares com identificação de alta confiança (90% ou mais segundo as fontes acadêmicas reunidas pelo OpenBible). Mapa da época: DARE (Digital Atlas of the Roman Empire), CC BY 4.0; mapa atual: © colaboradores do OpenStreetMap; lugares: OpenBible.info (CC BY 4.0).

Créditos e licença desta tradução
မြန်မာကျမ်းစာ
The Holy Bible in the Burmese language of Myanmar, Judson version of 1840
Public Domain
Language: ဗမာ (Burmese)
Translation by: Adoniram Judson
2025-10-20

Fonte: http://ebible.org/myajvb/ · eBible.org

Fale com a gente

Conte de onde você lê, como a Bíblia tem te ajudado ou o que podemos melhorar. Lemos todas as mensagens.