1 Crônicas 12
မြန်မာကျမ်းစာ · Toque num versículo para ver as referências cruzadas.
1- 2ဒါဝိဒ် သည် ကိရှ ၏သား ရှောလု ကိုရှောင် ၍ ဇိကလတ် မြို့၌ နေစဉ်၊ သူ့ဘက်သို့ ဝင်စား သောသူ၊ လေး လက်နက် ကိုဆောင်၍ လက်ျာ လက် လက်ဝဲ လက်မရွေး၊ ကျောက် နှင့် မြှား ကိုပစ်တတ်သောစစ်သူရဲကြီး ၊ ရှောလု ပေါက်ဘော် ဗင်္ယာမိန် အမျိုးသားဟူမူကား၊ 3အကြီးအကဲ အဟေဇာ ၊ သူ့နောက်ယောရှ ၊ ဂိဗာ မြို့သားရှေမာ ၊ အာဇမာဝက် သား ယေဇေလ နှင့် ပေလက် ၊ ဗေရာခ ၊ အန္တောသိ အမျိုး ယေဟု ၊ 4ဗိုလ်စုတွင် ထူးဆန်း၍အကြီးအကဲ လုပ်သော ဂိဗောင် မြို့သားဣရှမာယ ၊ ယေရမိ ၊ ယဟာဇေလ ၊ ယောဟနန် ၊ ဂေဒရသိ အမျိုးယောဇဗဒ်၊ 5ဧလုဇဲ ၊ ယေရိမုတ် ၊ ဗာလျာ ၊ ရှေမရိ ၊ ဟရုဖိ အမျိုးရှေဖတိ၊ 6ဧလကာန ၊ ယေရှာ ၊ အာဇရေလ ၊ ယောဇာ ၊ ကောရသိ အမျိုး ယာရှောဗ၊ 7ဂေဒေါ် မြို့နေ၊ ယေရောဟံ သား ယောလာ နှင့် ဇေဗဒိ တည်း။ 8ထိုမှတပါး ၊ ဒါဝိဒ် ရှိရာ တော ရဲတိုက် သို့ ထွက်သွား သောသူ၊ ခွန်အား ကြီး၍ ဒိုင်း လွှားဆောင် လျက် စစ်တိုက် ခြင်းငှါ တတ်စွမ်း နိုင်သောသူ၊ ခြင်္သေ့ ကဲ့သို့မျက်နှာ ရဲ၍ တောင် ပေါ် မှာ ဒရယ် ကဲ့သို့ လျင်မြန် သော သူဂဒ် အမျိုးသားဟူမူကား၊ 9ဧဇာ တပါး၊ ဩဗဒိ တပါး၊ ဧလျာဘ တပါး၊ 10မိရှမန္န တပါး၊ ယေရမိ တပါး၊ 11အတ္တဲ တပါး၊ ဧလျေလ တပါး၊ 12ယောဟနန် တပါး၊ ဧလဇာဗဒ် တပါး၊ 13ယေရမိ တပါး၊ မာခဗာနဲ တပါး၊ ပေါင်းတကျိပ် တပါးတည်း။ 14ဤ သူတို့သည် ဂဒ် အမျိုးသား တွင် ဗိုလ် လုပ်၍၊ အငယ် ကား လူတရာ ၊ အကြီး ကားလူတထောင် ကို အုပ်သောသူဖြစ်ကြ၏။ 15ယော်ဒန် မြစ်ရေသည် ကမ်း တရှောက်လုံး ကို လွှမ်းမိုး သော ကာလပဌမ လ တွင် ၊ သူတို့သည် ကူး ၍ မြေညီရာအရပ်အရှေ့ အနောက် ၌ နေသောသူအပေါင်း တို့ကို ပြေး စေကြ၏။ 16ဗင်္ယာမိန် အမျိုးသား နှင့် ယုဒ အမျိုးသားအချို့တို့ သည် ဒါဝိဒ် ရှိရာ ရဲတိုက် သို့ လာ သောအခါ၊ 17ဒါဝိဒ် သည် ကြိုဆိုခြင်းငှါထွက်သွား ၍ ၊ ငါ့ ကို မစ ခြင်းငှါ မေတ္တာ စိတ်နှင့် လာ လျှင် ငါသဘော တူ ၏။ သို့မဟုတ် ငါ့ ကိုရန်သူ လက် သို့ အပ်ခြင်းငှါ လာလျှင် ငါ ၌ အပြစ် မ ရှိသောကြောင့် ၊ ဘိုးဘေး တို့၏ ဘုရားသခင် သည် ကြည့်ရှု ၍ ဆုံးမ တော်မူပါစေသောဟုဆိုသော်၊ 18ဝိညာဉ် တော်သည် ဗိုလ်ချုပ် အာမသဲ အပေါ်မှာ သက်ရောက် ၍၊ အိုဒါဝိဒ် ၊ ကျွန်တော်တို့သည် ကိုယ်တော် ၏လူ၊ အိုယေရှဲ ၏သား တော်၊ ကိုယ်တော် ဘက်သို့ ဝင်စား သောသူဖြစ်ပါ၏။ ကိုယ်တော်၌ မင်္ဂလာ ရှိပါစေသော။ မင်္ဂလာရှိပါစေသော။ ကိုယ်တော် ကိုမစ သောသူ၌ မင်္ဂလာ ရှိပါစေသော။ ကိုယ်တော် ၏ဘုရားသခင် သည် ကိုယ်တော် ကို မစ တော်မူပါစေသောဟု ပြန်ပြောလေသော်၊ ဒါဝိဒ်သည် သူ တို့ကို လက်ခံ ၍ ဗိုလ် အရာ၌ ခန့်ထား လေ၏။ 19ထိုမှတပါး ၊ ဒါဝိဒ်သည် ရှောလု ကို စစ်တိုက် သွား သော ဖိလိတ္တိ လူတို့နှင့် လိုက် သောအခါ ၊ ဖိလိတ္တိ မင်း တို့က၊ ဤသူသည် ငါ တို့ကိုအပ်၍ မိမိ သခင် ရှောလု ဘက်သို့ ဝင်စားမည်ဟု တိုင်ပင် ပြီးမှ ပြန် စေသောကြောင့် ၊ ဒါဝိဒ် သည် စစ်မ ကူ ဘဲ ဇိကလတ် မြို့သို့ သွား သောကာလ ၊ သူ့ဘက် သို့ ဝင်စားသော မနာရှေ အမျိုးသားဟူမူကား၊ 20မိမိအမျိုးသားတို့တွင် လူတထောင် ကို အုပ် သော ဗိုလ် ၊ အာဒန ၊ ယောဇဗဒ် ၊ ယေဒယေလ ၊ မိက္ခေလ ၊ ယောဇဗဒ် ၊ ဧလိဟု ၊ ဇိလသဲ တည်း။ 21ထိုသူ အပေါင်း တို့သည် ခွန်အား ကြီးသော စစ်သူရဲ ဗိုလ်ကြီး ဖြစ် ၍ ၊ ထားပြ လုပ်သောသူတို့ တဘက် ၌ ဒါဝိဒ် ကို မစ ကြ၏။ 22ထိုကာလ ၌ ဘုရားသခင် ၏ ဗိုလ်ခြေ ကဲ့သို့ ကြီးစွာ သော ဗိုလ်ခြေ ဖြစ်သည်တိုင်အောင် တနေ့ ထက် တနေ့ဒါဝိဒ် ကို ကူညီ ၍ဝင်စား ကြ၏။ 23ထာဝရဘုရား ၏ အမိန့် တော်အတိုင်း ၊ ရှောလု ၏ နိုင်ငံ ကို ဒါဝိဒ်လက်သို့လွှဲ ခြင်းငှါ ဒါဝိဒ် ရှိရာ ဟေဗြုန် မြို့သို့ လာ သောသူ၊ စစ်တိုက် လက်နက် စုံနှင့်ပြည့်စုံသော တပ်သားစာရင်း ဟူမူကား၊ 24ဒိုင်း နှင့် လှံ ကိုဆောင် ၍ စစ်တိုက် လက်နက်စုံ နှင့်ပြည့်စုံသော ယုဒ အမျိုးသား ခြောက် ထောင် ရှစ် ရာ၊ 25ခွန်အား ကြီးသော စစ်သူရဲ ၊ ရှိမောင် အမျိုးသား ခုနစ် ထောင် တရာ၊ 26လေဝိ အမျိုးသား လေး ထောင် ခြောက် ရာ၊ 27အာရုန် အမျိုးအုပ် ၊ ယောယဒ နှင့်အတူ ပါသော အာရုန်အမျိုးသားသုံး ထောင် ခုနစ် ရာ၊ 28ခွန်အား ကြီးသောသူရဲ ၊ လူပျို ဇာဒုတ် နှင့် သူ ၏ အဆွေအမျိုး တပ်မှူး နှစ်ကျိပ် နှစ် ပါး၊ 29ရှောလု ပေါက်ဘော် ဖြစ်သော ဗင်္ယာမိန် အမျိုးသား သုံး ထောင် ၊ ထိုအမျိုးသားအများ တို့သည် ရှောလု ဘက်မှာစောင့် နေကြ၏။ 30ခွန်အား ကြီး၍ အဆွေအမျိုး တို့တွင် ထင်ရှားသော ဧဖရိမ် အမျိုးသား နှစ် သောင်းရှစ် ရာ၊ 31ဒါဝိဒ် ကို ရှင် ဘုရင်အရာ၌ချီးမြှောက်ခြင်းငှါ စာရင်း ဝင်သော မနာရှေ အမျိုး ဝက် ထဲက လူတသောင်း ရှစ်ထောင်၊ 32ကာလ အချိန်တို့ကို နားလည် ၍ ဣသရေလ အမျိုးသည် အဘယ်သို့ ပြု သင့်သည်ကို သိ တတ်သော ဣသခါ အမျိုးသား သူကြီး နှစ် ရာ၊ သူ တို့အမျိုးသား ချင်း အပေါင်း တို့သည် အသင့်ရှိကြ၏။ 33စိတ် နှစ်ခွမ ရှိ၊ တပ် အခင်းအကျင်း မပျက်၊ စစ်တိုက် လက်နက်စုံ နှင့် ပြည့်စုံလျက် စစ်ချီ ၍ တိုက်တတ် သော ဇာဗုလုန် အမျိုးသားငါး သောင်း၊ 34နဿလိ အမျိုးသားဗိုလ် တထောင် ၊ ဒိုင်း နှင့် လှံ ကို ဆောင်သော သူသုံးသောင်း ခုနစ်ထောင်၊ 35ဒန် အမျိုးထဲက စစ်မှူး စစ်ရေး၌ လေ့ကျက် သော သူနှစ်သောင်း ရှစ်ထောင်ခြောက် ရာ၊ 36အာရှာ အမျိုးထဲက ထိုအတူ လေ့ကျက် ၍ စစ် ချီ တတ်သောသူ လေးသောင်း ၊ 37ယော်ဒန် မြစ်တဘက် ရုဗင် အမျိုး၊ ဂဒ် အမျိုး၊ မနာရှေ အမျိုး တဝက် ထဲက စစ်တိုက် လက်နက်စုံ အမျိုးမျိုး နှင့်ပြည့်စုံသောသူ တသိန်း နှစ်သောင်းတည်း၊ 38စစ်အခင်းအကျင်းမပျက်၊ တိုက် တတ်သောသူ၊ အထက်ဆိုခဲ့ပြီး သောသူ အပေါင်း တို့သည် ဒါဝိဒ် ကို ရှင် ဘုရင်အရာ၌ ချီးမြှောက်ခြင်းငှါ ကြည်ညိုသောစိတ် အားကြီး၍ ဟေဗြုန် မြို့သို့ လာ ကြ၏။ ကျန်ကြွင်း သော ဣသရေလ အမျိုးသားအပေါင်း တို့သည်၊ ဒါဝိဒ် ကို ရှင် ဘုရင်အရာ၌ ချီးမြှောက်ချင်သောစိတ် သဘောတညီတညွတ် တည်းရှိကြ၏။ 39ထိုသူအပေါင်းတို့သည် သုံး ရက် ပတ်လုံးအထံ တော်၌ စား သောက် လျက် နေ ကြ၏။ အမျိုးသား ချင်းတို့ သည် ပြင်ဆင် နှင့်ကြပြီ။ 40အနီးအပါး ၌ နေသောသူတို့သည်လည်း ၊ သိုး နွား နှင့်တကွအမဲသား၊ မုန့်ညက် ၊ သင်္ဘော သဖန်းသီး၊ စပျစ်သီး ၊ စပျစ်ရည် ၊ ဆီ တည်းဟူသောရိက္ခါ များကို မြည်း ၊ ကုလားအုပ် ၊ လား ၊ နွား အပေါ် မှာတင်လျက် ဣသခါ ခရိုင်၊ ဇာဗုလုန် ခရိုင်၊ နဿလိ ခရိုင်မှ ပင့်ဆောင် ခဲ့၍ ဣသရေလ အမျိုးသားတို့သည် ပျော်မွေ့ ကြ၏။

Você sabia?
Guerreiros se unem para coroar Davi
- Mesmo quando Davi estava escondido do rei Saul em Ziclaque, guerreiros da própria tribo de Saul, Benjamim, desertaram para apoiá-lo. Esses combatentes eram conhecidos por serem ambidestros, capazes de atirar pedras com fundas e disparar flechas tanto com a mão direita quanto com a esquerda.Fontes: o próprio texto bíblico · Saul · Ziklag
- Um grupo de comandantes da tribo de Gade juntou-se a Davi no deserto após realizar uma façanha militar audaciosa. Eles atravessaram o rio Jordão no primeiro mês do ano, durante o período de cheia em que transbordava suas margens, afugentando as tropas nos vales vizinhos.Fontes: o próprio texto bíblico · Jordan
- A reunião de todas as tribos em Hebrom para aclamar Davi como rei culminou em uma celebração de três dias. Moradores de tribos do norte, como Issacar, Zebulom e Naftali, enviaram animais de carga com provisões, incluindo farinha, bolos de figo, bolos de passas, vinho, azeite e gado.Fontes: o próprio texto bíblico · Hebron · Issachar
Notas escritas com auxílio de IA a partir de fontes abertas (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, domínio público) e revisadas antes de publicar.
Lugares deste capítulo
- Gibeon · Hoje: El Jib · 31.847, 35.183 · versículo 4
- Jordan · Hoje: Jordan River · 31.761, 35.558 · versículos 15, 31, 37
- Hebron · Hoje: Tel Rumeida · 31.525, 35.102 · versículos 23, 38
Só aparecem lugares com identificação de alta confiança (90% ou mais segundo as fontes acadêmicas reunidas pelo OpenBible). Mapa da época: DARE (Digital Atlas of the Roman Empire), CC BY 4.0; mapa atual: © colaboradores do OpenStreetMap; lugares: OpenBible.info (CC BY 4.0).
Créditos e licença desta tradução
မြန်မာကျမ်းစာ The Holy Bible in the Burmese language of Myanmar, Judson version of 1840 Public Domain Language: ဗမာ (Burmese) Translation by: Adoniram Judson 2025-10-20
Fonte: http://ebible.org/myajvb/ · eBible.org