Salmos 71
Common Language Bible · Toque num versículo para ver as referências cruzadas.
အသက်ကြီးသူ၏ဆုတောင်းပတ္ထနာ
1အို ထာဝရဘုရား၊
ကိုယ်တော့်ထံခိုလှုံရန်ကျွန်တော်မျိုးချဉ်းကပ် ပါ၏။
ကျွန်တော်မျိုးအားအဘယ်အခါ၌မျှ အရေးရှုံးနိမ့်စေတော်မမူပါနှင့်။
2ကိုယ်တော်ရှင်သည်တရားမျှတတော်မူသည် နှင့်အညီ၊
ကျွန်တော်မျိုးအားကူမတော်မူပါ။ ကယ်ဆယ်တော်မူပါ။
ကျွန်တော်မျိုး၏ပန်ကြားချက်ကိုနားညောင်း ၍ ကယ်တော်မူပါ။
3ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးခိုလှုံရာ ကျောက်တောင်ဖြစ်တော်မူပါ၏။
ကျွန်တော်မျိုးအားကာကွယ်ရန်အတွက်ခိုင်ခံ့ သည့် ရဲတိုက်ဖြစ်တော်မူပါ။
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးခိုလှုံသော၊
ကျွန်တော်မျိုးကိုကာကွယ်သောအရှင် ဖြစ်တော်မူပါ၏။
4ကျွန်တော်မျိုး၏ဘုရား၊ကျွန်တော်မျိုးအား သူယုတ်မာတို့၏ဘေးမှကယ်တော်မူပါ။
ရက်စက်ဆိုးညစ်သူတို့၏လက်မှကယ်တော် မူပါ။
5အို အရှင်ထာဝရဘုရား၊
ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်ကိုမျှော်ကိုး ပါ၏။
ငယ်ရွယ်စဉ်အခါမှစ၍ကိုယ်တော်ရှင်အား ကိုးစားခဲ့ပါ၏။
6ကျွန်တော်မျိုးသည်တစ်သက်လုံးကိုယ်တော်ရှင် ကို မှီခိုခဲ့ပါ၏။
ကျွန်တော်မျိုးမွေးဖွားချိန်မှစ၍
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား ကာကွယ်စောင့်ရှောက်တော်မူခဲ့ပါပြီ။
ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်ကိုအစဉ် မပြတ် ထောမနာပြုပါမည်။
7ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏အတွက် ခိုင်ခံ့သည့် ခိုလှုံရာဖြစ်တော်မူသဖြင့်
ကျွန်တော်မျိုးသည်လူတို့ရှေ့တွင်စံနမူနာ ဖြစ်ပါ၏။
8တစ်နေ့လုံးကျွန်တော်မျိုးသည်ကိုယ်တော်ရှင် အား ထောမနာပြု၍
ကိုယ်တော်ရှင်၏ဘုန်းအသရေတော်ကို ထုတ်ဖော်ကြေညာပါ၏။
9ယခုအခါ၌ကျွန်တော်မျိုးသည်အိုမင်းသော ကြောင့်
ကျွန်တော်မျိုးအားပစ်ပယ်တော်မမူပါနှင့်။
ယခုအခါမစွမ်းမသန်သောကြောင့် ကျွန်တော်မျိုးအားစွန့်ပစ်တော်မမူပါနှင့်။
10ကျွန်တော်မျိုး၏ရန်သူများသည်ကျွန်တော် မျိုးအား သတ်လိုကြသဖြင့်ဆွေးနွေးကြံစည်ကြ ပါ၏။
11``သူ၏ဘုရားသည်သူ့ကိုစွန့်ပစ်လေပြီ။
သူ့အားကယ်ဆယ်မည့်သူတစ်စုံတစ်ယောက်မျှ မရှိတော့သဖြင့်
သူ့ကိုလိုက်ဖမ်းကြကုန်အံ့'' ဟုသူတို့ဆို ကြပါ၏။
12အို ဘုရားသခင်၊ ဝေးဝေးနေတော်မမူပါနှင့်။
ကျွန်တော်မျိုး၏ဘုရားသခင်၊ကျွန်တော်မျိုး အား ကူမရန်အလျင်အမြန်ကြွတော်မူပါ။
13ကျွန်တော်မျိုးကိုတိုက်ခိုက်ကြသူတို့သည် အရေးရှုံးနိမ့်၍ပျက်စီးဆုံးပါးကြပါစေသော။
ကျွန်တော်မျိုးထိခိုက်ဒဏ်ရာရအောင် ကြိုးစားကြသူတို့သည်
အရှက်ကွဲ၍အသရေပျက်ကြပါစေသော။
14ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အားအစဉ်ပင် စောင့်မျှော်ပါမည်။
ကိုယ်တော်ရှင်အားအဖန်ဖန်အခါခါ ထောမနာပြုပါမည်။
15ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်
ကောင်းမြတ်တော်မူပုံကိုပြောကြားပါမည်။
ကိုယ်တော်ရှင်၏ကယ်တင်ခြင်းကျေးဇူးသည်
ကျွန်တော်မျိုးနားလည်နိုင်သည်ထက်ပို၍ နက်နဲပါ၏။
သို့ရာတွင်ထိုကျေးဇူးတော်အကြောင်းကို ကျွန်တော်မျိုးသည်တစ်နေ့လုံးပြော ကြားပါမည်။
16အရှင်ထာဝရဘုရား၏တန်ခိုးတော်ကို အမှီပြု၍ ကျွန်တော်မျိုးသွားလာပါမည်။
ကိုယ်တော်ရှင်၊ကိုယ်တော်ရှင်သာလျှင် ကောင်းမြတ်တော်မူကြောင်းကို
ကျွန်တော်မျိုးထုတ်ဖော်ကြေညာပါမည်။
17ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားငယ် ရွယ်စဉ် အခါမှစ၍သွန်သင်တော်မူခဲ့သည်ဖြစ်ရာ၊
ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်ပြုတော် မူသော
အံ့သြဖွယ်ရာအမှုတို့ကိုယနေ့တိုင်အောင် ပြောကြားလျက်ရှိပါ၏။
18ယခုအခါ၌ကျွန်တော်မျိုးသည်အသက် ကြီး၍ ဆံပင်ဖြူလျက်နေပါပြီ။
အို ကျွန်တော်မျိုး၏ဘုရား၊ ကျွန်တော်မျိုးကိုစွန့်ပစ်တော်မမူပါနှင့်။
ကျွန်တော်မျိုးသည်နောင်လာလတ္တံ့သော သားစဉ်မြေးဆက်အပေါင်းတို့အား
ကိုယ်တော်ရှင်၏ဘုန်းတန်ခိုးအာနုဘော် တော် အကြောင်းကိုထုတ်ဖော်ကြေညာလျက်ရှိနေစဉ်
ကျွန်တော်မျိုးနှင့်အတူရှိတော်မူပါ။
19အို ဘုရားသခင်၊
ကိုယ်တော်ရှင်၏တရားမျှတမှုသည် မိုးကောင်းကင်တိုင်အောင်ရောက်ရှိပါ၏။
အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရှင်သည်
ကြီးမြတ်သည့်အမှုအရာများကိုပြုတော် မူပြီ ဖြစ်သောကြောင့်တည်း။
ကိုယ်တော်ရှင်နှင့်တူသူတစ်စုံတစ်ယောက်မျှ မရှိပါ။
20ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား
များပြားဆိုးရွားသောဘေးဒုက္ခများနှင့် တွေ့ကြုံစေတော်မူသော်လည်း
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားပြန်၍
အားအင်ပြည့်ဝစေတော်မူလျက်သေဘေးမှ ကယ်တော်မူပါလိမ့်မည်။
21ကျွန်တော်မျိုးအားယခင်အခါကထက်
ပိုမိုကြီးမြင့်စေတော်မူ၍နှစ်သိမ့်မှုကို တစ်ဖန် ပေးတော်မူပါလိမ့်မည်။
22ကျွန်တော်မျိုးသည်အမှန်ပင်ကိုယ်တော်ရှင်အား စောင်းတီး၍ထောမနာပြုပါမည်။
အို ကျွန်တော်မျိုး၏ဘုရားသခင်၊
ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏သစ္စာတော် အကြောင်းကိုထောမနာပြုပါမည်။
ဣသရေလအမျိုးသားတို့၏သန့်ရှင်း မြင့်မြတ် တော်မူသောအရှင်ဖြစ်တော်မူသည့်
ကိုယ်တော်ရှင်အားစောင်းတီး၍့ဋ္ဌမ္မသီချင်း များဖြင့် ချီးမွမ်းပါမည်။
23ကိုယ်တော်ရှင်အတွက်စောင်းကိုတီးစဉ်
ကျွန်တော်မျိုးသည်ဝမ်းမြောက်စွာ သီချင်းဆိုပါမည်။
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား ကယ်တော်မူသည်ဖြစ်၍
ကျွန်တော်မျိုးသည်စိတ်ရောကိုယ်ပါ သီချင်းဆိုပါမည်။
24ကျွန်တော်မျိုးအားအကျိုးယုတ်စေရန်
ရှာကြံသူတို့သည်အရေးရှုံးနိမ့်၍အသရေပျက် ရကြပြီဖြစ်သောကြောင့်
ကိုယ်တော်ရှင်ဖြောင့်မတ်တော်မူခြင်း
တရားအကြောင်းကိုတစ်နေ့လုံးပြောကြား ပါမည်။

Você sabia?
Uma Oração de Fé na Velhice
- O Salmo 71 é estruturado a partir da perspectiva de um crente idoso que reflete sobre uma vida inteira de confiança em Deus desde o nascimento e a juventude. O autor pede a Deus que não o rejeite nem o desampare no momento em que suas forças físicas se esgotam diante de adversários.Fontes: o próprio texto bíblico
- Uma motivação central para o pedido de livramento do salmista é intergeracional: ele deseja continuar vivendo para proclamar o poder e os feitos maravilhosos de Deus à geração seguinte. O salmo culmina em votos de louvor público acompanhado por instrumentos de cordas, como a harpa e a lira.Fontes: o próprio texto bíblico
Notas escritas com auxílio de IA a partir de fontes abertas (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, domínio público) e revisadas antes de publicar.
Créditos e licença desta tradução
Common Language Bible Burmese: Common Language Bible Bible without Deuterocanon Public Domain Language: Mynmar language (Burmese) Translation by: Bible Society of Myanmar Burmese Common Language Bible This translation is published by the Bible Society of Myanmar. If you are interested in obtaining a printed copy, please contact the Bible Society of Myanmar at https://bsmyanmar.org/. © 2005 Bible Society of Myanmar. Note: Myanmar is not a member of the Berne Convention treaty, so this copyright does not extend outside of Myanmar. 2014-03-30
Fonte: http://ebible.org/mya/ · eBible.org