Salmos 52
Common Language Bible · Toque num versículo para ver as referências cruzadas.
ဘုရားသခင်၏တရားစီရင်တော်မူခြင်းနှင့် ကျေးဇူးတော်
1တန်ခိုးကြီးသောအချင်းလူ၊အဘယ်ကြောင့် မိမိ၏ဆိုးညစ်မှုကိုကြွားဝါသနည်း။
ဘုရားသခင်၏သစ္စာတော်သည်အစဉ်အမြဲတည်၏။
2သင်သည်သူတစ်ပါးပျက်စီးရာပျက်စီးကြောင်းကို ကြံစည်တတ်၏။
သင်၏လျှာသည်သင်တုန်းဋ္ဌားကဲ့သို့ထက်မြက်၏။
သင်သည်မဟုတ်မမှန်သည့်စကားကိုအစဉ်ပင် လုပ်ကြံပြောဆိုတတ်၏။
3သင်သည်အကောင်းထက်အဆိုးကိုလည်းကောင်း၊
သစ္စာစကားထက်မုသားစကားကိုလည်းကောင်း ပို၍နှစ်သက်တတ်၏။
4အချင်းလူလိမ်၊သင်သည်မိမိ၏နှုတ်အားဖြင့်
လူတို့အားထိခိုက်နစ်နာအောင်ပြောဆိုရန် နှစ်သက်ပါသည်တကား။
5သို့ဖြစ်၍ဘုရားသခင်သည်သင့်အားထာဝစဉ် ပြိုလဲစေတော်မူလိမ့်မည်။
ကိုယ်တော်သည်သင့်ကိုနေအိမ်မှဆွဲထုတ် တော်မူလိမ့်မည်။
သင့်ကိုသက်ရှင်နေသူတို့နေထိုင်ရာလူ့ပြည်မှ ဖယ်ရှားတော်မူလိမ့်မည်။
6သူတော်ကောင်းတို့သည်ဤအခြင်းအရာကို မြင်လျှင် ကြောက်လန့်ကြလိမ့်မည်။
သူတို့သည်သင့်အားကြည့်၍ပြုံးရယ်ကြလျက်
7``မိမိ၏လုံခြုံမှုအတွက်ထာဝရဘုရားကို
အားကိုးမည့်အစားမိမိ၏စည်းစိမ်ချမ်းသာ ကို အားကိုးသူကိုကြည့်ကြလော့။
သူသည်ယုတ်မာမှုအားဖြင့်မိမိ၏လုံခြုံမှုကို ရှာသူဖြစ်၏'' ဟုဆိုကြလိမ့်မည်။
8ငါမူကားထာဝရဘုရား၏အိမ်တော်အနီးတွင် ပေါက်သည့်သံလွင်ပင်နှင့်တူ၏။
ငါသည်ကိုယ်တော်၏ခိုင်မြဲသောမေတ္တာကို ကာလအစဉ်အမြဲကိုးစား၏။
9အို ဘုရားသခင်၊
ကိုယ်တော်ရှင်ပြုတော်မူသောအမှုတော်အတွက်
ကျွန်တော်မျိုးသည်အစဉ်အမြဲကျေးဇူးတော်ကို ချီးမွမ်းပါမည်။
ကိုယ်တော်ရှင်သည်ကောင်းမြတ်တော်မူကြောင်းကို
ကိုယ်တော်ရှင်၏လူစုတော်ရှေ့တွင်ထုတ်ဖော် ကြေညာပါမည်။
Você sabia?
Salmo 52: Confiança em Deus versus orgulho no mal
- O cabeçalho associa este salmo a um relato envolvendo Doegue, o edomita, que informou ao rei Saul que Davi havia ido à casa do sacerdote Aimeleque.Fontes: o próprio texto bíblico
- O salmo contrasta o destino da pessoa enganadora, a quem Deus desarraigará da terra dos viventes, com o autor, que se compara a uma oliveira verdejante que floresce na casa de Deus.Fontes: o próprio texto bíblico
- Designado como um Masquil para o regente do coro, o salmo inclui a pausa reflexiva Selá duas vezes, marcando transições no poema.Fontes: o próprio texto bíblico
Notas escritas com auxílio de IA a partir de fontes abertas (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, domínio público) e revisadas antes de publicar.
Créditos e licença desta tradução
Common Language Bible Burmese: Common Language Bible Bible without Deuterocanon Public Domain Language: Mynmar language (Burmese) Translation by: Bible Society of Myanmar Burmese Common Language Bible This translation is published by the Bible Society of Myanmar. If you are interested in obtaining a printed copy, please contact the Bible Society of Myanmar at https://bsmyanmar.org/. © 2005 Bible Society of Myanmar. Note: Myanmar is not a member of the Berne Convention treaty, so this copyright does not extend outside of Myanmar. 2014-03-30
Fonte: http://ebible.org/mya/ · eBible.org