Salmos 2
Common Language Bible · Toque num versículo para ver as referências cruzadas.
ဘုရားသခင်ရွေးချယ်တော်မူသောဘုရင်
1တိုင်းနိုင်ငံတို့သည်အဘယ်ကြောင့်ဆူပူပုန်ကန်ရန် ကြံစည်ကြသနည်း။
လူတို့သည်အဘယ်ကြောင့်အချည်းနှီး လျှို့ဝှက်ကြံစည်ကြသနည်း။
2ထိုသူတို့၏ဘုရင်တို့သည်ပုန်ကန်ကြ၏။
သူတို့၏ဘုရင်တို့သည်ထာဝရဘုရားနှင့်
ကိုယ်တော်ဘိသိက်ပေးတော်မူသောဘုရင်အား ပုန်ကန်ရန်လျှို့ဝှက်တိုင်ပင်ကြ၏။
3သူတို့က``ငါတို့သည်သူတို့စိုးမိုးမှုမှ လွတ်မြောက်အောင်ဆောင်ရွက်ကြကုန်အံ့။
သူတို့၏အချုပ်အနှောင်ကိုပယ်ရှားကြ ကုန်အံ့'' ဟုဆိုကြ၏။
4ကောင်းကင်ဘုံရှိပလ္လင်တော်ပေါ်မှာထာဝရ ဘုရားသည် ပြုံးရယ်တော်မူလျက်
ထိုသူတို့၏အကြံအစည်ကိုပြက်ရယ်ပြု တော်မူ၏။
5ထိုနောက်ကိုယ်တော်သည်အမျက်တော်ထွက် လျက် သူတို့အားသတိပေးတော်မူသဖြင့်
သူတို့သည်အမျက်တော်အရှိန်ကြောင့် ကြောက်လန့်တုန်လှုပ်ကြကုန်၏။
6ကိုယ်တော်က``သန့်ရှင်းမြင့်မြတ်သော ဇိအုန်တောင် ပေါ်တွင်
ငါရွေးချယ်ထားသောရှင်ဘုရင်ကိုငါကိုယ်တိုင် တင်မြှောက်ပြီ'' ဟုမိန့်တော်မူ၏။
7မင်းကြီးက``ထာဝရဘုရား၏ဗျာဒိတ်တော်ကို ငါကြေငြာမည်။
ကိုယ်တော်ကငါ့အား`သင်သည်ငါ၏သား ဖြစ်၏။
ယနေ့ပင်လျှင်ငါသည်သင်၏အဖဖြစ်လာ ပြီ။
8တောင်းလော့။ လူမျိုးတကာတို့ကိုသင့်အား ငါပေးမည်။
ကမ္ဘာမြေပြင်တစ်ခုလုံးကိုသင်ပိုင်ဆိုင်ရ လိမ့်မည်။
9သင်သည်လူမျိုးတကာတို့ကိုသံလှံတံဖြင့် အုပ်စိုးလိမ့်မည်။
သူတို့အားမြေအိုးကိုခွဲသကဲ့သို့
အစိတ်စိတ်အမြွှာမြွှာဖြစ်စေလိမ့်မည်' ဟု မိန့်တော်မူပါ၏'' ဟူ၍ဆို၏။
10အချင်းဘုရင်တို့၊ပညာသတိရှိကြလော့။
အချင်းမင်းအပေါင်းတို့၊သတိမူကြလော့။
11သင်တို့သည်ကြောက်ရွံ့ရိုသေသောစိတ်နှင့်
ထာဝရဘုရား၏အမှုတော်ကိုထမ်းရွက်ကြလော့။
12တုန်လှုပ်လျက်ရှေ့တော်တွင်ဦးညွှတ်ပျပ်ဝပ်ကြလော့။
ယင်းသို့မပြုပါမူကိုယ်တော်သည် အမျက်တော်ထွက်တော်မူသဖြင့်
သင်တို့သည်မုချသေကြေပျက်စီးကြလိမ့်မည်။
ကိုယ်တော်ထံတော်သို့ချဉ်းကပ်ခိုလှုံသူ အပေါင်းတို့သည်မင်္ဂလာရှိကြ၏။
Você sabia?
O Rei Ungido no Monte Sião
- O Monte Sião, identificado no salmo como o santo monte de Deus, era uma das colinas sobre as quais Jerusalém foi construída. Conquistado por Davi dos jebuseus, tornou-se a cidade de Davi, abrigando sua cidadela e palácio.Fontes: Zion · o próprio texto bíblico
- O salmo retrata uma conspiração de governantes terrenos contra o Senhor e Seu Ungido. Em resposta, Deus afirma o estabelecimento de Seu rei, proclamando o decreto que declara a filiação divina do monarca e sua autoridade sobre as nações.Fontes: o próprio texto bíblico
- O texto utiliza imagens de autoridade real e julgamento, descrevendo o rei ungido subjugando as nações rebeldes com um cetro de ferro e despedaçando a oposição como vasos de barro.Fontes: o próprio texto bíblico
Notas escritas com auxílio de IA a partir de fontes abertas (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, domínio público) e revisadas antes de publicar.
Lugares deste capítulo
- Zion · Hoje: Jerusalem · 31.777, 35.234 · versículo 6
Só aparecem lugares com identificação de alta confiança (90% ou mais segundo as fontes acadêmicas reunidas pelo OpenBible). Mapa da época: DARE (Digital Atlas of the Roman Empire), CC BY 4.0; mapa atual: © colaboradores do OpenStreetMap; lugares: OpenBible.info (CC BY 4.0).
Créditos e licença desta tradução
Common Language Bible Burmese: Common Language Bible Bible without Deuterocanon Public Domain Language: Mynmar language (Burmese) Translation by: Bible Society of Myanmar Burmese Common Language Bible This translation is published by the Bible Society of Myanmar. If you are interested in obtaining a printed copy, please contact the Bible Society of Myanmar at https://bsmyanmar.org/. © 2005 Bible Society of Myanmar. Note: Myanmar is not a member of the Berne Convention treaty, so this copyright does not extend outside of Myanmar. 2014-03-30
Fonte: http://ebible.org/mya/ · eBible.org