Salmos 118
Common Language Bible · Toque num versículo para ver as referências cruzadas.
အောင်ပွဲအတွက်ကျေးဇူးတော်ချီးမွမ်းသည့် ဆုတောင်းပတ္ထနာ
1ထာဝရဘုရားသည်ကောင်းမြတ်တော်မူ၍
မေတ္တာတော်သည်ထာဝစဉ်တည်တော်မူသဖြင့် ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်းကြ လော့။
2``ကိုယ်တော်၏မေတ္တာတော်သည်
ထာဝစဉ်တည်ပါ၏'' ဟုဣသရေလ အမျိုးသားတို့ဝန်ခံကြစေ။
3``ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ်
တည်တော်မူပါ၏'' ဟုဘုရားသခင်၏ ယဇ်ပုရောဟိတ်တို့ဝန်ခံကြစေ။
4``ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူပါ၏'' ဟု
ကိုယ်တော်ကိုကြောက်ရွံ့ရိုသေသူအပေါင်းတို့ ဝန်ခံကြစေ။
5ငါသည်အလွန်ဒုက္ခရောက်သဖြင့်ထာဝရ ဘုရားအား ပတ္ထနာပြုပါ၏။
ကိုယ်တော်သည်လည်းထူးတော်မူ၍ ငါ့ကိုလွတ်မြောက်စေတော်မူ၏။
6ထာဝရဘုရားသည်ငါနှင့်အတူ ရှိတော်မူသည်ဖြစ်၍
ငါသည်ကြောက်လန့်လိမ့်မည်မဟုတ်။ လူသည် ငါ့ကိုအဘယ်သို့ပြုနိုင်ပါသနည်း။
7ငါ့ကိုကူမတော်မူသောအရှင်သည် ထာဝရဘုရားဖြစ်တော်မူသဖြင့်
ငါသည်ရန်သူများအရေးရှုံးနိမ့်ကြ သည်ကို မြင်ရလိမ့်မည်။
8လူကိုအားကိုးသည်ထက်ထာဝရဘုရားကို အားကိုးခြင်းကပို၍ကောင်း၏။
9လူ့ခေါင်းဆောင်တို့ကိုကိုးစားသည်ထက်
ထာဝရဘုရားကိုကိုးစားခြင်းကပို၍ ကောင်း၏။
10ငါ၏ပတ်လည်တွင်ရန်သူအများပင်ရှိသော် လည်း
ငါသည်ထာဝရဘုရား၏တန်ခိုးတော် အားဖြင့် သူတို့ကိုသုတ်သင်ဖျက်ဆီးပစ်၏။
11သူတို့သည်အဘက်ဘက်မှငါ့ကိုဝိုင်းရံလျက် နေကြသော်လည်း
ငါသည်ထာဝရဘုရား၏တန်ခိုးတော် အားဖြင့် သူတို့ကိုသုတ်သင်ဖျက်ဆီးပစ်၏။
12သူတို့သည်ပျားများကဲ့သို့ငါ့ထံသို့ ဝိုင်းအုံ၍ လာကြသော်လည်း
ဆူးချုံကိုလောင်သောမီးကဲ့သို့လျင်မြန်စွာ ချုပ်ငြိမ်း၍သွားကြ၏။
ငါသည်ထာဝရဘုရား၏တန်ခိုးတော်အားဖြင့် သူတို့ကိုသုတ်သင်ဖျက်ဆီးပစ်လိုက်၏။
13ငါသည်ပြင်းထန်စွာတိုက်ခိုက်ခြင်းကိုခံရ၍ အရေးရှုံးနိမ့်နေသော်လည်း
ထာဝရဘုရားသည်ငါ့ကိုကူမတော်မူ၏။
14ထာဝရဘုရားသည်ငါ့အားတန်ခိုးစွမ်းရည် ကြီးမားစေတော်မူ၏။
ကိုယ်တော်သည်ငါ့ကိုကယ်တင်တော်မူ ပြီ။
15``ထာဝရဘုရားသည်မဟာတန်ခိုးတော် အားဖြင့်
အံ့သြဖွယ်ကောင်းသောအမှုတို့ကိုပြု တော်မူလေပြီ။
ကြီးမားသည့်တန်ခိုးတော်ကြောင့်ငါတို့သည်
အောင်ပွဲကိုရရှိလေပြီ'' ဟုဘုရားသခင်၏ လူစုတော်သည်
မိမိတို့တဲများမှဝမ်းမြောက်စွာအောင်သံပေး၍ ကြွေးကြော်ကြသည်ကိုနားထောင်ကြလော့။
17ငါသည်မသေသေးဘဲအသက်ရှင်၍ထာဝရ ဘုရား ပြုတော်မူသောအမှုတော်ကိုဖော်ပြမည်။
18ကိုယ်တော်သည်ငါ့ကိုကြပ်တည်းစွာ
ဆုံးမတော်မူသော်လည်းသေမင်း၏လက်သို့ အပ်တော်မမူ။
19ငါ၏အတွက်ဗိမာန်တော်တံခါးတို့ကိုဖွင့် လိုက်ကြ။
ငါသည်ဝင်၍ထာဝရဘုရားအားထောမနာ ပြုမည်။
20ဤတံခါးသည်ထာဝရဘုရား၏တံခါးဖြစ်၍ သူတော်ကောင်းတို့သာလျှင်ဝင်ရကြ၏။
21အို ထာဝရဘုရား၊
ကိုယ်တော်သည်ကျွန်တော်မျိုးလျှောက်ထား ချက်ကို ကြားတော်မူ၍
ကျွန်တော်မျိုးအားအောင်ပွဲကိုပေးတော်မူ သဖြင့်
ကျွန်တော်မျိုးသည်ကိုယ်တော်အားထောမနာ ပြုပါ၏။
22တိုက်ကိုတည်ဆောက်သူတို့ပစ်ပယ်ထားသော
ကျောက်သည်အရေးအကြီးဆုံးဖြစ်သော ထောင့်ချုပ်ကျောက်ဖြစ်လာရ၏။
23ဤအမှုကားဘုရားသခင်ပြုတော်မူသော အမှုဖြစ်၏။
ငါတို့မျက်မှောက်၌အံ့သြဖွယ် ကောင်းလှပါသည်တကား။
24ဤနေ့ရက်သည်ထာဝရဘုရားအောင်ပွဲ ခံတော်မူသောနေ့ရက်ဖြစ်၍
ငါတို့သည်ဝမ်းမြောက်ရွှင်လန်းစွာကျင်းပ ကြကုန်အံ့။
25အို ထာဝရဘုရား၊ ကျွန်တော်မျိုးတို့အားကယ်တော်မူပါ။
ကျွန်တော်မျိုးတို့အားကယ်တော်မူပါ။
အို ထာဝရဘုရား၊ ကျွန်တော်မျိုးအားအောင်မြင်ခွင့်ကိုပေးတော် မူပါ။
26ထာဝရဘုရား၏အခွင့်နှင့်ကြွလာသောသူအား ဘုရားသခင်ကောင်းချီးပေးတော်မူပါစေသော။
ငါတို့သည်ထာဝရဘုရား၏အိမ်တော်မှနေ၍ ကိုယ်တော်ကိုကောင်းချီးပေးပါ၏။
27ထာဝရဘုရားသည်ဘုရားဖြစ်တော်မူ၏။
ကိုယ်တော်သည်ငါတို့အားကျေးဇူးပြုတော်မူပြီ။
သင်တို့သည်သစ်ခက်များကိုင်၍၊
ပွဲသဘင်ကိုအစပြုကာယဇ်ပလ္လင်ကိုလှည့်၍ ချီတက်ကြလော့။
28ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ဘုရားသခင် ဖြစ်တော်မူ၍
ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ ကျေးဇူးတော်ကိုချီးမွမ်းပါမည်။
ကိုယ်တော်ရှင်ကြီးမြတ်တော်မူကြောင်းကို ထုတ်ဖော်ကြေညာပါမည်။
29ထာဝရဘုရားသည်ကောင်းမြတ်တော်မူ၍
မေတ္တာတော်သည်လည်းထာဝစဉ် တည်တော်မူသဖြင့်
ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်း ကြလော့။
Você sabia?
Ação de graças por livramento e a procissão festiva
- O salmo começa com um chamado a três grupos distintos: a nação de Israel, a casa de Arão (a linhagem sacerdotal) e todos os que temem ao Senhor. Cada grupo é convidado a repetir o refrão que celebra o amor leal e eterno de Deus.Fontes: o próprio texto bíblico · Aaron
- O texto descreve uma procissão litúrgica aproximando-se do santuário, pedindo a abertura das portas da justiça e recebendo uma bênção vinda da casa do Senhor. A celebração culmina junto ao altar, onde o sacrifício festivo é atado às suas pontas.Fontes: o próprio texto bíblico
- A imagem da pedra rejeitada pelos construtores que se torna a principal pedra angular retrata uma reversão dramática, na qual o que parecia desprezado é elevado por Deus à posição de maior honra e sustentação.Fontes: o próprio texto bíblico
Notas escritas com auxílio de IA a partir de fontes abertas (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, domínio público) e revisadas antes de publicar.
Créditos e licença desta tradução
Common Language Bible Burmese: Common Language Bible Bible without Deuterocanon Public Domain Language: Mynmar language (Burmese) Translation by: Bible Society of Myanmar Burmese Common Language Bible This translation is published by the Bible Society of Myanmar. If you are interested in obtaining a printed copy, please contact the Bible Society of Myanmar at https://bsmyanmar.org/. © 2005 Bible Society of Myanmar. Note: Myanmar is not a member of the Berne Convention treaty, so this copyright does not extend outside of Myanmar. 2014-03-30
Fonte: http://ebible.org/mya/ · eBible.org