Nations Bible

Números 5

Common Language Bible · Toque num versículo para ver as referências cruzadas.

မ​သန့်​စင်​သူ​များ

1ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား၊

2``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင် ကိုယ်​ရေ ပြား​ရော​ဂါ​စွဲ​သော​သူ​သို့​မ​ဟုတ်​ရိ​နာ​စွဲ သော​သူ၊ လူ​သေ​ကောင်​နှင့်​ထိ​မိ​သ​ဖြင့်​မ​သန့် စင်​သော​သူ​တို့​ကို စ​ခန်း​အ​ပြင်​သို့​နှင်​ထုတ် ရန်​ဆင့်​ဆို​လော့။- 3ငါ​၏​လူ​မျိုး​တော်​နှင့်​အ​တူ​ငါ​ရှိ​ရာ​စ​ခန်း ကို​မ​ညစ်​ညူး​စေ​ရန် ဘာ​သာ​ရေး​ထုံး​နည်း အ​ရ​မ​သန့်​စင်​သူ​တို့​ကို​စ​ခန်း​အ​ပြင်​သို့ နှင်​ထုတ်​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။- 4ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​မ​သန့်​စင် သူ​တို့​ကို​စ​ခန်း​အ​ပြင်​သို့​နှင်​ထုတ်​လိုက် ကြ​၏။

မ​တော်​မ​တ​ရား​မှု​အ​တွက်​လျော်​ကြေး

5ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​လိုက်​နာ​ရန် အောက်​ပါ​ညွှန်​ကြား​ချက်​များ ကို​မော​ရှေ​အား​ပေး​တော်​မူ​၏။ တစ်​စုံ​တစ်​ယောက် သည်​အ​ခြား​သူ​တစ်​ဦး​အား မ​တော်​မ​တ​ရား ပြု​၍​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ်​တော်​ကို ချိုး​ဖောက်​လျှင်၊- 7ထို​သူ​သည်​မိ​မိ​၏​အ​ပြစ်​ကို​ဝန်​ချ​တောင်း​ပန် ၍ မ​တော်​မ​တ​ရား​ပြု​ခြင်း​ခံ​ရ​သူ​အား​လျော် ကြေး​အ​ပြည့်​အ​ပြင် နှစ်​ဆယ်​ရာ​ခိုင်​နှုန်း​ထပ် ဆောင်း​ပေး​ရ​မည်။- 8အ​ကယ်​၍​လျော်​ကြေး​လက်​ခံ​မည့်​သူ​သည် သေ​ဆုံး​၍​ဆွေ​မျိုး​သား​ချင်း​မ​ကျန်​ရစ်​လျှင် လျော်​ကြေး​ကို​ယဇ်​ပု​ရော​ဟိတ်​အ​တွက်​ထာ​ဝ​ရ ဘု​ရား​ထံ​ဆက်​သ​ရ​မည်။ အ​ပြစ်​ကူး​လွန်​သူ သည်​လျော်​ကြေး​အ​ပြင် သန့်​စင်​ခြင်း​ဝတ် အ​တွက်​သိုး​ထီး​ကို​လည်း​ပေး​ဆောင်​ရ မည်။- 9ယဇ်​ပု​ရော​ဟိတ်​မှ​တစ်​ဆင့်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​က ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​သ​သော အ​ထူး​အ​လှူ​ဒါ​န​ရှိ​သ​မျှ​ကို​ယဇ်​ပု​ရော ဟိတ်​ပိုင်​သည်။- 10ယဇ်​ပု​ရော​ဟိတ်​သည်​မိ​မိ​အား​လှူ​သ​မျှ​တို့ ကို​ပိုင်​၏။

မျောက်​မ​ထား​သော​ဇ​နီး

11ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​မှ​တစ်​ဆင့်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​အား အောက်​ပါ​ညွှန်​ကြား ချက်​များ​ကို​ပေး​တော်​မူ​၏။ ခင်​ပွန်း​သည်​တစ်​ဦး သည်​မိ​မိ​၏​ဇ​နီး​သစ္စာ​ဖောက်​၍ အ​ခြား​ယောကျာ်း နှင့်​ပြစ်​မှား​ခဲ့​သည်​ဟု​ခင်​ပွန်း​သည်​က​မ​ယုံ သင်္ကာ​ဖြစ်​အံ့။ သို့​သော်​လည်း​ဇ​နီး​သည်​ထို အ​မှု​ကို​လျှို့​ဝှက်​ထား​၍​သော်​လည်း​ကောင်း၊ မျက်​မြင်​သက်​သေ​မ​ရှိ​၍​သော်​လည်း​ကောင်း၊ လက်​ပူး​လက်​ကြပ်​မ​မိ​၍​သော်​လည်း​ကောင်း ခင်​ပွန်း​က​အ​တိ​အ​ကျ​မ​စွပ်​စွဲ​နိုင်။ သို့ တည်း​မ​ဟုတ်​ဇ​နီး​သည်​အ​ခြား​သူ​တစ်​ဦး နှင့်​မ​ဖောက်​ပြန်​သော်​လည်း ခင်​ပွန်း​သည်​က မ​ယား​အား​မ​ယုံ​သင်္ကာ​ဖြစ်​အံ့။- 15မည်​သို့​ပင်​ဖြစ်​စေ၊ ခင်​ပွန်း​သည်​ဇ​နီး​ကို​ယဇ် ပု​ရော​ဟိတ်​ထံ​သို့​ခေါ်​ဆောင်​သွား​ရ​မည်။ သူ သည်​ပူ​ဇော်​သ​ကာ​အ​ဖြစ် မု​ယော​မုန့်​ညက် နှစ်​ပေါင်​ကို​လည်း​ယူ​ခဲ့​ရ​မည်။ သို့​ရာ​တွင် ပူ​ဇော်​သကာ​သည်​မ​ယုံ​သင်္ကာ​သ​ဖြင့် အ​မှန် တ​ရား​ကို​ဖော်​ထုတ်​ရန်​ဖြစ်​သော​ကြောင့် သူ သည်​မုန့်​ညက်​ပေါ်​တွင်​သံ​လွင်​ဆီ​ကို​မ လောင်း​ရ၊ နံ့​သာ​ပေါင်း​ကို​လည်း​မ​တင်​ရ။

16ယဇ်​ပု​ရော​ဟိတ်​သည်​ထို​အ​မျိုး​သ​မီး​ကို ယဇ်​ပလ္လင်​ရှေ့​သို့​သွား​၍​ရပ်​နေ​စေ​ရ​မည်။- 17သူ​သည်​မြေ​အိုး​တွင်​ရေ​သန့်​ကို​ထည့်​၍ ထာ​ဝ​ရ ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်​တ​လင်း​မှ​မြေ မှုန့်​အ​နည်း​ငယ်​ကို​ယူ​ပြီး​လျှင် ထို​ရေ​အိုး ထဲ​သို့​ထည့်​ရ​မည်။- 18ထို​နောက်​သူ​သည်​အ​မျိုး​သ​မီး​ဆံ​ပင်​ကို ဖြေ​၍ ပူ​ဇော်​သကာ​မုန့်​ညက်​ကို​သူ့​လက်​ထဲ သို့​ထည့်​ရ​မည်။ ယဇ်​ပု​ရော​ဟိတ်​သည်​ကျိန်​စာ သင့်​စေ​သော ရေ​ခါး​ပါ​ရှိ​သည့်​အိုး​ကို​လက် ထဲ​တွင်​ကိုင်​ထား​ရ​မည်။- 19ထို​နောက်​သူ​သည်​အ​မျိုး​သ​မီး​အား​ဤ​သို့ ကျိန်​စာ​တိုက်​ရ​မည်။ ``သင်​သည်​အ​ခြား​သော ယောကျာ်း​နှင့်​မ​ဖောက်​ပြန်​မ​ကူး​လွန်​ခဲ့​သည် ရှိ​သော် ဤ​သစ္စာ​ရေ​ကြောင့်​ကျ​ရောက်​မည့်​ဘေး ဒဏ်​နှင့်​ကင်း​လွတ်​ပါ​စေ​သား။- 20သို့​သော်​သင်​သည်​သစ္စာ​ဖောက်​ခဲ့​လျှင်၊

21သင်​သည်​သင်​၏​လူ​မျိုး​အ​တွက်​အ​မင်္ဂ​လာ ဖြစ်​ပါ​စေ​သား။ သင်​၏​မိန်း​မ​အင်္ဂါ​တို့​သည် ခြောက်​ကပ်​လာ​၍ သင်​၏​ဝမ်း​ဗိုက်​သည်​ဖောင်း ပွ​လာ​လိမ့်​မည်။- 22ဤ​ရေ​သည်​သင်​၏​ဝမ်း​ထဲ​သို့​ရောက်​၍​ဝမ်း ဗိုက်​ကို​ဖောင်း​ပွ​လာ​စေ​လျက် သင်​၏​မိန်း​မ အင်္ဂါ​ကို​ခြောက်​ကပ်​စေ​လိမ့်​မည်။

ထို​အ​ခါ​အ​မျိုး​သ​မီး​က``ဤ​သစ္စာ​တည်​ပါ စေ​သော'' ဟု​ဝန်​ခံ​ရ​မည်။

23ထို​နောက်​ယဇ်​ပု​ရော​ဟိတ်​သည် ထို​ကျိန်​စာ​ကို ရေး​သား​၍​စာ​ကို​ရေ​ခါး​ထဲ​တွင်​ချေ​ဖျက် ရ​မည်။- 24အ​မျိုး​သ​မီး​အား ပြင်း​ပြ​သော​ဝေ​ဒ​နာ ဖြစ်​စေ​နိုင်​မည့်​ရေ​ကို​မ​တိုက်​မီ၊- 25ယဇ်​ပု​ရော​ဟိတ်​သည် အ​မျိုး​သ​မီး​၏​လက်​ထဲ​မှ မုန့်​ညက်​ကို​ယူ​၍ ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ် ပြီး​လျှင် ယဇ်​ပလ္လင်​ပေါ်​သို့​တင်​ရ​မည်။- 26ထို​နောက်​သူ​သည်​မုန့်​ညက်​လက်​တစ်​ဆုပ်​စာ​မျှ​ကို ယူ​၍ ယဇ်​ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​ရ​မည်။ နောက် ဆုံး​တွင်​ယဇ်​ပု​ရော​ဟိတ်​သည် အ​မျိုး​သ​မီး​အား သစ္စာ​ရေ​ကို​သောက်​စေ​ရ​မည်။- 27အ​မျိုး​သ​မီး​သည်​အ​ခြား​ယောကျာ်း​နှင့်​ဖောက် ပြန်​ကူး​လွန်​ခဲ့​လျှင် သူ​သည်​ဝေ​ဒ​နာ​ပြင်း​ပြ စွာ​ခံ​ရ​၍ သူ​၏​ဝမ်း​ဗိုက်​သည်​ဖောင်း​ပွ​လာ​လျက် သူ​၏​မိန်း​မ​အင်္ဂါ​သည်​လည်း​ခြောက်​ကပ်​လာ​လိမ့် မည်။ သူ​သည်​မိ​မိ​လူ​မျိုး​အ​တွက်​အ​မင်္ဂ​လာ ဖြစ်​လိမ့်​မည်။- 28သို့​ရာ​တွင်​အ​မျိုး​သ​မီး​သည် ကူး​လွန်​မှု​မ​ရှိ ခဲ့​သော် ဘေး​မ​သင့်​ဘဲ​သား​သ​မီး​မွေး​ဖွား နိုင်​စွမ်း​ရှိ​လိမ့်​မည်။

29အ​ဆို​ပါ​ပ​ညတ်​သည်​ကား​ခင်​ပွန်း​သည်​က မိ​မိ​ဇ​နီး​ဖောက်​ပြန်​သည်​ဟူ​၍​မ​ယုံ​သင်္ကာ ဖြစ်​သည့်​အ​ခါ​၌ လိုက်​နာ​ရ​သော​ပ​ညတ်​ဖြစ် သည်။ ယဇ်​ပု​ရော​ဟိတ်​သည် အ​မျိုး​သ​မီး​ကို ယဇ်​ပလ္လင်​ရှေ့​တွင်​ရပ်​စေ​၍ ဤ​ပ​ညတ်​အ​တိုင်း စစ်​ဆေး​စီ​ရင်​ရ​မည်။- 31ခင်​ပွန်း​သည်​ပြစ်​မှု​ကင်း​စေ​ရ​မည်။ သို့​ရာ တွင်​ဇ​နီး​သည်​ပြစ်​မှု​ကူး​လွန်​လျှင် အ​ပြစ် အ​လျောက်​ဒဏ်​ခံ​စေ​ရ​မည်။

Você sabia?

A Pureza do Acampamento e a Lei dos Ciúmes

  • Para manter a pureza ritual do acampamento onde Deus habitava no meio do povo, qualquer pessoa com doença de pele, fluxo corporal ou contaminação por contato com um cadáver era enviada para fora do acampamento.Fontes: o próprio texto bíblico
  • Quando alguém cometia um pecado contra o próximo, exigia-se confissão e restituição total acrescida de um quinto do valor à pessoa prejudicada ou a um parente, ou ao sacerdote se não houvesse parente.Fontes: o próprio texto bíblico
  • A oferta de cereal apresentada pela mulher sob suspeita de infidelidade era de farinha de cevada sem azeite nem incenso, caracterizando-a como uma oferta memorial para trazer à luz a suspeita de iniquidade.Fontes: o próprio texto bíblico

Notas escritas com auxílio de IA a partir de fontes abertas (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, domínio público) e revisadas antes de publicar.

Créditos e licença desta tradução
Common Language Bible
Burmese: Common Language Bible Bible without Deuterocanon
Public Domain
Language: Mynmar language (Burmese)
Translation by: Bible Society of Myanmar
Burmese Common Language Bible
This translation is published by the Bible Society of Myanmar.
If you are interested in obtaining a printed copy, please contact the Bible Society of Myanmar at https://bsmyanmar.org/.
© 2005 Bible Society of Myanmar. Note: Myanmar is not a member of the Berne Convention treaty, so this copyright does not extend outside of Myanmar.
2014-03-30

Fonte: http://ebible.org/mya/ · eBible.org

Fale com a gente

Conte de onde você lê, como a Bíblia tem te ajudado ou o que podemos melhorar. Lemos todas as mensagens.