Mateus 11
Common Language Bible · Toque num versículo para ver as referências cruzadas.
ဗတ္တိဇံဆရာယောဟန်ထံမှစေတမန်များ
1သခင်ယေရှုသည်ထိုသို့တပည့်တော်တစ်ကျိပ် နှစ်ပါးတို့အား သြဝါဒပေးတော်မူပြီးနောက် အနီးအနားရှိမြို့များတွင် ဟောပြောသွန်သင် ရန်ထိုအရပ်မှထွက်ခွာတော်မူ၏။
2ခရစ်တော်ပြုတော်မူသောအမှုအရာများ အကြောင်းကို ယောဟန်သည်ထောင်ထဲတွင်ကြား သိရသောအခါ မိမိ၏တပည့်များကိုစေ လွှတ်၍၊- 3``အရှင်သည်ကြွလာတော်မူမည်ဟုဆိုသော အရှင်ပေလော။ သို့မဟုတ်အကျွန်ုပ်တို့သည် အခြားအရှင်တစ်ပါးကိုစောင့်မျှော်ရကြ ပါမည်လော'' ဟုမေးလျှောက်စေ၏။- 4သခင်ယေရှုကထိုသူတို့အား ``သင်တို့မြင်ရ ကြားရသည့်အရာများကိုယောဟန်ထံသွား ၍ပြောပြကြလော့။- 5မျက်မမြင်တို့သည်မျက်စိအလင်းကိုရရှိ ကြ၏။ ခြေမစွမ်းမသန်သူတို့သည်လမ်းလျှောက် ကြ၏။ အရေပြားရောဂါစွဲသူတို့သည်သန့်စင် သွားကြ၏။ နားပင်းသူတို့သည်ကြားရကြ၏။ သေသူတို့သည်အသက်ပြန်၍ရှင်ကြ၏။ ဆင်းရဲ သူတို့သည်သတင်းကောင်းကိုကြားရကြ၏။- 6ငါ၏အပေါ်၌ယုံမှားခြင်းကင်းသူတို့သည် မင်္ဂလာရှိကြ၏'' ဟုမိန့်တော်မူ၏။
7ယောဟန်၏တပည့်များပြန်သွားကြသောအခါ သခင်ယေရှုသည် ယောဟန်နှင့်စပ်လျဉ်း၍လူပရိ သတ်တို့အား ``သင်တို့သည်အဘယ်ကြောင့်တော ကန္တာရသို့သွားကြသနည်း။ လေတိုက်၍လှုပ်သော ကူပင်ကိုကြည့်ရှုကြရန်လော။- 8ထိုသို့မဟုတ်ပါမူအဘယ်ကြောင့်နည်း။ ဝတ် ကောင်းစားလှဝတ်ဆင်ထားသူကိုကြည့်ရှုကြ ရန်လော။ ဝတ်ကောင်းစားလှဝတ်ဆင်ထားသူများ ကားမင်းအိမ်စိုးအိမ်များတွင်နေထိုင်ကြ၏။- 9ထိုသူတို့ကိုကြည့်ရှုရန်မဟုတ်ပါမူအဘယ် ကြောင့်သွားကြသနည်း။ ပရောဖက်ကိုကြည့်ရှု ကြရန်လော။ မှန်ပေ၏။ သင်တို့သည်ပရောဖက် ထက်ကြီးမြတ်သူကိုမြင်ရကြလေပြီဟု သင်တို့အားငါဆို၏။- 10ယောဟန်ကားကျမ်းစာတော်တွင်၊
`နားထောင်လော့။ သင်၏လမ်းကိုအသင့်ဖြစ်စေရန်၊
ငါ၏စေတမန်ကိုသင့်အလျင်စေလွှတ်မည်' ဟု ဖော်ပြထား၏။-
ယောဟန်ကားထိုစေတမန်ပင်တည်း။- 11လူ့သမိုင်းတွင်ယောဟန်ထက်ကြီးမြတ်သူတစ်ဦး တစ်ယောက်မျှမရှိဟု သင်တို့အားငါဆို၏။ သို့ရာ တွင်ကောင်းကင်နိုင်ငံတော်၌ အသိမ်ငယ်ဆုံးသော သူသည်ယောဟန်ထက်ကြီးမြတ်၏။- 12ဗတ္တိဇံဆရာယောဟန်စတင်ဟောပြောချိန်မှ အစပြု၍ ယနေ့တိုင်အောင်ကောင်းကင်နိုင်ငံ တော်သည် အကြမ်းဖက်သမားတို့၏တိုက်ခိုက် မှုကိုခံရ၏။ အကြမ်းဖက်သမားတို့သည်ထို နိုင်ငံတော်ကိုသိမ်းယူရန်ကြိုးစားကြ၏။- 13ယောဟန်ပေါ်ထွန်းလာချိန်တိုင်အောင်ပရောဖက် အပေါင်းနှင့်မောရှေ၏ပညတ်ကျမ်းကနိုင်ငံ တော်အကြောင်းကိုဖော်ပြခဲ့ကြပေသည်။- 14ထိုဖော်ပြချက်များကိုသင်တို့လက်ခံကြ ပါလျှင် ယောဟန်သည်ပေါ်ထွန်းလာရမည့် ဧလိယပင်ဖြစ်ကြောင်းကိုလည်းလက်ခံ ကြလိမ့်မည်။- 15ကြားတတ်သောနားရှိသူတို့ကြားကြကုန်လော့။
16``ငါသည်ဤခေတ်လူတို့ကိုအဘယ်သို့ပုံနှိုင်း ရမည်နည်း။ သူတို့သည်စျေးရပ်ကွက်တွင်ထိုင်လျက် နေသည့်ကလေးသူငယ်များနှင့်တူကြ၏။ သူငယ် တစ်စုကအခြားတစ်စုအား `ငါတို့သည်တီးမှုတ် သော်လည်းသင်တို့မကမခုန်ကြ။- 17ငါတို့သည်ငိုချင်းကိုဆိုသော်လည်းသင်တို့ မငိုမကြွေးကြ' ဟုဟစ်အော်ပြောဆိုကြ၏။- 18ဗတ္တိဇံဆရာယောဟန်သည်အစာရှောင်လျက် မသောက်မစားဘဲ သင်တို့ထံလာသောအခါ သင်တို့က `ဤသူသည်နတ်မိစ္ဆာပူးဝင်သူဖြစ် သည်' ဟုဆိုကြ၏။- 19လူသားသည်စားလျက်သောက်လျက်လာသော အခါ၌မူသင်တို့က `ကြည့်လော့။ ဤသူသည် စားကြူးသောက်ကြူးသူဖြစ်၏။ အခွန်ခံသူတို့ နှင့်အခြားအပယ်ခံတို့၏မိတ်ဆွေဖြစ်၏' ဟု ဆိုကြပြန်၏။ ဘုရားသခင်၏ဉာဏ်ပညာတော် သည်မှန်ကန်ကြောင်းကို ထိုပညာတော်မှသက် ရောက်လာသည့်အကျိုးတရားများကသက် သေပြကြ၏'' ဟုမိန့်တော်မူ၏။
မယုံကြည်ကြသည့်မြို့များ
20အံ့သြဖွယ်နိမိတ်လက္ခဏာများကိုပြတော် မူခဲ့သည့်မြို့များသည်နောင်တမရကြသဖြင့် ကိုယ်တော်သည်ထိုမြို့တို့အားဤသို့ပြစ်တင် ဆုံးမတော်မူ၏။ ကိုယ်တော်က၊ 21``အို ခေါရာဇိန်မြို့၊ သင်သည်အမင်္ဂလာရှိ၏။ အို ဗက်ဇဲ ဒမြို့၊ သင်သည်အမင်္ဂလာရှိ၏။ သင်တို့တွင်ငါပြုခဲ့ သည့်အံ့ဖွယ်အမှုအရာများကိုတုရုနှင့်ဇိဒုံမြို့ တို့တွင်သာပြုခဲ့ပါမူ ထိုမြို့တို့သည်ရှေးမဆွကပင် လျှင်လျှော်တေကိုဝတ်၍ပြာနှင့်လူးလျက်နောင်တ ရကြလိမ့်မည်။- 22သို့ရာတွင်တရားစီရင်တော်မူရာနေ့၌ သင်တို့သည် တုရုနှင့်ဇိဒုံမြို့တို့ထက်ပို၍အပြစ်ဒဏ်ခံရကြ ပေအံ့။- 23အို ကပေရနောင်မြို့၊ သင်သည်ကောင်းကင်ဘုံတိုင်အောင် မြှောက်စားခြင်းကိုခံရလိမ့်မည်ဟုထင်မှတ်ပါသ လော။ မရဏာနိုင်ငံအထိနှိမ့်ချခြင်းကိုခံရလတ္တံ့။ အဘယ်ကြောင့်ဆိုသော်သင့်ထံတွင် ငါပြုခဲ့သည့် အံ့ဖွယ်အမှုအရာများကိုသောဒုံမြို့တွင်သာပြု ခဲ့ပါမူ ထိုမြို့သည်ယနေ့တိုင်အောင်တည်လျက် ရှိပေမည်။- 24တရားစီရင်တော်မူရာနေ့၌သင်သည်သောဒုံမြို့ ထက်ပို၍အပြစ်ဒဏ်ခံရလိမ့်မည်'' ဟုမိန့်တော် မူ၏။
ငါသည်သုခချမ်းသာပေးမည်
25ထိုအခါသခင်ယေရှုက ``ကောင်းကင်နှင့်ကမ္ဘာမြေ ကြီးကိုအစိုးရတော်မူသောအဖ၊ ကိုယ်တော်သည် အသိပညာရှင်များအားသိခွင့်မပေးဘဲထား သည့်အရာများကို ပညာမဲ့သူတို့အားဖွင့်ပြ တော်မူသဖြင့်ကျေးဇူးတော်ကိုချီးမွမ်းပါ၏။- 26အို အဖခမည်းတော်၊ ဤသို့ဖြစ်ရသည်မှာကိုယ်တော် ရှင်၏အလိုတော်အတိုင်းပင်ဖြစ်ပါ၏'' ဟုမြွက်ဆို တော်မူသည်။
27ထိုနောက်ကိုယ်တော်က ``ငါ့ခမည်းတော်သည်ခပ်သိမ်း သောအရာတို့ကိုငါ့အားပေးအပ်ထားတော်မူလေပြီ။ ခမည်းတော်မှတစ်ပါးအခြားမည်သူမျှသားတော်ကို မသိ။ ခမည်းတော်ကိုလည်းသားတော်နှင့်သားတော် ဖွင့်ပြလိုသူများမှတစ်ပါးအခြားမည်သူမျှ မသိ။
28လေးသောဝန်ထမ်းရ၍ပင်ပန်းသူအပေါင်းတို့၊ ငါ့ထံသို့လာကြလော့။ ငါသည်သုခချမ်းသာ ပေးမည်။- 29ငါသည်နူးညံ့သိမ်မွေ့၍စိတ်နှလုံးနှိမ့်ချ၏။ ထို ကြောင့်ငါတင်သောထမ်းပိုးကိုထမ်း၍ ငါ၏ထံတွင် နည်းနာခံယူကြလော့။ သင်တို့သည်သုခချမ်းသာ ရရှိကြလိမ့်မည်။- 30ငါထမ်းစေသောထမ်းပိုးသည်အထမ်းရလွယ်၍ ငါတင်သောဝန်သည်လည်းပေါ့၏'' ဟုမိန့်တော်မူ သည်။

Você sabia?
A pergunta de João e as cidades que não se arrependeram
- Da prisão, João enviou seus discípulos para perguntar se Jesus era aquele que havia de vir. Jesus disse às multidões que João era mais do que um profeta — o mensageiro enviado adiante para preparar o caminho — e, se estivessem dispostos a aceitar, o Elias que havia de vir. Um dicionário bíblico chama João de precursor e diz que sua missão já era objeto de profecia, citando Isaías 40:3 e Malaquias 3:1; também apresenta Elias como o Elias do Novo Testamento.Fontes: o próprio texto bíblico · John the Baptist · Elijah
- Em seguida, Jesus denunciou Corazim, Betsaida e Cafarnaum, onde havia realizado a maior parte de seus milagres, porque não se arrependeram. Um dicionário identifica Corazim com a atual Kerazeh, cerca de duas milhas e meia subindo o uádi Kerazeh a partir de Cafarnaum, e diz que Cafarnaum, ausente do Antigo Testamento, tornou-se a própria cidade de Jesus depois que ele deixou Nazaré. Situa Betsaida no lado leste do lago, duas milhas acima ao longo do Jordão, na Gaulanítide, ampliada por Filipe, o tetrarca, e chamada Júlias em honra da filha do imperador, embora alguns tenham suposto que havia apenas uma Betsaida, perto de onde o Jordão entra no lago.Fontes: o próprio texto bíblico · Chorazin · Capernaum · Bethsaida
- Ele contrapôs essas cidades a Tiro e Sidom, que, segundo ele, teriam se arrependido há muito, em pano de saco e cinza, e a Sodoma, que, disse, ainda existiria até hoje. Sidom, na costa do Mediterrâneo, cerca de vinte e cinco milhas ao norte de Tiro, era a mais antiga cidade fenícia dali e a cidade-mãe de Tiro. Um dicionário afirma que o comércio do mundo inteiro se reunia nos armazéns de Tiro e que Sodoma, no vale de Sidim, foi destruída por fogo do céu de modo tão completo que não se encontrou vestígio dela.Fontes: o próprio texto bíblico · Sidon · Tyre · Sodom
Notas escritas com auxílio de IA a partir de fontes abertas (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, domínio público) e revisadas antes de publicar.
Lugares deste capítulo
- Galilee · 32.760, 35.527 · versículo 1
- Sidon · Hoje: Sandikli archaeological site in Sidon · 33.561, 35.372 · versículos 21, 22
- Tyre · 33.271, 35.196 · versículos 21, 22
Só aparecem lugares com identificação de alta confiança (90% ou mais segundo as fontes acadêmicas reunidas pelo OpenBible). Mapa da época: DARE (Digital Atlas of the Roman Empire), CC BY 4.0; mapa atual: © colaboradores do OpenStreetMap; lugares: OpenBible.info (CC BY 4.0).
Créditos e licença desta tradução
Common Language Bible Burmese: Common Language Bible Bible without Deuterocanon Public Domain Language: Mynmar language (Burmese) Translation by: Bible Society of Myanmar Burmese Common Language Bible This translation is published by the Bible Society of Myanmar. If you are interested in obtaining a printed copy, please contact the Bible Society of Myanmar at https://bsmyanmar.org/. © 2005 Bible Society of Myanmar. Note: Myanmar is not a member of the Berne Convention treaty, so this copyright does not extend outside of Myanmar. 2014-03-30
Fonte: http://ebible.org/mya/ · eBible.org