Josué 20
Common Language Bible · Toque num versículo para ver as referências cruzadas.
ခိုလှုံရာမြို့များ
1ထိုနောက်ထာဝရဘုရားသည်ယောရှုမှ တစ်ဆင့် ဣသရေလအမျိုးသားတို့အား၊- 2``ငါသည်မောရှေအားဖြင့်မိန့်မှာသည့် အတိုင်းခိုလှုံရာမြို့များကိုရွေးချယ် လော့။- 3တစ်စုံတစ်ယောက်အားမတော်တဆသတ်မိ သောသူသည် လက်စားချေမည့်သူ၏လက်မှ လွတ်မြောက်ရန် ထိုမြို့များသို့ထွက်ပြေး ခိုလှုံနိုင်စေရမည်။- 4သူသည်ထိုမြို့များအနက်တစ်မြို့မြို့သို့ ထွက်ပြေး၍ မြို့တံခါးဝတွင်ရှိသောတရား စီရင်ရာဌာနသို့သွားပြီးလျှင် မြို့၏အကြီး အကဲတို့အားဖြစ်ပျက်ခဲ့သမျှကိုရှင်းပြ ရမည်။ ထိုနောက်အကြီးအကဲတို့က ထိုသူ အားမြို့တွင်းသို့ဝင်ခွင့်ပြု၍သူနေထိုင် ရန်နေရာချပေးရမည်။- 5လက်စားချေရန်လိုက်လာသူသည်ထိုအရပ် သို့ရောက်ရှိလာလျှင်မြို့သူမြို့သားတို့က ထွက်ပြေးခိုလှုံသူအား ထိုသူ၏လက်သို့ မအပ်ရ။ သူသည်မိမိအမျိုးသားချင်းကို ရန်ငြိုးမရှိဘဲမတော်တဆသတ်မိသည် ဖြစ်သောကြောင့်သူ့အားအသက်ဘေးမှ ကာကွယ်ပေးရမည်။- 6သူသည်လူအပေါင်းတို့ရှေ့တွင်တရားစီရင် ခြင်းကိုခံပြီးသည်အထိထိုမြို့တွင်နေရ မည်။ အချင်းဖြစ်ပွားစဉ်အချိန်ကယဇ်ပုရော ဟိတ်မင်းဖြစ်သူအနိစ္စရောက်ပြီးနောက်မှသူ သည်ထွက်ပြေးခဲ့သောမိမိနေရင်းမြို့သို့ပြန် နိုင်သည်'' ဟုမိန့်တော်မူ၏။
7ထို့ကြောင့်သူတို့သည်ယော်ဒန်မြစ်အနောက် ဘက်တွင်နဿလိတောင်ကုန်းဒေသ၊ ဂါလိလဲ နယ်ရှိကေဒေရှမြို့၊ ဧဖရိမ်တောင်ကုန်းဒေသ ရှိရှေခင်မြို့၊ ယုဒတောင်ကုန်းဒေသရှိဟေဗြုန် မြို့တို့ကိုခိုလှုံရာမြို့များအဖြစ်ရွေးချယ် သတ်မှတ်ကြသည်။- 8ယော်ဒန်မြစ်အရှေ့ဘက်၊ ယေရိခေါမြို့အရှေ့ ရုဗင်နယ်မြေကုန်းပြင်မြင့်တောကန္တာရရှိ ဗေဇာမြို့၊ ဂဒ်နယ်မြေဂိလဒ်နယ်ရှိရာမုတ် မြို့၊ မနာရှေနယ်မြေ၊ ဗာရှန်နယ်ရှိဂေါလန် မြို့တို့ကိုခိုလှုံရာမြို့များအဖြစ်ရွေး ချယ်သတ်မှတ်ကြသည်။- 9ဣသရေလအမျိုးသားဖြစ်စေ၊ သူနှင့်အတူ နေထိုင်သောလူမျိုးခြားဖြစ်စေ၊ မတော်တဆ လူတစ်ဦးတစ်ယောက်ကိုသတ်မိသူသည်လက် စားချေမည့်သူ၏လက်မှလွတ်မြောက်ရန်နှင့် သူ့ အားလူပရိသတ်ရှေ့တွင်တရားမစီရင်ရ သေးမီသေစားမသေစေရန် ဤမြို့များကို ခိုလှုံရာမြို့များအဖြစ်ရွေးချယ်ကြ သတည်း။

Você sabia?
As cidades de refúgio
- As cidades de refúgio ofereciam abrigo a qualquer pessoa que causasse uma morte acidental, protegendo-a da retaliação do vingador do sangue. O fugitivo devia expor seu caso aos anciãos junto à porta da cidade e podia permanecer em segurança até ser julgado pela assembleia e até a morte do sumo sacerdote em exercício.Fontes: o próprio texto bíblico
- Seis cidades foram designadas por toda a região, divididas igualmente em três de cada lado do rio Jordão. Quedes, Siquém e Hebrom atendiam a região montanhosa a oeste do Jordão, enquanto Bezer, Ramote em Gileade e Golã em Basã serviam às tribos orientais.Fontes: o próprio texto bíblico · Hebron · Shechem · Kedesh
- A proteção jurídica oferecida pelas cidades de refúgio aplicava-se tanto aos israelitas nativos quanto aos estrangeiros que residiam entre eles.Fontes: o próprio texto bíblico
Notas escritas com auxílio de IA a partir de fontes abertas (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, domínio público) e revisadas antes de publicar.
Lugares deste capítulo
- Galilee · 32.760, 35.527 · versículo 7
- Hebron · Hoje: Tel Rumeida · 31.525, 35.102 · versículo 7
- Kedesh · Hoje: Tel Kedesh · 33.112, 35.530 · versículo 7
- Shechem · Hoje: Tell Balatah · 32.214, 35.282 · versículo 7
- Bashan · 32.781, 35.935 · versículo 8
- Gilead · Hoje: Gilead 1 · 32.187, 35.692 · versículo 8
- Jericho · Hoje: Tell es Sultan · 31.872, 35.445 · versículo 8
- Jordan · Hoje: Jordan River · 31.761, 35.558 · versículo 8
- Ramoth · Hoje: Tall er Rumeith · 32.500, 36.015 · versículo 8
Só aparecem lugares com identificação de alta confiança (90% ou mais segundo as fontes acadêmicas reunidas pelo OpenBible). Mapa da época: DARE (Digital Atlas of the Roman Empire), CC BY 4.0; mapa atual: © colaboradores do OpenStreetMap; lugares: OpenBible.info (CC BY 4.0).
Créditos e licença desta tradução
Common Language Bible Burmese: Common Language Bible Bible without Deuterocanon Public Domain Language: Mynmar language (Burmese) Translation by: Bible Society of Myanmar Burmese Common Language Bible This translation is published by the Bible Society of Myanmar. If you are interested in obtaining a printed copy, please contact the Bible Society of Myanmar at https://bsmyanmar.org/. © 2005 Bible Society of Myanmar. Note: Myanmar is not a member of the Berne Convention treaty, so this copyright does not extend outside of Myanmar. 2014-03-30
Fonte: http://ebible.org/mya/ · eBible.org