Josué 17
Common Language Bible · Toque num versículo para ver as referências cruzadas.
အနောက်မနာရှေ
1ယောသပ်၏သားဦးဖြစ်သောမနာရှေ၏ အဆက်အနွယ်မိသားစုအချို့တို့သည် လည်း ယော်ဒန်မြစ်အနောက်ဘက်ရှိနယ်မြေ တစ်စိတ်တစ်ဒေသကိုအပိုင်ရရှိကြလေ သည်။ ဂိလဒ်၏ဖခင်မာခိရသည်မနာရှေ ၏သားဦးဖြစ်သည်။ စစ်သူရဲကောင်းလည်း ဖြစ်သည်။ သို့ဖြစ်၍သူသည်ယော်ဒန်မြစ် အရှေ့ဘက်ရှိဂိလဒ်နယ်နှင့်ဗာရှန်နယ် တို့ကိုရရှိသည်။- 2ယော်ဒန်မြစ်အနောက်ဘက်နယ်မြေကိုမနာ ရှေမှဆင်းသက်သောကျန်မိသားစုများရ ရှိကြသည်။ ယင်းမိသားစုတို့မှာအဗျေဇာ မိသားစု၊ ဟေလက်မိသားစု၊ အသရေလ မိသားစု၊ ရှေခင်မိသားစု၊ ဟေဖာမိသား စုနှင့်ရှမိဒမိသားစုတို့ဖြစ်ကြသည်။- 3မနာရှေ၏တီ၊ မာခိရ၏မြစ်၊ ဂိလဒ်၏မြေး၊ ဟေဖာ၏သား၊ ဇလောဖဒ်တွင်သားယောကျာ်း မရှိ၊ သမီးများသာရှိသည်။ ထိုသမီးတို့ ၏နာမည်များမှာမာလာ၊ နောအာ၊ ဟော ဂလာ၊ မိလကာနှင့်တိရဇာဟူ၍ဖြစ်၏။- 4သူတို့သည်ယဇ်ပုရောဟိတ်ဧလာဇာ၊ နုန်၏ သားယောရှုနှင့်ခေါင်းဆောင်တို့ထံသို့ချဉ်း ကပ်၍``ကျွန်မတို့အားလည်းကောင်း၊ ကျွန်မ တို့၏ဆွေမျိုးသားချင်းဖြစ်သူအမျိုးသား တို့အားလည်းကောင်း ပိုင်ဆိုင်ရန်မြေပေးရ မည်ဟုထာဝရဘုရားသည်မောရှေကို မိန့်မှာခဲ့ပါသည်'' ဟုလျှောက်ထားသဖြင့် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း သူတို့သည်သူတို့၏ဆွေမျိုးသားချင်းဖြစ် သူအမျိုးသားများနည်းတူမြေကိုရရှိ ကြသည်။- 5သို့ဖြစ်၍မနာရှေအနွယ်သည်ယော်ဒန်မြစ် အရှေ့ဘက်တွင် ဂိလဒ်နယ်နှင့်ဗာရှန်နယ် များအပြင်ဝေစုဆယ်စုကိုရရှိလေသည်။ 6မနာရှေအနွယ်အမျိုးသမီးနှင့် အမျိုးသား များပါနယ်မြေများကိုရရှိကြသဖြင့် ကျန် ရှိသောအခြားမနာရှေအဆက်အနွယ်တို့ သည်ဂိလဒ်နယ်ကိုရရှိကြလေသည်။
7မနာရှေနယ်မြေ၏နယ်နိမိတ်သည်အာရှာ နယ်မြေမှ ရှေခင်မြို့အရှေ့တွင်တည်ရှိသော မိတ်မေသမြို့အထိရောက်သည်။ ထိုနောက် နယ်နိမိတ်သည်တောင်ဘက်သို့ဖြတ်သွား ရာအင်တာပွာမြို့တွင် နေထိုင်သူများလည်း ပါဝင်လေသည်။- 8အင်တာပွာမြို့သည်မနာရှေပိုင်နယ်မြေ အတွင်းပါရှိသော်လည်း မြို့ပတ်လည်တွင် တည်ရှိသောမြေမူကားဧဖရိမ်နယ်မြေ အတွင်း၌ရှိ၏။- 9ထိုနောက်နယ်နိမိတ်သည်ကာနချောင်းဘက် သို့ဆင်းလာသည်။ ထိုချောင်းတောင်ဘက်ရှိ မြို့များသည်မနာရှေပိုင်နယ်မြေအတွင်း ၌တည်ရှိသော်လည်း ဧဖရိမ်အနွယ်ကပိုင် သည်။ မနာရှေနယ်မြေနယ်နိမိတ်သည်ကာန ချောင်းမြောက်ဘက်တစ်လျှောက်သွားပြီးလျှင် မြေထဲပင်လယ်တွင်အဆုံးသတ်သည်။- 10ဧဖရိမ်နယ်မြေသည်ချောင်းတောင်ဘက်တွင် တည်ရှိ၍ မနာရှေနယ်မြေသည်ချောင်းမြောက် ဘက်တွင်တည်ရှိ၏။ မြေထဲပင်လယ်သည်ထို နယ်မြေနှစ်ခု၏အနောက်နယ်နိမိတ်ဖြစ် သည်။ အနောက်မြောက်ဘက်တွင်အာရှာနယ် မြေတည်ရှိ၍အရှေ့မြောက်ဘက်တွင် ဣသခါနယ်မြေတည်ရှိလေသည်။- 11မနာရှေအနွယ်သည်ဣသခါနှင့်အာရှာ နယ်မြေများအတွင်း၌တည်ရှိသောဗက်ရှန် မြို့၊ ဣဗလံမြို့နှင့်ပတ်ဝန်းကျင်ရှိမြို့များ အပြင်ဒေါရမြို့(ပင်လယ်ကမ်းခြေတွင်တည် ရှိသည်) အင်္ဒေါရမြို့၊ တာနက်မြို့၊ မေဂိဒ္ဒေါမြို့ နှင့်ပတ်ဝန်းကျင်ရှိမြို့များကိုပိုင်လေသည်။- 12မနာရှေအနွယ်သည်ထိုမြို့များတွင်နေ ထိုင်သောခါနာန်အမျိုးသားတို့ကိုမနှင် ထုတ်နိုင်သဖြင့် သူတို့သည်ထိုအရပ် များတွင်ဆက်လက်နေထိုင်ကြသည်။- 13ဣသရေလအမျိုးသားတို့သည်အင်အား ကြီးလာသော်လည်း ခါနာန်အမျိုးသား အားလုံးတို့ကိုမနှင်ထုတ်ဘဲမိမိတို့ ထံ၌အစေခံစေကြ၏။
ဧဖရိမ်နှင့်အနောက်မနာရှေတို့က မြေယာပိုတောင်းခြင်း
14ယောသပ်၏အဆက်အနွယ်ဝင်တို့က ယောရှု အား``ထာဝရဘုရားသည်အကျွန်ုပ်တို့အား ကောင်းချီးမင်္ဂလာချပေးတော်မူသဖြင့် လူ ဦးရေအလွန်များပြားလာပါသည်။ ကိုယ် တော်သည်အဘယ်ကြောင့်အကျွန်ုပ်တို့အား မြေဝေစုတစ်စုတည်းကိုသာပေးပါသ နည်း'' ဟုမေးလျှောက်ကြ၏။
15ယောရှုက``သင်တို့တွင်လူဦးရေတိုးပွား များပြားသဖြင့် ဧဖရိမ်အတွက်ပေးသော တောင်ကုန်းဒေသသည်ကျဉ်းမြောင်းလျှင် ဖေရဇိနှင့်ရေဖိမ်အမျိုးသားများနေ ထိုင်ရာအရပ်ရှိတောများကိုခုတ်ထွင်၍ နေထိုင်ကြလော့'' ဟုပြန်ဖြေ၏။
16ထိုအခါသူတို့က``တောင်ကုန်းဒေသသည် အကျွန်ုပ်တို့နေထိုင်ရန်အတွက်ကျဉ်းမြောင်း ပါသည်။ ဗက်ရှန်နှင့်ပတ်ဝန်းကျင်မြို့များ အနီးရှိမြေပြန့်၌လည်းကောင်း၊ ယေဇရေ လချိုင့်ဝှမ်း၌လည်းကောင်းနေထိုင်သော ခါနာန်အမျိုးသားများတွင်သံစစ်ရထား များရှိကြပါသည်'' ဟုလျှောက်ဆိုကြ၏။
17ယောရှုကဧဖရိမ်နှင့် အနောက်မနာရှေ အနွယ်ဝင်တို့အား``သင်တို့သည်စင်စစ် အားဖြင့်လူဦးရေများပြား၍ခွန်အား ကြီးကြ၏။ သို့ဖြစ်၍သင်တို့သည်ဝေစု တစ်စုထပ်မံ၍ရစေမည်။- 18တောင်ကုန်းဒေသကိုသင်တို့အားပေးမည်။ ထိုဒေသသည်သစ်တောဖြစ်သော်လည်း သင် တို့သည်တောကိုခုတ်ထွင်၍တစ်စွန်းမှတစ် စွန်းအထိနေထိုင်လော့။ ခါနာန်အမျိုးသား တို့တွင်သံစစ်ရထားများရှိ၍အင်အား ကောင်းသော်လည်းသင်တို့သည်သူတို့ကို နှင်ထုတ်နိုင်ကြလိမ့်မည်'' ဟုပြောဆို၏။

Você sabia?
A herança de Manassés e da casa de José
- A tribo de Manassés foi dividida geograficamente em ambos os lados do rio Jordão. Como o clã de Maquir era conhecido por sua valentia militar, eles já haviam recebido as regiões orientais de Gileade e Basã, enquanto os outros clãs receberam dez porções a oeste do Jordão.Fontes: o próprio texto bíblico · Machir · Gilead · Bashan
- As filhas de Zelofeade — Macla, Noa, Hogla, Milca e Tirza — apresentaram-se diante de Josué e do sacerdote Eleazar para reivindicar a herança concedida por ordem do Senhor a Moisés. Isso garantiu que elas recebessem porções de terra juntamente com os irmãos de seu pai.Fontes: o próprio texto bíblico · Hepher · Machir
- Quando as tribos da casa de José reclamaram que o território designado era pequeno demais, Josué os encorajou a desbravar as florestas das montanhas em vez de temerem os cananeus dos vales, que possuíam carros de ferro em cidades como Bete-Seã.Fontes: o próprio texto bíblico · Joshua · Beth-shean
Notas escritas com auxílio de IA a partir de fontes abertas (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, domínio público) e revisadas antes de publicar.
Lugares deste capítulo
- Bashan · 32.781, 35.935 · versículos 1, 5
- Gilead · Hoje: Gilead 1 · 32.187, 35.692 · versículos 1, 5, 6
- Jordan · Hoje: Jordan River · 31.761, 35.558 · versículos 1, 2, 5
- Shechem · Hoje: Tell Balatah · 32.214, 35.282 · versículo 7
- Great Sea · Hoje: Mediterranean Sea · 31.805, 34.170 · versículos 9, 10
- Megiddo · Hoje: Tel Megiddo · 32.585, 35.184 · versículo 11
- Taanach · Hoje: Tell Ta’anakh · 32.522, 35.219 · versículo 11
- Valley of Jezreel · Hoje: Jezreel Valley · 32.596, 35.242 · versículo 16
Só aparecem lugares com identificação de alta confiança (90% ou mais segundo as fontes acadêmicas reunidas pelo OpenBible). Mapa da época: DARE (Digital Atlas of the Roman Empire), CC BY 4.0; mapa atual: © colaboradores do OpenStreetMap; lugares: OpenBible.info (CC BY 4.0).
Créditos e licença desta tradução
Common Language Bible Burmese: Common Language Bible Bible without Deuterocanon Public Domain Language: Mynmar language (Burmese) Translation by: Bible Society of Myanmar Burmese Common Language Bible This translation is published by the Bible Society of Myanmar. If you are interested in obtaining a printed copy, please contact the Bible Society of Myanmar at https://bsmyanmar.org/. © 2005 Bible Society of Myanmar. Note: Myanmar is not a member of the Berne Convention treaty, so this copyright does not extend outside of Myanmar. 2014-03-30
Fonte: http://ebible.org/mya/ · eBible.org