Jeremias 28
Common Language Bible · Toque num versículo para ver as referências cruzadas.
ယေရမိနှင့်ပရောဖက်ဟာနနိ
1ထိုနှစ်တည်းဟူသောဇေဒကိမင်းနန်းစံ စတုတ္ထနှစ်ပဉ္စမလ၌အာဇုရ၏သား ဂိဘောင်မြို့နေပရောဖက်ဟာနနိသည် ယေရမိအားဗိမာန်တော်ထဲတွင်ယဇ်ပုရော ဟိတ်များနှင့်ပြည်သူတို့၏ရှေ့၌၊- 2ဣသရေလအမျိုးသားတို့၏ဘုရားသခင်အနန္တတန်ခိုးရှင်ထာဝရဘုရား က``ငါသည်ဗာဗုလုန်မင်း၏အာဏာ တန်ခိုးကိုချိုးနှိမ်တော်မူပြီ။- 3ဤဗိမာန်တော်မှာဗာဗုလုန်မြို့သို့နေဗုခဒ် နေဇာမင်းသိမ်းယူသွားသောဘဏ္ဍာမှန်သမျှ ကို နှစ်နှစ်အတွင်းဤဌာနတော်သို့ငါပြန် လည်ယူဆောင်လာမည်။- 4ငါသည်ယောယကိမ်၏သားယုဒဘုရင် ယေခေါနိကိုလည်း ယုဒပြည်မှဗာဗုလုန် မြို့သို့လိုက်ပါသွားရကြသည့်သုံ့ပန်းများ နှင့်အတူပြန်လည်ခေါ်ဆောင်ခဲ့မည်။ ဗာဗု လုန်မင်း၏အာဏာတန်ခိုးကိုအမှန်ပင် ငါချိုးနှိမ်တော်မူမည်။ ဤကားငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏'' ဟု မိန့်တော်မူကြောင်းပြောကြားလေ၏။
5ထိုအခါငါသည်ပရောဖက်ဟာနနိအား ဗိမာန်တော်ထဲတွင်ရပ်လျက်နေသော ယဇ်ပု ရောဟိတ်များနှင့်ပြည်သူအပေါင်းတို့၏ ရှေ့၌၊- 6``သင်ပြောသည့်အတိုင်းပင်ဖြစ်ပါစေသော။ ထာဝရဘုရားသည် ဤအတိုင်းပင်ပြုတော် မူလိမ့်မည်ဟုလည်းငါမျှော်လင့်ပါ၏။ ကိုယ် တော်သည်သင်၏ဟောကြားချက်များကို အကောင်အထည်ပေါ်စေတော်မူလိမ့်မည် ဟူ၍လည်းကောင်း၊ ဗာဗုလုန်မြို့သို့သိမ်း ယူသွားသောဗိမာန်တော်ဘဏ္ဍာများနှင့် သုံ့ပန်းအဖြစ်ဖမ်းဆီးသွားသည့်သူ အပေါင်းတို့အား ပြန်လည်ခေါ်ဆောင်လာ တော်မူလိမ့်မည်ဟူ၍လည်းကောင်းငါ မျှော်လင့်ပါ၏။- 7သို့ရာတွင်သင်နှင့်တကွပြည်သူအပေါင်း တို့အား ငါပြောဆိုသည့်စကားကိုနား ထောင်လော့။- 8သင်နှင့်ငါတို့၏ခေတ်မတိုင်မီရှေးအခါ၌ ဟောကြားခဲ့သောပရောဖက်များကလူမျိုး တကာတို့သည်လည်းကောင်း၊ တန်ခိုးကြီး သောနိုင်ငံများသည်လည်းကောင်း၊ စစ်မက် အန္တရာယ်၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးနှင့် အနာရောဂါဘေးသင့်ကြရလိမ့်မည်ဟု ဖော်ပြခဲ့ကြ၏။- 9သို့ရာတွင်ငြိမ်းချမ်းသာယာမှုရှိလိမ့်မည် ဟုကြိုတင်ဟောကြားသည့်ပရောဖက်ကို မူ သူ၏စကားမှန်လျက်နေသည်ကိုတွေ့ရှိ ရသောအခါမှသာလျှင် သူသည်ထာဝရ ဘုရားအမှန်ပင်စေလွှတ်တော်မူသော ပရောဖက်ဖြစ်ကြောင်းအသိအမှတ် ပြုနိုင်ပါလိမ့်မည်'' ဟုဆို၏။
10ထိုအခါဟာနနိသည်ငါ၏လည်ဂုတ် ပေါ်မှထမ်းပိုးကိုဖြုတ်ယူ၍ အပိုင်းပိုင်း ချိုးပစ်ပြီးလျှင်၊- 11လူအပေါင်းတို့၏ရှေ့၌ငါ့အား``လူမျိုးတကာ တို့အပေါ်သို့နေဗုခဒ်နေဇာမင်းတင်သော ထမ်းပိုးကို ဤနည်းအတိုင်းပင်ချိုးပစ်တော် မူမည်။ နှစ်နှစ်အတွင်းဤအမှုကိုဖြစ်ပွား စေတော်မူမည်ဟု ထာဝရဘုရားမိန့်တော် မူပါ၏'' ဟုပြော၏။ ထိုအခါငါသည် ထွက်ခွာခဲ့၏။
12ကာလအနည်းငယ်ကြာသောအခါ ထာဝရဘုရားသည်ငါ့အား၊- 13ဟာနနိထံသို့သွား၍``သင်သည်သစ်သားထမ်း ပိုးကိုချိုးပစ်နိုင်စွမ်းရှိသော်လည်း ကိုယ်တော် သည်သံထမ်းပိုးဖြင့်အစားထိုးတော်မူမည်။- 14ဣသရေလအမျိုးသားတို့၏ဘုရားသခင် အနန္တတန်ခိုးရှင်ထာဝရဘုရားသည် လူမျိုး တကာတို့အပေါ်သို့သံထမ်းပိုးကိုတင် တော်မူမည်ဖြစ်၍ ထိုသူတို့သည်ဗာဗုလုန် ဘုရင်နေဗုခဒ်နေဇာ၏အစေကိုခံရကြ လိမ့်မည်ဟုမိန့်တော်မူလေပြီ။ ထာဝရဘုရား ကတောတိရစ္ဆာန်များအားပင်လျှင်နေဗုခဒ် နေဇာ၏အစေကိုခံစေမည်ဟုမိန့်တော်မူ လေပြီ'' ဟုပြောကြားရန်စေခိုင်းတော်မူ၏။- 15ထိုနောက်ငါသည်ဟာနနိအား``ဟာနနိ၊ နားထောင်လော့။ ထာဝရဘုရားသည်သင့် အားစေလွှတ်တော်မူသည်မဟုတ်။ သင်သည် ဤပြည်သူတို့အားမုသားစကားကို ယုံကြည်အောင်ပြုလျက်နေသည်ဖြစ်၍၊- 16သင့်အားဖယ်ရှားပစ်တော်မူမည်ဖြစ်ကြောင်း ထာဝရဘုရားကိုယ်တော်တိုင်မိန့်တော်မူ လေပြီ။ သင်သည်ပြည်သူတို့အား ထာဝရ ဘုရားကိုပုန်ကန်ရန်လှုံ့ဆော်ပြောဆိုသည် ဖြစ်၍ဤနှစ်မကုန်မီသေရလိမ့်မည်'' ဟု ဆို၏။
17ပရောဖက်ဟာနနိသည်ထိုနှစ်သတ္တမလ ၌ပင်သေဆုံးသွားလေသည်။

Você sabia?
Jeremias e o falso profeta Hananias
- Hananias, filho de Azur da cidade benjamita de Gibeom, confrontou publicamente Jeremias no templo de Jerusalém durante o quarto ano do rei Zedequias. Ele profetizou que, dentro de dois anos, Deus quebraria o jugo da Babilônia, devolveria os utensílios do templo e traria de volta o rei Jeconias e os exilados.Fontes: o próprio texto bíblico · Gibeon · Zedekiah · Jehoiachin
- Jeremias usava um jugo de madeira no pescoço como sinal físico da submissão ao rei Nabucodonosor da Babilônia. Depois que Hananias retirou o jugo e o quebrou diante dos sacerdotes e do povo, Deus anunciou por meio de Jeremias que o jugo de madeira quebrado seria substituído por um pesado jugo de ferro sobre as nações.Fontes: o próprio texto bíblico · Jeremiah · Nebuchadnezzar
- Jeremias advertiu Hananias de que o Senhor não o havia enviado e que ele havia feito o povo confiar em mentiras. Por ter pregado rebeldia contra Deus, Hananias foi avisado de que morreria naquele mesmo ano, vindo a falecer dois meses depois, no sétimo mês.Fontes: o próprio texto bíblico · Hananiah · Jeremiah
Notas escritas com auxílio de IA a partir de fontes abertas (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, domínio público) e revisadas antes de publicar.
Lugares deste capítulo
- Gibeon · Hoje: El Jib · 31.847, 35.183 · versículo 1
- Babylon · 32.543, 44.422 · versículos 2, 3, 4, 6, 11, 14
Só aparecem lugares com identificação de alta confiança (90% ou mais segundo as fontes acadêmicas reunidas pelo OpenBible). Mapa da época: DARE (Digital Atlas of the Roman Empire), CC BY 4.0; mapa atual: © colaboradores do OpenStreetMap; lugares: OpenBible.info (CC BY 4.0).
Créditos e licença desta tradução
Common Language Bible Burmese: Common Language Bible Bible without Deuterocanon Public Domain Language: Mynmar language (Burmese) Translation by: Bible Society of Myanmar Burmese Common Language Bible This translation is published by the Bible Society of Myanmar. If you are interested in obtaining a printed copy, please contact the Bible Society of Myanmar at https://bsmyanmar.org/. © 2005 Bible Society of Myanmar. Note: Myanmar is not a member of the Berne Convention treaty, so this copyright does not extend outside of Myanmar. 2014-03-30
Fonte: http://ebible.org/mya/ · eBible.org