Nations Bible

1 Reis 5

Common Language Bible · Toque num versículo para ver as referências cruzadas.

ဗိ​မာန်​တော်​ဆောက်​လုပ်​ရန်​ရှော​လ​မုန်​ပြင်​ဆင်​ခြင်း

1တု​ရု​ဘု​ရင်​ဟိ​ရံ​သည် ဒါ​ဝိဒ်​မင်း​၏​အ​ဆွေ တော်​အ​ဖြစ်​နှင့်​အ​စဉ်​နေ​ထိုင်​ခဲ့​သူ​ဖြစ်​၏။ ထို့​ကြောင့်​ခ​မည်း​တော်​ဒါ​ဝိဒ်​၏​အ​ရိုက်​အ​ရာ ကို​ရှော​လ​မုန်​ဆက်​ခံ​၍ နန်း​တက်​သည့်​အ​ကြောင်း ကို​ကြား​သိ​သော​အ​ခါ​သံ​တ​မန်​များ​ကို ရှော​လ​မုန်​ထံ​သို့​စေ​လွှတ်​လေ​သည်။- 2ရှော​လ​မုန်​သည်​ဟိ​ရံ​အား``ကျွန်ုပ်​ခ​မည်း တော်​ဒါ​ဝိဒ်​သည် မိ​မိ​ပတ်​လည်​ရှိ​ရန်​သူ နိုင်​ငံ​များ​ကို​အ​မြဲ​တ​စေ​တိုက်​ခိုက်​လျက် နေ​ရ​သ​ဖြင့် သူ​၏​ဘု​ရား​သ​ခင်​ထာ​ဝရ ဘု​ရား​ကို​ဝတ်​ပြု​ရန်​အ​တွက် ဗိ​မာန်​တော် ကို​မ​တည်​မ​ဆောက်​နိုင်​ခဲ့​ကြောင်း​အ​ဆွေ တော်​သိ​ပါ​၏။ သူ​၏​ရန်​သူ​အ​ပေါင်း​တို့ အား ထာ​ဝ​ရ​ဘု​ရား​မ​နှိမ်​နင်း​မ​ချင်း သူ​သည်​ဗိ​မာန်​တော်​ကို​မ​တည်​မ​ဆောက် နိုင်​ပါ။- 4သို့​ရာ​တွင်​ယ​ခု​အ​ခါ​၌​ကျွန်ုပ်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ပတ်​ဝန်း​ကျင် အ​ရပ်​ရပ်​၌​ငြိမ်း​ချမ်း​သာ​ယာ​မှု​ကို​ပေး တော်​မူ​ပါ​ပြီ။ ကျွန်ုပ်​မှာ​ရန်​သူ​မ​ရှိ​ပါ။ ရန် သူ​တိုက်​ခိုက်​မည့်​အန္တ​ရာယ်​လည်း​မ​ရှိ​ပါ။- 5ထာ​ဝ​ရ​ဘု​ရား​က​ကျွန်ုပ်​၏​ခ​မည်း​တော် အား`သင့်​နောက်​၌​ငါ​မင်း​မြှောက်​မည့်​သူ​သင် ၏​သား​သည် ငါ့​အ​တွက်​ဗိ​မာန်​တော်​ကို တည်​ဆောက်​လိမ့်​မည်' ဟု​က​တိ​ထား​တော် မူ​ခဲ့​ပါ​၏။ ကျွန်ုပ်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အား​ကိုး​ကွယ်​ဝတ်​ပြု​ရန်​အ​တွက် ထို​ဗိ​မာန်​တော်​ကို​တည်​ဆောက်​ရန်​ယ​ခု ကျွန်ုပ်​စိတ်​ပိုင်း​ဖြတ်​လိုက်​ပါ​ပြီ။- 6သို့​ဖြစ်​၍​ကျွန်ုပ်​အ​တွက်​သစ်​က​တိုး​ပင် များ​ကို​ခုတ်​လှဲ​ပေး​ရန် လေ​ဗ​နုန်​တော​သို့ အ​ဆွေ​တော်​၏​လူ​တို့​ကို​စေ​လွှတ်​ပေး​စေ လို​ပါ​သည်။ ကျွန်ုပ်​အ​စေ​ခံ​များ​သည်​လည်း ကူ​ညီ​စေ​ပါ​မည်။ အ​ဆွေ​တော်​ဆုံး​ဖြတ် သည့်​အ​ခ​ကြေး​ငွေ​ကို​ကျွန်ုပ်​ပေး​ပါ​မည်။ အ​ဆွေ​တော်​သိ​သည့်​အ​တိုင်း ကျွန်ုပ်​၏​လူ တို့​သည်​အ​ဆွေ​တော်​၏​လူ​တို့​ကဲ့​သို့​သစ် ခုတ်​မှု​တွင်​မ​ကျွမ်း​ကျင်​ကြ​ပါ'' ဟု​မှာ ကြား​လိုက်​၏။

7ရှော​လ​မုန်​မင်း​မှာ​ကြား​သော​စ​ကား​ကို ကြား​ရ​သော​အ​ခါ ဟိ​ရံ​မင်း​သည်​လွန်​စွာ အား​ရ​နှစ်​သက်​သ​ဖြင့်``ဤ​သို့​ကြီး​မား​သည့် နိုင်​ငံ​တော်​ကို​အုပ်​စိုး​ရန်​အ​တွက် ဒါ​ဝိဒ် အား​ဤ​မျှ​ပ​ညာ​ရှိ​သော​သား​ကို​ပေး​တော် မူ​သော​ထာ​ဝ​ရ​ဘု​ရား​အား ယ​နေ့​ထော မ​နာ​ပြု​ကြ​လော့'' ဟု​မြွက်​ဆို​တော်​မူ​၏။- 8ထို​နောက်​ဟိ​ရံ​သည် ရှော​လ​မုန်​ထံ​သို့``အ​ဆွေ တော်​ပေး​ပို့​သော​အ​မှာ​တော်​စ​ကား​ကို​ကြား သိ​ပါ​ပြီ။ ကျွန်ုပ်​သည်​အ​ဆွေ​တော်​မှာ​ကြား လိုက်​သည့်​အ​တိုင်း​ဆောင်​ရွက်​ရန်​အ​သင့်​ရှိ ပါ​၏။ အ​ဆွေ​တော်​၏​ထံ​သို့​သစ်​က​တိုး နှင့်​ထင်း​ရှူး​သစ်​များ​ကို​ပေး​ပို့​လိုက်​ပါ မည်။- 9ကျွန်ုပ်​၏​လူ​တို့​သည်​သစ်​လုံး​များ​ကို​လေ ဗ​နုန်​တောင်​မှ​ပင်​လယ်​ကမ်း​ခြေ​အ​ထိ​ယူ ဆောင်​ကာ​ဖောင်​ဖွဲ့​၍ အ​ဆွေ​တော်​အ​လို​ရှိ ရာ​ဆိပ်​ကမ်း​သို့​မျှော​ချ​ပေး​ပါ​မည်။ သူ တို့​သည်​ထို​ဆိပ်​ကမ်း​တွင်​ဖောင်​များ​ကို ဖျက်​၍ သစ်​လုံး​များ​ကို​အ​ဆွေ​တော်​၏​လူ တို့​အား​ပေး​အပ်​ကြ​ပါ​မည်။ အ​ဆွေ​တော် အ​နေ​ဖြင့်​ကျွန်ုပ်​၏​လူ​များ​အ​တွက်​စား နပ်​ရိက္ခာ​ကို​ထောက်​ပံ့​စေ​လို​ပါ​သည်'' ဟု ပြန်​ကြား​လိုက်​၏။

10ထို့​ကြောင့်​ဟိ​ရံ​က​ရှော​လ​မုန်​လို​သ​မျှ သော သစ်​က​တိုး​နှင့်​ထင်း​ရှူး​သစ်​ကို​ပေး​ပို့​၍၊- 11ရှော​လ​မုန်​က​လည်း​ဟိ​ရံ​၏​လူ​များ​စား​သုံး ရန်​အ​တွက် တစ်​နှစ်​လျှင်​ဂျုံ​ဆန်​တင်း​တစ်​သိန်း နှင့်​သံ​လွင်​ဆီ​အ​စစ်​ဂါ​လံ​တစ်​သိန်း​တစ် သောင်း​ကို​ပေး​ပို့​လေ​သည်။

12ထာ​ဝရ​ဘု​ရား​သည်​က​တိ​တော်​ရှိ​သည့်​အ​တိုင်း ရှော​လ​မုန်​အား​ဉာဏ်​ပ​ညာ​ကို​ပေး​တော်​မူ​၏။ ဟိ​ရံ​နှင့်​ရှော​လ​မုန်​တို့​သည်​ငြိမ်း​ချမ်း​စွာ နေ​ထိုင်​လျက် မ​ဟာ​မိတ်​စာ​ချုပ်​ချုပ်​ဆို​ကြ လေ​သည်။

13ရှော​လ​မုန်​သည်​ဣသ​ရေ​လ​ပြည်​တစ်​ပြည်​လုံး မှ လူ​သုံး​သောင်း​ကို​ချွေး​တပ်​သား​အ​ဖြစ်​ဖြင့် ဆင့်​ခေါ်​တော်​မူ​ပြီး​လျှင်၊- 14အ​ဒေါ​နိ​ရံ​အား​သူ​တို့​ကို​အုပ်​ချုပ်​စေ​တော် မူ​၏။ မင်း​ကြီး​သည်​ထို​သူ​တို့​အား​လူ​တစ် သောင်း​စီ​အ​ဖွဲ့​သုံး​ဖွဲ့​ဖွဲ့​တော်​မူ​၍ တစ်​ဖွဲ့​ကို တစ်​လ​ကျ​လေ​ဗ​နုန်​တောင်​သို့​စေ​လွှတ်​ပြီး လျှင် နှစ်​လ​မျှ​အိမ်​သို့​ပြန်​၍​နေ​ထိုင်​ခွင့်​ပြု တော်​မူ​၏။- 15ရှော​လ​မုန်​သည်​ကျောက်​ဆစ်​ရန်​လူ​ရှစ်​သောင်း ကို​လည်း​ကောင်း၊ ကျောက်​သယ်​မည့်​သူ​လူ​ခု​နစ် သောင်း​နှင့်​အ​တူ​တောင်​ပေါ်​ဒေ​သ​သို့​စေ လွှတ်​တော်​မူ​၏။- 16ထို့​နောက်​မင်း​ကြီး​သည်​ထို​သူ​တို့​၏​အ​လုပ် ကို​ကြီး​ကြပ်​သူ လူ​သုံး​ထောင်​သုံး​ရာ​ကို​ခန့် ထား​တော်​မူ​၏။- 17ရှော​လ​မုန်​မင်း​၏​အ​မိန့်​တော်​အ​ရ​ထို ချွေး​တပ်​သား​တို့​သည် ဗိ​မာန်​တော်​တိုက်​မြစ် အ​တွက်​ကျောက်​တုံး​ကြီး​များ​ကို​ဆစ်​ရ ကြ​၏။- 18ရှော​လ​မုန်​၏​အ​လုပ်​သ​မား​များ​နှင့်​ဟိ​ရံ​၏ အ​လုပ်​သ​မား​များ​သည်​ဗိ​မာန်​တော်​ဆောက်​လုပ် ရန်​အ​တွက် ဂေ​ဗာ​လ​မြို့​သား​များ​နှင့်​အ​တူ ကျောက်​များ​နှင့်​သစ်​များ​ကို​ပြင်​ဆင်​ကြ လေ​သည်။

Ilustração artística — interpretação, não registro histórico.

Você sabia?

Preparativos para o Templo

  • O rei Hirão de Tiro, uma importante cidade marítima fenícia, manteve relações pacíficas com Davi e firmou um tratado com Salomão. Em troca de madeira de cedro e cipreste do Líbano transportada pelo mar em jangadas, Salomão fornecia anualmente à corte de Hirão grandes quantidades de trigo e azeite puro de oliva.Fontes: Hiram · Tyre · o próprio texto bíblico
  • Para preparar os materiais do templo, Salomão recorreu à habilidade técnica dos sidônios no corte de madeira. Construtores de Tiro e de Gebal — uma antiga cidade costeira fenícia chamada pelos gregos de Biblos — trabalharam ao lado dos israelitas para lavrar grandes pedras aparelhadas e preparar as vigas.Fontes: Gebal · o próprio texto bíblico
  • Salomão organizou uma enorme força de trabalho para o projeto, convocando 30.000 israelitas que serviam no Líbano em turnos rotativos de 10.000 homens por mês sob a supervisão de Adonirão. Além disso, 70.000 carregadores e 80.000 cortadores de pedra trabalhavam nas montanhas, supervisionados por 3.300 chefes.Fontes: Adoniram · o próprio texto bíblico

Notas escritas com auxílio de IA a partir de fontes abertas (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, domínio público) e revisadas antes de publicar.

Lugares deste capítulo

  • Tyre · 33.271, 35.196 · versículo 1
  • Lebanon · 33.540, 35.584 · versículos 6, 9, 14
  • Great Sea · Hoje: Mediterranean Sea · 31.805, 34.170 · versículo 9
  • Gebal · Hoje: Byblos · 34.119, 35.646 · versículo 18

Só aparecem lugares com identificação de alta confiança (90% ou mais segundo as fontes acadêmicas reunidas pelo OpenBible). Mapa da época: DARE (Digital Atlas of the Roman Empire), CC BY 4.0; mapa atual: © colaboradores do OpenStreetMap; lugares: OpenBible.info (CC BY 4.0).

Créditos e licença desta tradução
Common Language Bible
Burmese: Common Language Bible Bible without Deuterocanon
Public Domain
Language: Mynmar language (Burmese)
Translation by: Bible Society of Myanmar
Burmese Common Language Bible
This translation is published by the Bible Society of Myanmar.
If you are interested in obtaining a printed copy, please contact the Bible Society of Myanmar at https://bsmyanmar.org/.
© 2005 Bible Society of Myanmar. Note: Myanmar is not a member of the Berne Convention treaty, so this copyright does not extend outside of Myanmar.
2014-03-30

Fonte: http://ebible.org/mya/ · eBible.org

Fale com a gente

Conte de onde você lê, como a Bíblia tem te ajudado ou o que podemos melhorar. Lemos todas as mensagens.