Nations Bible

1 Coríntios 13

Common Language Bible · Toque num versículo para ver as referências cruzadas.

မေတ္တာ

1ငါ​သည်​လူ​ဘာ​သာ​စ​ကား​များ​နှင့်​ကောင်း​ကင် တ​မန်​ဘာ​သာ​စ​ကား​များ​ကို​ပြော​နိုင်​သော် လည်း မေတ္တာ​မ​ရှိ​လျှင်​ပဲ့​တင်​ခတ်​သည့်​မောင်း ကဲ့​သို့​လည်း​ကောင်း၊ အ​သံ​မြည်​သည့်​လင်း ကွင်း​ကဲ့​သို့​လည်း​ကောင်း​ဖြစ်​၏။- 2ငါ​သည်​ဗျာ​ဒိတ်​တော်​အား​ဖြင့်​ဟော​ပြော​နိုင် သော်​လည်း​ကောင်း၊ နက်​နဲ​သော​အ​ရာ​ရှိ​သ​မျှ နှင့်​အ​တတ်​ပ​ညာ​ရှိ​သ​မျှ​တို့​ကို​နား​လည် တတ်​ကျွမ်း​သော်​လည်း​ကောင်း၊ တောင်​များ​ကို ရွှေ့​ပြောင်း​နိုင်​သည့်​ယုံ​ကြည်​ခြင်း​ရှိ​သော် လည်း​ကောင်း​မေတ္တာ​မ​ရှိ​လျှင်​အ​ချည်း​နှီး ပင်​ဖြစ်​၏။- 3ငါ​၏​ဥစ္စာ​ရှိ​သ​မျှ​ကို​ပေး​ကမ်း​စွန့်​ကြဲ​သည် သာ​မ​က​ကိုယ်​ခန္ဓာ​ကို​မီး​ဖြင့်​ပူ​ဇော်​သော် လည်း​မေတ္တာ​မ​ရှိ​လျှင်​ငါ​၌​အ​ကျိုး​မ​ရှိ။

4မေတ္တာ​သည်​သည်း​ခံ​တတ်​၏။ ကြင်​နာ​သ​နား တတ်​၏။ မ​နာ​လို​စိတ်​မ​ရှိ။ မေတ္တာ​သည်​ကြွား​ဝါ မှု​မ​ရှိ။ မာန်​မာ​န​မ​ရှိ။- 5မ​လျောက်​ပတ်​သည့်​အ​မှု​ကို​မ​ပြု​တတ်။ ကိုယ် ကျိုး​ကို​မ​ရှာ​တတ်။ ဒေါ​သ​အ​မျက်​မ​ထွက် တတ်။ သူ​တစ်​ပါး​၏​အ​ပြစ်​ကို​မှတ်​၍​မ​ထား တတ်။- 6မ​ကောင်း​မှု​ဒု​စ​ရိုက်​ကြောင့်​ဝမ်း​မြောက်​ဝမ်း​သာ မ​ရှိ​တတ်။ သမ္မာ​တ​ရား​ကြောင့်​ဝမ်း​မြောက်​တတ်​၏။- 7မည့်​သည့်​အ​ခါ​မျှ​လက်​အ​လျော့​မ​ပေး​တတ်။ မေတ္တာ​သည်​အ​မြဲ​ယုံ​ကြည်​တတ်​၏။ အ​မြဲ မျှော်​လင့်​တတ်​၏။ အ​မြဲ​သည်း​ခံ​တတ်​၏။

8မေတ္တာ​သည်​ထာ​ဝ​စဉ်​တည်​၏။ ဗျာ​ဒိတ်​တော် အား​ဖြင့်​ဟော​ပြော​နိုင်​သော​စွမ်း​ရည်​သည် လည်း​ကောင်း၊ ထူး​ဆန်း​သော​ဘာ​သာ​စ​ကား အ​မျိုး​မျိုး​ကို​ပြော​နိုင်​သော​အ​ခွင့်​သည် လည်း​ကောင်း၊ အ​သိ​ပ​ညာ​သည်​လည်း​ကောင်း အ​မြဲ​မ​တည်​ဘဲ​ကွယ်​ပျောက်​လိမ့်​မည်။- 9ငါ​တို့​၏​အ​သိ​ပ​ညာ​သည်​မ​စုံ​လင်။ ဗျာ​ဒိတ် တော်​အား​ဖြင့်​ဟော​ပြော​နိုင်​သော​စွမ်း​ရည် သည်​လည်း​မ​စုံ​လင်။- 10သို့​ရာ​တွင်​စုံ​လင်​သည့်​အ​ရာ​ရောက်​ရှိ​လာ​သော အ​ခါ​၌​မူ​ကား မ​စုံ​လင်​သော​အ​ရာ​ဟူ​သ​မျှ တို့​သည်​ကွယ်​ပျောက်​လိမ့်​မည်။

11ငါ​သည်​က​လေး​သူ​ငယ်​ဖြစ်​စဉ်​အ​ခါ​က၊ က​လေး​သူ​ငယ်​ကဲ့​သို့​စ​ကား​ပြော​၏။ သူ​ငယ် ကဲ့​သို့​စိတ်​တွင်​ခံ​စား​ရ​၏။ သူ​ငယ်​ကဲ့​သို့ စဉ်း​စား​ဆင်​ခြင်​၏။ ကြီး​ပြင်း​လာ​သော အ​ခါ​၌​မူ​ကား​က​လေး​သူ​ငယ်​၏​အ​လေ့ များ​ကို​ငါ​ပယ်​ရှား​၏။- 12ယ​ခု​အ​ခါ​ငါ​တို့​သည်​ကြေး​မုံ​တွင်​ပေါ်​လာ သည့်​ပုံ​သဏ္ဌာန်​ကို​မြင်​ရ​သ​ကဲ့​သို့​မ​ထင်​မ​ရှား တွေ့​မြင်​ရ​ကြ​၏။ ထို​အ​ခါ​၌​မူ​ကား​မျက်​ဝါး ထင်​ထင်​တွေ့​မြင်​ရ​လတ္တံ့။ ယ​ခု​အ​ခါ​ငါ​သည် စုံ​လင်​စွာ​မ​သိ​မ​မြင်​ရ။ ထို​အ​ခါ​၌​ကား ဘု​ရား​သ​ခင်​သည်​ငါ့​ကို​စုံ​လင်​စွာ​သိ​မြင် တော်​မူ​သ​ကဲ့​သို့​ငါ​သည်​စုံ​လင်​စွာ​သိ မြင်​ရ​လိမ့်​မည်။

13ယ​ခု​တွင်​ပါ​ရ​မီ​သုံး​ပါး​တည်း​ဟူ​သော ယုံ​ကြည်​ခြင်း၊ မျှော်​လင့်​ခြင်း၊ ချစ်​ခြင်း​တည် လျက်​ရှိ​၏။ ဤ​သုံး​ပါး​တို့​တွင်​ချစ်​ခြင်း မေတ္တာ​သည်​အ​မြတ်​ဆုံး​ဖြစ်​သ​တည်း။

Ilustração artística — interpretação, não registro histórico.

Você sabia?

O amor acima de todos os dons

  • Sem amor, diz o capítulo, falar em línguas de homens e de anjos é apenas um gongo que ressoa ou um címbalo que retine. Quem tem profecia, poder para sondar todos os mistérios e todo o conhecimento, e fé capaz de mover montanhas não é nada; quem dá aos pobres tudo o que possui, ou entrega o próprio corpo, não ganha nada.Fontes: o próprio texto bíblico
  • O amor é paciente e bondoso. Não inveja, não se gaba nem age com orgulho; não é grosseiro, não busca o próprio interesse nem se ira com facilidade, e não guarda conta das ofensas. Não se alegra com o mal, alegra-se com a verdade e tudo suporta, tudo crê, tudo espera e tudo persevera.Fontes: o próprio texto bíblico
  • O amor, diz o capítulo, jamais acaba, mas as profecias cessarão, as línguas serão contidas e o conhecimento será dispensado. O que agora se conhece e se profetiza é parcial, como o raciocínio de uma criança ou um reflexo embaçado num espelho, em vez de ver face a face. Permanecem a fé, a esperança e o amor, e o maior deles é o amor.Fontes: o próprio texto bíblico

Notas escritas com auxílio de IA a partir de fontes abertas (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, domínio público) e revisadas antes de publicar.

Créditos e licença desta tradução
Common Language Bible
Burmese: Common Language Bible Bible without Deuterocanon
Public Domain
Language: Mynmar language (Burmese)
Translation by: Bible Society of Myanmar
Burmese Common Language Bible
This translation is published by the Bible Society of Myanmar.
If you are interested in obtaining a printed copy, please contact the Bible Society of Myanmar at https://bsmyanmar.org/.
© 2005 Bible Society of Myanmar. Note: Myanmar is not a member of the Berne Convention treaty, so this copyright does not extend outside of Myanmar.
2014-03-30

Fonte: http://ebible.org/mya/ · eBible.org

Fale com a gente

Conte de onde você lê, como a Bíblia tem te ajudado ou o que podemos melhorar. Lemos todas as mensagens.