1 Crônicas 8
Common Language Bible · Toque num versículo para ver as referências cruzadas.
ဗင်္ယာမိန်၏သားမြေးများ
1ဗင်္ယာမိန်တွင်ဗေလ၊ အာရှဗေလ၊ အဟိရံ၊- 2နောဟ၊ ရာဖဟူ၍ကြီးစဉ်ငယ်လိုက်သား ငါးယောက်ရှိ၏။
3ဗေလ၏သားများမှာ အဒ္ဒါ၊ ဂေရ၊ အဘိဟုဒ်၊- အဘိရွှ၊ နေမန်၊ အာဟော၊ ဂေရာ၊ ရှေဖုဖံ၊ ဟုရံတို့ဖြစ်၏။
6ဧဟုဒ်၏သားများမှာနေမန်၊ အဟိယနှင့် ဂေရဖြစ်၏။-သူတို့သည်ဂေဗမြို့တွင်နေထိုင် သူတို့၏အိမ်ထောင်ဦးစီးများဖြစ်ကြ၏။ သို့ရာတွင်ထိုမြို့မှနှင်ထုတ်ခြင်းခံရကြ သောအခါသူတို့သည်မာနဟက်မြို့သို့ သွားရောက်နေထိုင်ကြလေသည်။ ယင်းသို့ ပြောင်းရွှေ့ရာတွင်သြဇနှင့်အဟိဟုဒ်တို့၏ အဖဖြစ်သူဂေရသည်သူတို့အား ဦးစီးခေါင်းဆောင်ပြု၏။
8ရှဟာရိမ်သည်မိမိ၏ဇနီးဟုရှိမ်နှင့် ဗာရာတို့ကိုကွာရှင်းပြီးနောက်မောဘ ပြည်တွင်နေထိုင်သောအခါ- 9ဟောဒေရှနှင့်အိမ်ထောင်ပြု၍ယောဗပ်၊ ဇိဘိ၊ မေရှ၊ မာလခံ၊- 10ယုဇ၊ ရှာခိ၊ မိရမဟူသောသားခုနစ်ယောက် ကိုရလေသည်။ သူ၏သားများအားလုံးပင် အိမ်ထောင်ဦးစီးများဖြစ်လာကြ၏။
11သူသည်ယခင်ဇနီးဟုရှိမ်နှင့်လည်းအဘိ တုပ်နှင့်ဧလပါလဟူသောသားနှစ်ယောက် ကိုရ၏။
12ဧလပါလတွင်ဧဗာ၊ မိရှဟံ၊ ရှာမက်၊ ဟူ၍ သားသုံးယောက်ရှိ၏။ သြနောမြို့၊ လောဒမြို့ နှင့်အနီးတစ်ဝိုက်ရှိကျေးရွာများကိုတည် ထောင်သူမှာရှာမက်ဖြစ်၏။
ဂါသမြို့နှင့်အာဇလုန်မြို့မှဗင်္ယာမိန် အနွယ်ဝင်များ
13ဗေရိယနှင့်ရှေမတို့သည်အာဇလုန်မြို့တွင် အခြေစိုက်နေထိုင်ကြသူတို့၏အိမ်ထောင် ဦးစီးများဖြစ်၍ ဂါသမြို့သားတို့ကိုနှင် ထုတ်ကြသူများဖြစ်၏။- 14ဗေရိယ၏သားမြေးတို့တွင်အဟိသြ၊ ရှာရှက်၊ ယေရိမုတ်၊- 15ဇေဗဒိ၊ အာရဒ်၊ အာဒါ၊ မိက္ခေလ၊ ဣရှပ၊ ယောဟတို့ပါဝင်ကြ၏။
ယေရုရှလင်မြို့မှဗင်္ယာမိန်အနွယ်ဝင်များ
17ဧလပါလ၏သားမြေးတို့တွင်ဇေဗဒိ၊ မေရှုလံ၊ ဟေဇကိ၊- 18ဟေဗာ၊ ဣရှမေရဲ၊ ယေဇလိ၊ ယောဗပ်တို့ ပါဝင်ကြ၏။
19ရှိမဟိ၏သားမြေးတို့တွင်ယာကိမ်၊ ဇိခရိ၊ ဇာဗဒိ၊- ဧလျေနဲ၊ ဇိလသဲ၊ ဧလေလ၊- အဒါ ယ၊ ဗေရာယ၊ ရှိမရတ်တို့ပါဝင်ကြ၏။
22ရှာရှက်၏သားမြေးတို့တွင်ဣရှပန်၊ ဟေဗာ၊ ဧလေလ၊- 23အာဗဒုန်၊ ဇိခရိ၊ ဟာနန်၊
24ဟာနနိ၊ ဧလံ၊ အေန္တောသိယ၊
25ဣဖဒိယ၊ ပေနွေလတို့ပါဝင်ကြ၏။
26ယေရောဟံ၏သားမြေးတို့တွင်ရှံရှရဲ၊ ရှေဟာရိ၊ အာသလိ၊- 27ယာရရှိ၊ ဧလိယ၊ ဇိခရိ၊ တို့ပါဝင်ကြ၏။
28ဤသူတို့သည်ဘိုးဘေးအစဉ်အဆက်မှ အိမ်ထောင်ဦးစီးများဖြစ်ကြ၍ သူတို့၏ သားမြေးများသည်ယေရုရှလင်မြို့တွင် နေထိုင်ကြလေသည်။
ဂိဗောင်မြို့နှင့်ယေရုရှလင်မြို့မှဗင်္ယာမိန် အနွယ်ဝင်များ
29ယေဟေလသည်ဂိဗောင်မြို့ကိုတည်ထောင်၍ ထိုမြို့တွင်အခြေစိုက်နေထိုင်လေသည်။ သူ ၏ဇနီး၏နာမည်မှာမာခါဖြစ်၏။- 30သူ၏သားဦးကားအာဗဒုန်တည်း။ အခြား သားများမှာဇုရ၊ ကိရှ၊ ဗာလ၊ နေရ၊ နာဒပ်၊- 31ဂေဒေါ်၊ အဟိသြ၊ ဇာခရိနှင့်မိကလုတ် တို့ဖြစ်၏။- 32မိကလုတ်၏သားသည်ရှိမံဖြစ်၏။ သူတို့ ၏သားမြေးများသည်မိမိတို့၏သားချင်း အခြားအိမ်ထောင်စုများအနီးယေရု ရှလင်မြို့တွင်နေထိုင်ကြလေသည်။
ရှောလုမင်းကြီး၏အိမ်ထောင်စု
33နေရ၏သားသည်ကိရှ၊ ကိရှ၏သားမှာ ရှောလုဖြစ်၏။ ရှောလုတွင်ယောနသန်၊ မေလခိရွှ၊ အဘိနာဒပ်၊ ဣရှဗာလဟူ၍ သားလေးယောက်ရှိ၏။- 34ယောနသန်၏သားသည်မေရိဗ္ဗာလဖြစ်၍ မေရိဗ္ဗာလ၏သားမှာမိက္ခာဖြစ်၏။
35မိက္ခာတွင်ပိသုန်၊ မေလက်၊ တာရာ၊ အာခတ် ဟူ၍သားလေးယောက်ရှိ၏။- 36အာခတ်၏သားသည်ယုဒ္ဒါဖြစ်၏။ ယုဒ္ဒါတွင် အာလမက်၊ အာဇမာဝက်၊ ဇိမရိဟူ၍ သားသုံးယောက်ရှိ၏။ ဇိမရိ၏သားသည် မောဇ၊- 37မောဇ၏သားမှာဗိနာ၊ ဗိနာ၏သားကား ရေဖာယဖြစ်၏။ ရေဖာယ၏သားသည် ဧလာသ၊ ဧလာသ၏သားမှာအာဇေလ ဖြစ်သတည်း။
38အာဇေလတွင်အာဇရိကံ၊ ဗောခေရု၊ ဣရှ မေလ၊ ရှရိယ၊ သြဗဒိ၊ ဟာနန်၊ ဟူ၍သား ခြောက်ယောက်ရှိ၏။- 39အာဇေလ၏ညီဧရှက်တွင်ဥလံ၊ ယေဟုတ်၊ ဧလိဖလက်ဟူ၍သားသုံးယောက်ရှိ၏။
40ဥလံ၏သားများသည်ထူးချွန်သောစစ်သူရဲ များနှင့်လေးသည်တော်များဖြစ်ကြ၏။ သူ ၏သားမြေးပေါင်းတစ်ရာ့ငါးဆယ်ရှိ၏။ အထက်တွင်ဖော်ပြပါရှိသူအပေါင်းတို့ သည်ဗင်္ယာမိန်အနွယ်ဝင်များဖြစ်သတည်း။

Você sabia?
Genealogia de Benjamim e a linhagem de Saul
- 1 Crônicas 8 apresenta uma extensa genealogia da tribo de Benjamim, culminando na linhagem ancestral e sucessiva do rei Saul e de seu filho Jônatas. O registro traça os descendentes de Jônatas ao longo de muitas gerações, incluindo Meribe-Baal, Mica e uma linhagem de arqueiros valorosos descendentes de Ulão.Fontes: o próprio texto bíblico · Jonathan · Micah
- O capítulo destaca assentamentos e feitos regionais dos clãs benjamitas, como Semede, que fundou Ono e Lode, e os chefes Berias e Sema, que expulsaram os habitantes de Gate a partir de Aijalom. Além dessas cidades, muitos líderes de famílias benjamitas são registrados como habitantes de Jerusalém.Fontes: o próprio texto bíblico · Beriah · Ono · Jerusalem
Notas escritas com auxílio de IA a partir de fontes abertas (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, domínio público) e revisadas antes de publicar.
Lugares deste capítulo
- Moab · Hoje: Moab 1 · 31.181, 35.701 · versículo 8
- Lod · 31.950, 34.900 · versículo 12
- Jerusalem · 31.777, 35.234 · versículos 28, 32
- Gibeon · Hoje: El Jib · 31.847, 35.183 · versículo 29
Só aparecem lugares com identificação de alta confiança (90% ou mais segundo as fontes acadêmicas reunidas pelo OpenBible). Mapa da época: DARE (Digital Atlas of the Roman Empire), CC BY 4.0; mapa atual: © colaboradores do OpenStreetMap; lugares: OpenBible.info (CC BY 4.0).
Créditos e licença desta tradução
Common Language Bible Burmese: Common Language Bible Bible without Deuterocanon Public Domain Language: Mynmar language (Burmese) Translation by: Bible Society of Myanmar Burmese Common Language Bible This translation is published by the Bible Society of Myanmar. If you are interested in obtaining a printed copy, please contact the Bible Society of Myanmar at https://bsmyanmar.org/. © 2005 Bible Society of Myanmar. Note: Myanmar is not a member of the Berne Convention treaty, so this copyright does not extend outside of Myanmar. 2014-03-30
Fonte: http://ebible.org/mya/ · eBible.org