Nations Bible

1 Crônicas 25

Common Language Bible · Toque num versículo para ver as referências cruzadas.

ဗိ​မာန်​တော်​ဂီ​တ​ပ​ညာ​သည်​များ

1ဒါ​ဝိဒ်​နှင့်​လေဝိ​အ​နွယ်​ဝင်​ခေါင်း​ဆောင်​တို့ သည် ကိုး​ကွယ်​ဝတ်​ပြု​ခြင်း​အ​မှု​၌​ဦး​ဆောင် ရန်​အာ​သပ်၊ ဟေ​မန်​နှင့်​ယေ​ဒု​သုန်​သား​ချင်း စု​တို့​ကို​ရွေး​ချယ်​ကြ​၏။ သူ​တို့​သည်​စောင်း သံ၊ လင်း​ကွင်း​သံ​များ​နှင့်​တွဲ​ဖက်​လျက် ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​ကို​ဟော​ပြော​ကြ ရန်​ဖြစ်​၏။ ကိုး​ကွယ်​ဝတ်​ပြု​မှု​ကို​ဦး​ဆောင်​ရန် ရွေး​ချယ်​ခြင်း​ခံ​သူ​များ​နှင့်​သူ​တို့​ထမ်း ဆောင်​ရ​မည့်​အ​လုပ်​တာ​ဝန်​များ​မှာ အောက်​ပါ​အ​တိုင်း​ဖြစ်​၏။

2အာ​သပ်​၏​သား​များ​ဖြစ်​ကြ​သော​ဇက္ကု​ရ၊ ယော​သပ်၊ နေ​သ​နိ​နှင့်​အာ​ရှ​ရေ​လ​တို့​သည်​မင်း​ကြီး​အ​မိန့် ပေး​သည့်​အ​ခါ​တိုင်း ဘု​ရား​သခင်​၏​တ​ရား​တော် ကို​ဟော​ပြော​ရ​သူ​အာ​သပ်​၏​ညွှန်​ကြား​ကွပ် ကဲ​မှု​ကို​ခံ​ယူ​ရ​ကြ​၏။

3ယေ​ဒု​သုန်​၏​သား​ခြောက်​ယောက်​ဖြစ်​ကြ​သော ဂေ​ဒ​လိ၊ ဇေ​ရိ၊ ရှိ​မိ၊ ယေ​ရှာ​ယ၊ ဟာ​ရှ​ဘိ၊ မတ္တိ သိ​တို့​သည်​မိ​မိ​တို့​၏​ဖ​ခင်​ညွှန်​ကြား​ကွပ်​ကဲ မှု​ကို​ခံ​ယူ​လျက် စောင်း​သံ​နှင့်​တွဲ​ဖက်​၍​ဘု​ရား​သ​ခင်​၏​တ​ရား​တော်​ကို​ဟော​ပြော​ခြင်း၊ ထာ​ဝ​ရ ဘု​ရား​အား​ထော​မ​နာ​ပြု​ခြင်း၊ ကျေး​ဇူး​တော် ကို​ချီး​မွမ်း​ခြင်း​အ​မှု​တို့​ကို​ပြု​ရ​ကြ​၏။

4ဟေ​မန်​၏​သား​တစ်​ဆယ့်​လေး​ယောက်​မှာ ဗုက္ကိ၊ မတ္တ​နိ၊ သြ​ဇေ​လ၊ ရှေ​ဗွေ​လ၊ ယေ​ရိ​မုတ်၊ ဟာ​န​နိ၊ ဟာ​နန်၊ ဧ​လျာ​သ၊ ဂိဒ္ဒါ​လ​တိ၊ ရော​မန္တေ​ဇာ၊ ယော​ရှ​ဗေ​က​ရှ၊ မလ္လော​သိ၊ ဟော​သိ​ရ၊ မ​ဟာ​ဇုတ်​ဟူ​၍​ဖြစ်​သ​တည်း။- 5ဘု​ရင်​၏​ပ​ရော​ဖက်​ဖြစ်​သူ​ဟေ​မန်​အား​ဘု​ရား​သ​ခင်​သည် မိ​မိ​ကတိ​တော်​ရှိ​သည့်​အ​တိုင်း​ချီး မြှင့်​ရန် သား​တစ်​ဆယ့်​လေး​ယောက်​နှင့်​သ​မီး​သုံး ယောက်​ကို​ပေး​တော်​မူ​၏။- 6သူ​တို့​အား​လုံး​ပင်​ဖ​ခင်​စီ​စဉ်​ညွှန်​ကြား​မှု​အ​ရ၊ လင်း​ကွင်း​နှင့်​စောင်း​များ​ကို​ဗိ​မာန်​တော်​ဝတ်​ပြု ကိုး​ကွယ်​မှု​နှင့်​တွဲ​ဖက်​၍​တီး​ကြ​၏။ အာ​သပ်၊ ယေ​ဒု​သုန်​နှင့်​ဟေ​မန်​တို့​သည်​ဘု​ရင်​၏ အ​မိန့်​တော်​ခံ​များ​ဖြစ်​ကြ​၏။

7ဤ​သူ​အ​ပေါင်း​တို့​နှင့်​သူ​တို့​၏​ညီ​အစ်​ကို လေ​ဝိ​အ​နွယ်​ဝင်​တို့​သည် လေ့​ကျင့်​ထား​သော ဂီ​တ​ပ​ညာ​သည်​များ​ဖြစ်​၍​အ​ထူး​ကျွမ်း ကျင်​သူ​များ​တည်း။ သူ​တို့​၏​ဦး​ရေ​မှာ​စု​စု ပေါင်း​နှစ်​ရာ​ရှစ်​ဆယ့်​ရှစ်​ယောက်​ဖြစ်​၏။

8ထို​သူ​တို့​သည်​ကြီး​သူ​ငယ်​သူ၊ ကျွမ်း​ကျင်​သူ၊ မ​ကျွမ်း​ကျင်​သူ​ဟူ​၍​ခွဲ​ခြား​ခြင်း​မ​ရှိ​ဘဲ တာ​ဝန်​ဝတ္တ​ရား​များ​ခွဲ​ခန့်​သတ်​မှတ်​ရာ​၌ မဲ​နှိုက်​၍ ယူ​ရ​ကြ​၏။

9ဤ​သူ​နှစ်​ရာ​ရှစ်​ဆယ့်​ရှစ်​ယောက်​တို့​ကို​တစ်​အုပ်​စု လျှင် တစ်​ဆယ့်​နှစ်​ယောက်​ပါ​ဝင်​သော​အုပ်​စု​နှစ်​ဆယ့် လေး​စု​ခွဲ​ထား​၏။ တစ်​အုပ်​စု​လျှင်​ခေါင်း​ဆောင်​တစ် ယောက်​စီ​ရှိ​၏။ တာ​ဝန်​အ​ရ​အောက်​ပါ​အ​တိုင်း​ခွဲ ထား​၏။ အာ​သပ်​၏​အိမ်​ထောင်​စု​မှ၊

၁။ ယော​သပ်၊

၂။ ဂေ​ဒ​လိ၊

၃။ ဇက္ကု​ရ၊

၄။ ဣ​ဇ​ရိ၊

၅။ နေ​သ​နိ၊

၆။ ဗုက္ကိ၊

၇။ ယေ​ရှ​ရေ​လ၊

၈။ ယေ​ရှာ​ယ၊

၉။ မတ္တ​နိ၊

၁၀။ ရှိ​မိ၊

၁၁။ အာ​ရေ​လ၊

၁၂။ ဟာ​ရှ​ဘိ၊

၁၃။ ရှေ​ဗွေ​လ၊

၁၄။ မတ္တိ​သိ၊

၁၅။ ယေ​ရ​မုတ်၊

၁၆။ ဟာ​န​နိ၊

၁၇။ ယော​ရှ​ဗေ​က​ရှ၊

၁၈။ ဟာ​နန်၊

၁၉။ မ​လ္လော​သိ၊

၂၀။ ဧ​လျာ​သာ၊

၂၁။ ဟော​သိ​ရ၊

၂၂။ ဂိဒ္ဒါ​လ​တိ၊

၂၃။ မ​ဟာ​ဇ​ယုတ်​နှင့်

၂၄။ ရော​မန္တေ​ဇာ၊ ဟူ​၍​ဖြစ်​သ​တည်း။

Ilustração artística — interpretação, não registro histórico.

Você sabia?

Organização dos Músicos do Templo

  • O ministério dos músicos levitas sob a liderança de Asafe, Hemã e Jedutum é descrito como profetizar com harpas, liras e címbalos. Isso reflete uma estreita associação bíblica entre a prática musical, as ações de graças e a inspiração profética no culto de Israel.Fontes: o próprio texto bíblico · Asaph (Levite) · Heman
  • Os músicos foram organizados em 24 divisões de 12 membros habilitados cada, totalizando 288 cantores e instrumentistas treinados. Suas funções e a ordem de serviço eram determinadas por sorteio, tratando jovens e idosos, mestre e discípulo, em termos de igualdade.Fontes: o próprio texto bíblico
  • Os líderes dessas famílias musicais desempenhavam importantes funções espirituais; Asafe e Hemã são identificados como videntes, e a tradição atribui diversos salmos bíblicos diretamente a eles ou a seus grupos.Fontes: o próprio texto bíblico · Asaph (Levite) · Heman · Jeduthun (Ethan)

Notas escritas com auxílio de IA a partir de fontes abertas (Theographic Bible Metadata, CC BY-SA 4.0; Easton’s Bible Dictionary, domínio público) e revisadas antes de publicar.

Créditos e licença desta tradução
Common Language Bible
Burmese: Common Language Bible Bible without Deuterocanon
Public Domain
Language: Mynmar language (Burmese)
Translation by: Bible Society of Myanmar
Burmese Common Language Bible
This translation is published by the Bible Society of Myanmar.
If you are interested in obtaining a printed copy, please contact the Bible Society of Myanmar at https://bsmyanmar.org/.
© 2005 Bible Society of Myanmar. Note: Myanmar is not a member of the Berne Convention treaty, so this copyright does not extend outside of Myanmar.
2014-03-30

Fonte: http://ebible.org/mya/ · eBible.org

Fale com a gente

Conte de onde você lê, como a Bíblia tem te ajudado ou o que podemos melhorar. Lemos todas as mensagens.